အိမ်ကိုဖောက်ထွင်းသွားတဲ့အမျိုးသမီးရဲ့ ကွင်းဆက်တရားခံသားဖြစ်သူကိုပါ ထပ်မံဖမ်းဆီးမိခဲ့ကြောင်းပြောပြလာတဲ့ ဖူးပွင့်သခင်

Unicode

အိမ်ကိုဖောက်ထွင်းသွားတဲ့အမျိုးသမီးရဲ့ ကွင်းဆက်တရားခံသားဖြစ်သူကိုပါ ထပ်မံဖမ်းဆီးမိခဲ့ကြောင်းပြောပြလာတဲ့ ဖူးပွင့်သခင်

သရုပ်ဆောင် ဖူးပွင့်သခင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့နေအိမ်ဖောက်ထွင်းခံရတာနဲ့ ပတ်သက်ပြီး တော်တော်လေးစိတ်ဆင်းရဲနေရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကူညီစောင့်ရှောက်ပေးကြတဲ့ မိတ်ဆွေတွေကြောင့်

အိမ်ဖောက်ထွင်းရဲ့တရားခံကို ရက်ပိုင်းအတွင်း ဖမ်းဆီးရရှိမိခဲ့ပေမယ့် ပစ္စည်းတွေအားလုံးကိုတော့ မရရှိသေးဘူးလို့ ဆိုပါတယ်။ ဒီကနေ့မှာလည်း ဖူးပွင့်သခင်က အိမ်ကိုဖောက်ထွင်းသွားတဲ့အမျိုးသမီးရဲ့ ကွင်းဆက်တရားခံသားဖြစ်သူကိုပါ ထပ်မံဖမ်းဆီးမိခဲ့ကြောင်းပြောပြလာပါတယ်။

“ဖူး ကိုစိတ်ပူပီးမေးမြန်းနေကြသောမိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများကိုထက်မံအသိပေးစရာလေးရှိလို့ပါ။ ဖူး ကိုခြိမ်းခြောက်ဆဲဆိုပီးပစ္စည်းများခိုးယူသယ်ဆောင်ရာတွင်ပါဝင်သောမေမြတ်နိုး၏သားဖြစ်သူ ငြိမ်းချမ်းအောင်(ခေါ်)သီဟကို 24.12.2021

နေပြည်တော်ပုဗ္ဗသီရိမြို့နယ်တွင်ထက်မံဖမ်းစီးရမိခဲ့ပါတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းများကတော့အကုန်လုံးပြန်လည်မရရှိသေးပဲဆက်လက်စစ်ဆေးနေဆဲပါ။ ဝိုင်းဝန်းကူညီရှာဖွေဖမ်းစီးပေးကြသောသက်ဆိုင်ရာလူကြီးများအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်…

ပြီးတော့ ပစ္စည်းများခိုးခံခဲ့ရချိန် ငွေကြေး အခက်အခဲဖြစ်နေတဲ့အချိန်မှာ အိမ်ထိကိုယ်တိုင်လာရောက် ငွေကြေးကူညီပေးတဲ့ မကြီးခိုင်နှင်းဝေကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ဖူးပွင့်သခင်ကတော့ မိတ်ဆွေကောင်းတွေရဲ့ ကူညီစောင့်ရှောက်မှုကြောင့် အိမ်ဖောက်ထွင်းသွားတဲ့ တရားခံတွေကို ရက်ပိုင်းအတွင်းရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖူးပွင့်သခင်တို့ မိသားစု ဆုံးရှုံးသွားတဲ့ပစ္စည်းတွေကိုလည်း အမြန်ဆုံးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Phoo Pwint Tha Khin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Zawgyi

အိမ္ကိုေဖာက္ထြင္းသြားတဲ့အမ်ိဳးသမီးရဲ႕ ကြင္းဆက္တရားခံသားျဖစ္သူကိုပါ ထပ္မံဖမ္းဆီးမိခဲ့ေၾကာင္းေျပာျပလာတဲ့ ဖူးပြင့္သခင္

သ႐ုပ္ေဆာင္ ဖူးပြင့္သခင္ကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းက သူမရဲ႕ေနအိမ္ေဖာက္ထြင္းခံရတာနဲ႕ ပတ္သက္ၿပီး ေတာ္ေတာ္ေလးစိတ္ဆင္းရဲေနရခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ကူညီေစာင့္ေရွာက္ေပးၾကတဲ့ မိတ္ေဆြေတြေၾကာင့္

အိမ္ေဖာက္ထြင္းရဲ႕တရားခံကို ရက္ပိုင္းအတြင္း ဖမ္းဆီးရရွိမိခဲ့ေပမယ့္ ပစၥည္းေတြအားလုံးကိုေတာ့ မရရွိေသးဘူးလို႔ ဆိုပါတယ္။ ဒီကေန႕မွာလည္း ဖူးပြင့္သခင္က အိမ္ကိုေဖာက္ထြင္းသြားတဲ့အမ်ိဳးသမီးရဲ႕ ကြင္းဆက္တရားခံသားျဖစ္သူကိုပါ ထပ္မံဖမ္းဆီးမိခဲ့ေၾကာင္းေျပာျပလာပါတယ္။

“ဖူး ကိုစိတ္ပူပီးေမးျမန္းေနၾကေသာမိတ္ေဆြသူငယ္ခ်င္းအေပါင္းအသင္းမ်ားကိုထက္မံအသိေပးစရာေလးရွိလို႔ပါ။ ဖူး ကိုၿခိမ္းေျခာက္ဆဲဆိုပီးပစၥည္းမ်ားခိုးယူသယ္ေဆာင္ရာတြင္ပါဝင္ေသာေမျမတ္နိုး၏သားျဖစ္သူ ၿငိမ္းခ်မ္းေအာင္(ေခၚ)သီဟကို 24.12.2021

ေနျပည္ေတာ္ပုဗၺသီရိၿမိဳ႕နယ္တြင္ထက္မံဖမ္းစီးရမိခဲ့ပါတယ္။ တန္ဖိုးရွိတဲ့ပစၥည္းမ်ားကေတာ့အကုန္လုံးျပန္လည္မရရွိေသးပဲဆက္လက္စစ္ေဆးေနဆဲပါ။ ဝိုင္းဝန္းကူညီရွာေဖြဖမ္းစီးေပးၾကေသာသက္ဆိုင္ရာလူႀကီးမ်ားအားအထူးပင္ေက်းဇူးတင္ရွိပါတယ္ရွင္…

ၿပီးေတာ့ ပစၥည္းမ်ားခိုးခံခဲ့ရခ်ိန္ ေငြေၾကး အခက္အခဲျဖစ္ေနတဲ့အခ်ိန္မွာ အိမ္ထိကိုယ္တိုင္လာေရာက္ ေငြေၾကးကူညီေပးတဲ့ မႀကီးခိုင္ႏွင္းေဝကိုလဲေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။

ဖူးပြင့္သခင္ကေတာ့ မိတ္ေဆြေကာင္းေတြရဲ႕ ကူညီေစာင့္ေရွာက္မႈေၾကာင့္ အိမ္ေဖာက္ထြင္းသြားတဲ့ တရားခံေတြကို ရက္ပိုင္းအတြင္းရရွိခဲ့တာပဲျဖစ္ပါတယ္။ ဖူးပြင့္သခင္တို႔ မိသားစု ဆုံးရႈံးသြားတဲ့ပစၥည္းေတြကိုလည္း အျမန္ဆုံးရရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Source: Phoo Pwint Tha Khin ‘s fb
ေဇာ္ဂ်ီျဖင့္ဖတ္ရန္