ဖမ်းဆီးခံရပြီး ၈ လအကြာမှာ အလုပ်နဲ့ ထောင် ၃ နှစ်စီချမှတ်ခံလိုက်ရတဲ့ အနုပညာရှင်များ…

Unicode

ဖမ်းဆီးခံရပြီး ၈ လအကြာမှာ အလုပ်နဲ့ ထောင် ၃ နှစ်စီချမှတ်ခံလိုက်ရတဲ့ အနုပညာရှင်များ…

ဖမ်းဆီးခံထားရစဉ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်တွေရှိခဲ့ပေမယ့် သူအပါအဝင်ဖမ်းဆီးခံထားရတဲ့ နာမည်ကြီးအနုပညာရှင်တချို့နဲ့ထင်ရှားတဲ့နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီစာရင်းမှာပါဝင်ခဲ့ခြင်းမရှိခဲ့သလို ခုရက်ပိုင်းမှာအဲဒီဖမ်းဆီး ထိန်းသိမ်းခံရသူတွေထဲကတချို့ကိုဆက်တိုက်ဆိုသလို ထောင်ဒဏ်တွေချမှတ်လာခဲ့တာပါ။

ဒီဇင်ဘာ ၃၀ ရက် ယနေ့မှာတော့ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြောကျော်ဇင်၊ လူမင်း၊ ရဲထိုက်၊ စောဖိုးခွား၊ ပိုပို နှင့် ဝင်းမင်းသန်းတို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံရကြောင်း သိရှိရပါတယ်။

ယနေ့ပြုလုပ်သည့် အင်းစိန်အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးက “အကုန်လုံးထောင်ဒဏ် သုံးနှစ်စီချည်းပါပဲ။ဝင်းမင်းသန်းကတော့ ၁၇ (၁) နဲ့တစ်မှုရှိလို့ ဒဏ်ငွေတစ်သောင်းရိုက်တယ်”ဟုပြောကြားထားပါတယ်။

အာဏာသိမ်းပြီးနောက် ဧပြီလဆန်းတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ကို အင်းစိန်ထောင်အထူးတရားရုံးကနေ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာအလုပ်နဲ့ ထောင် ၃ နှစ်စီချမှတ်လိုက်ပါတယ်။

သရုပ်ဆောင်အကယ်ဒမီ အိန္ဒြာကျော်ဇင် ပြေတီဦးတိုဇနီးမောင်နှံဟာ ဧပြီလဆန်းပိုင်းတည်းကနေအိမ်မှာဖမ်းဆီးခံခဲ့ရပြီး အဲဒီနောက် အင်းစိန်ထောင်တွင်းမှာထိန်းသိမ်းခံခဲ့ရပါတယ်။ဖမ်းဆီးခံရပြီး ၈ လအကြာမှာခုလိုထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရချိန်အတွင်းမင်းသမီးဟာဂျာမနီနိုင်ငံမှာကျင်းပတဲ့ရုပ်ရှင်ပွဲတော်မှာ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ‘What Happened to The Wolf’ ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြတဲ့တေးသံရှင်တွေဖြစ်ကြတဲ့ စောဖိုးခွါးနဲ့ ပိုပိုတို့ကိုလည်း အလားတူပြစ်ဒဏ်တွေကို ဒီနေ့တစ်ရက်တည်းမှာပဲ ချမှတ်လိုက်တာဖြစ်ပါတယ်။