သားသမီးတွေက မလိုချင်တော့တာကြောင့် လမ်းဘေးမှာ နေ့စဉ်တောင်းရမ်းစားသောက်နေခဲ့တဲ့ ၈၉ နှစ်အရွယ် အဖွားရဲ့ စိတ်မကောင်းဖွယ်ရာမြင်ကွင်း

Unicode

သားသမီးတွေက မလိုချင်တော့တာကြောင့် လမ်းဘေးမှာ နေ့စဉ်တောင်းရမ်းစားသောက်နေခဲ့တဲ့ ၈၉ နှစ်အရွယ် အဖွားရဲ့ စိတ်မကောင်းဖွယ်ရာမြင်ကွင်း

မိဘတွေက ကိုယ့်သားသမီးတွေ ပျော်ရွှင်စေဖို့အတွက်နဲ့ အကောင်းဆုံးအရာအားလုံးကို စွန့်လွှတ်အနစ်နာခံတတ်ကြတာပါ ။ နောက်ပြီး သူတို့ဘဝရဲ့ အဆုံးမှာတော့ သူတို့ဟာ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုလေးတွေကို ပြန်လည်ရယူလိုကြပါတယ် ။ ဒါပေမဲ့လည်း လူများစွာက အကြောင်းတစ်ခုခုကြောင့် သူတို့ရဲ့ မိဘတွေကို ကောင်းစွာ ဂရုမစိုက် တက်ကြပါဘူး ။

မကြာသေးမီက လူမှုကွန်ရက် ဖိုရမ်တစ်ခုမှာ လမ်ဘေးမှာထိုင်ပြီး တောင်းရမ်းစားသောက်နေတဲ့ အသက် ၈၉ နှစ်အရွယ် အဘွားအိုတစ်ဦးအကြောင်း post တစ်ခု ပေါ်လာခဲ့ပါတယ် ။ ငွေရောင်ဆံပင်နဲ့ အဘွားအိုတစ်ယောက်ရဲ့ ခြိုးခြံချွေတာတဲ့မျက်နှာနဲ့ ပုံရိပ်က လူတော်တော်များများရဲ့ စိတ်ခံစားချက်တွေကို ထိန်းမနိုင်သိမ်းမနိုင် ဖြစ်စေခဲ့ပါတယ် ။

ကျန်းမာရေး မကောင်းတာကြောင့် အဘွားကြီးရဲ့ ခြေထောက်များ လမ်းမလျှောက်နိုင်ဘူးလို့ post ပိုင်ရှင်က မျှဝေခဲ့ပါတယ် ။ ရက်ပေါင်းများစွာ သူမက အလှူပွဲ ထမင်းတောင်းပြီး ထမင်းဝအောင်စားရန်နဲ့ လမ်းဘေးတွေမှာသာ ထိုင်နေခဲ့ပါတယ် ။

အဘွားကြီးမှာ မိသားစုရှိပေမဲ့ အသက်ကြီးပြီး အလုပ်မလုပ်နိုင်တော့သဖြင့် သားသမီးများက မလိုချင်ကြတော့တာပါ ။ လမ်းသွားလမ်းလာလူတွေက အဘွားကိုသနားမိပြီး ထမင်းတွေ လာလှူကြပါတယ် ။

မကြာခင်မှာ အဘွားလေး နေစရာနေရာလေး ရလာမယ်လို့ မျှော်လင့်ပါတယ် ။ အဘွားကြီးဟာ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ လူတွေရဲ့ ပျော်ရွှင်မှုကို မကြာခင် ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
JRose (KB Chimmy One)
Reference : yan

Zawgyi






JRose (KB Chimmy One)
Reference : yan