ထိုင်း နိုင်ငံမှာ အဖြစ်ဆိုးနဲ့ ကွယ်လွန်ခဲ့ရရှာတဲ့ မြန်မာ ဇနီးမောင်နှံ

Unicode

ထိုင်းနိုင်ငံ ဆူလပ်မြို့နယ် ဒူးရမ်းသီးခြံလုပ်သားဇနီးမောင်နှံတို့နှစ်ဦး ဈေးသွားဝယ်ပြီး ဆိုင်ကယ်နှင့် ပြန်လာရာတွင်ကားတိုက်ခံထိ၍ အမှုဖြစ်သောနေရာတွင် နှစ်ယောက်စလုံးသေဆုံးသွားကြောင်း သူဌေးမထံ ဖုန်းက်မးမြန်းချက်အရ သိရပါသည်

ဖြစ်စဉ်မှာ ကားမောင်းလာသူ ထိုင်းအမျိုးသမီးသည် ခင်ပွန်းဖြစ်သူနှင့် ရန်ဖြစ်ပြီး ဒေါသကြီးစွာဖြင့် ကားအရှိန်ပြင်းစွာ ညာဖက်ခြမ်း လမ်းကျော်မှားမောင်းခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ကြောင်းလည်း ပြောပြပါသည်။

သေဆုံးသူ ဇနီးမောင်နှံတို့ နှစ်ဦးသည်အလွန်ပင် စိတ်သဘောထားကောင်းကြောင်းနောက်ထပ် ဒီလိုစိတ်ထားကောင်းတဲ့သူမျိုးရှာမတွေ့နိုင်တော့ကြောင်း သူဌေးမမှ ဝမ်းနည်းစွာ ငိုကြွေးပြီးပြောပြပါသည်။

သေဆုံးသူဇနီးမောင်နှံနှစ်ဦးတို့သည် ကျနော်တို့ အလုပ်သမားအရေး စည်းရုံးရေးသွားဖူးစဉ်က ဒူးရမ်းသီးခြံအတွင်း နေအိမ်တွင် ထမင်းဟင်း ကျွေးမွေးဖူးပါသည် ဒူးရမ်းသီးလက်ဆောင် ပေးဖူးကြပါသည် နှစ်ယောက်စလုံးစိတ်ထားကောင်းပြီး အလုပ်သမားအရေးကို ကူညီဆောင်ရွက်တတ်သူလည်းဖြစ်ပါသည်။

အစစအရာရာ စိတ်ထားကောင်းလွန်းသောညီငယ်တို့ဇနီးမောင်နှံ ဖြစ်လေရာ ဘဝတိုင်းမှာ ဒီလိုအဖြစ်ဆိုးနှင့်မကြုံတွေ့ရပါစေနှင့်လို့ဆုတောင်းပေးရင်း ကောင်းရာဘုံဘဝသို့ရောက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ် ။Credit

Zawgyi

ထိုင္းနိုင္ငံ ဆူလပ္ၿမိဳ႕နယ္ ဒူးရမ္းသီးၿခံလုပ္သားဇနီးေမာင္ႏွံတို႔ႏွစ္ဦး ေဈးသြားဝယ္ၿပီး ဆိုင္ကယ္ႏွင့္ ျပန္လာရာတြင္ကားတိုက္ခံထိ၍ အမႈျဖစ္ေသာေနရာတြင္ ႏွစ္ေယာက္စလုံးေသဆုံးသြားေၾကာင္း သူေဌးမထံ ဖုန္းက္မးျမန္းခ်က္အရ သိရပါသည္

ျဖစ္စဥ္မွာ ကားေမာင္းလာသူ ထိုင္းအမ်ိဳးသမီးသည္ ခင္ပြန္းျဖစ္သူႏွင့္ ရန္ျဖစ္ၿပီး ေဒါသႀကီးစြာျဖင့္ ကားအရွိန္ျပင္းစြာ ညာဖက္ျခမ္း လမ္းေက်ာ္မွားေမာင္းျခင္းေၾကာင့္ ယာဥ္တိုက္မႈျဖစ္ေၾကာင္းလည္း ေျပာျပပါသည္။

ေသဆုံးသူ ဇနီးေမာင္ႏွံတို႔ ႏွစ္ဦးသည္အလြန္ပင္ စိတ္သေဘာထားေကာင္းေၾကာင္းေနာက္ထပ္ ဒီလိုစိတ္ထားေကာင္းတဲ့သူမ်ိဳးရွာမေတြ႕နိုင္ေတာ့ေၾကာင္း သူေဌးမမွ ဝမ္းနည္းစြာ ငိုေႂကြးၿပီးေျပာျပပါသည္။

ေသဆုံးသူဇနီးေမာင္ႏွံႏွစ္ဦးတို႔သည္ က်ေနာ္တို႔ အလုပ္သမားအေရး စည္း႐ုံးေရးသြားဖူးစဥ္က ဒူးရမ္းသီးၿခံအတြင္း ေနအိမ္တြင္ ထမင္းဟင္း ေကြၽးေမြးဖူးပါသည္ ဒူးရမ္းသီးလက္ေဆာင္ ေပးဖူးၾကပါသည္ ႏွစ္ေယာက္စလုံးစိတ္ထားေကာင္းၿပီး အလုပ္သမားအေရးကို ကူညီေဆာင္႐ြက္တတ္သူလည္းျဖစ္ပါသည္။

အစစအရာရာ စိတ္ထားေကာင္းလြန္းေသာညီငယ္တို႔ဇနီးေမာင္ႏွံ ျဖစ္ေလရာ ဘဝတိုင္းမွာ ဒီလိုအျဖစ္ဆိုးႏွင့္မႀကဳံေတြ႕ရပါေစႏွင့္လို႔ဆုေတာင္းေပးရင္း ေကာင္းရာဘုံဘဝသို႔ေရာက္နိုင္ၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သေပးပါတယ္ ။Credit