ရေသန့်ဘူးရောင်းတဲ့ အဖွားဒေါ်ညွန့်ရီရဲ့ရှင်ပြုအလှူအတွက် အကျိုးဆောင်တွေ စုပေါင်းပြီး ပါရမီဖြည့်ပေးလိုက်တဲ့ မိုးစက်

Unicode

ရေသန့်ဘူးရောင်းတဲ့ အဖွားဒေါ်ညွန့်ရီရဲ့ရှင်ပြုအလှူအတွက် အကျိုးဆောင်တွေစုပေါင်းပြီး ပါရမီဖြည့်ပေးလိုက်တဲ့ မိုးစက်

ပရိသတ်ကြီးရေ ရေသန့်ရောင်းပြီးဝမ်းရေးခက်ခဲစွာဖြေရှင်းနေခဲ့ရတဲ့ အဖွားဒေါ်ညွန့်ရီကိုပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။

အဖွားကတော့ လူရွှင်တော်မိုးစက်ရဲ့ ကူညီမှုနဲ့အိမ်ပိုင်လေးလည်းရရှိခဲ့ပြီး အဖွားရဲ့ဆန္ဒဖြစ်တဲ့မတတ်နိုင်တဲ့ကလေးတွေကို ရှင်ပြုပေးချင်တဲ့ဆန္ဒလေးကပြည့်ဝသွားခဲ့ပြီပဲဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၂၇)ရက်နေ့ကတော့ မိုးစက်ရဲ့ အကျိုးဆောင်မှုနဲ့ အလှူရှင်တွေရဲ့ ဝိုင်းဝန်းလှူဒါန်းပေးမှုနဲ့ အဖွားဒေါ်ညွန့်ရီအလှူ့အမအနေနဲ့ ကျင်းပခဲ့တဲ့ရှင်ပြုအလှူပွဲလေးကျင်းပပြုလုပ်ခဲ့ပါတယ်။

မိုးစက်ကတော့ ဒီနေ့ ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အဖွားရဲ့ အလှူမှတ်တမ်းပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြလာခဲ့ပါတယ်။

ဖြစ်ချင်တဲ့ဆန္ဒလေးတွေပြည့်ဝခဲ့တဲ့အတွက် အဖွားရဲ့ ပီတိအပြုံးတွေကိုတော့ ပုံတွေထဲမှာ အတိုင်းသားမြင်တွေ့ရပြီး တကယ်ကိုမှ အဖွားရဲ့အပြုံးတွေက

မြင်တွေ့ရသူတွေပါ ပီတိတွေကူးစက်စေတဲ့အထိဖြစ်ခဲ့ပါတယ်။ ပရိသတ်ကြီးရေ အဖွားရဲ့ ပီတိအပြုံးတွေဝေဆာနေတဲ့ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Moe Sat
Credit – CeleZone

Zawgyi

ေရသန့္ဘူးေရာင္းတဲ့ အဖြားေဒၚၫြန့္ရီရဲ႕ရွင္ျပဳအလႉအတြက္ အက်ိဳးေဆာင္ေတြ စုေပါင္းၿပီး ပါရမီျဖည့္ေပးလိုက္တဲ့ မိုးစက္

ပရိသတ္ႀကီးေရ ေရသန႔္ေရာင္းၿပီးဝမ္းေရးခက္ ခဲစြာေျဖရွင္းေနခဲ့ရတဲ့အဖြားေဒၚၫြန႔္ရီကို ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါေနာ္။

အဖြားကေတာ့ လူ႐ႊင္ေတာ္မိုးစက္ရဲ႕ ကူညီမႈနဲ႕အိမ္ပိုင္ေလးလည္းရရွိခဲ့ၿပီး အဖြားရဲ႕ဆႏၵျဖစ္တဲ့မတတ္နိုင္တဲ့ကေလးေတြကို ရွင္ျပဳေပးခ်င္တဲ့ဆႏၵေလး ကျပည့္ဝသြားခဲ့ၿပီပဲျဖစ္ပါတယ္။

မေန႕က ဒီဇင္ဘာလ (၂၇)ရက္ေန႕ကေတာ့ မိုးစက္ရဲ႕ အက်ိဳးေဆာင္မႈနဲ႕ အလႉရွင္ေတြရဲ႕ ဝိုင္းဝန္းလႉဒါန္းေပးမႈနဲ႕ အဖြားေဒၚၫြန႔္ရီအလႉ႕အမအေနနဲ႕ က်င္းပခဲ့တဲ့ ရွင္ျပဳအလႉပြဲေလးက်င္းပျပဳလုပ္ခဲ့ပါတယ္။

မိုးစက္ကေတာ့ ဒီေန႕ ဒီဇင္ဘာလ (၂၈)ရက္ေန႕မွာ သူရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန အဖြားရဲ႕ အလႉမွတ္တမ္းပုံေလးေတြကို ျပန္လည္မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။

ျဖစ္ခ်င္တဲ့ဆႏၵေလးေတြျပည့္ဝခဲ့တဲ့အတြက္ အဖြားရဲ႕ ပီတိအၿပဳံးေတြကိုေတာ့ ပုံေတြထဲမွာ အတိုင္းသားျမင္ေတြ႕ရၿပီး တကယ္ကိုမွ အဖြားရဲ႕အၿပဳံးေတြက ျမင္ေတြ႕ရသူေတြပါ

ပီတိေတြကူးစက္ေစတဲ့အထိျဖစ္ခဲ့ပါတယ္။ ပရိသတ္ႀကီးေရ အဖြားရဲ႕ ပီတိအၿပဳံးေတြေဝဆာေနတဲ့ပုံေလးေတြကို ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Source – Moe Sat
Credit – CeleZone