အမှန်တကယ်ခက်ခဲပြီး နေ့စဉ်နေပူမိုးရွာမရှောင် ရေသန့်ဘူးရောင်းနေရတဲ့ အဘွားအတွက် အလှူခံ လို့ရခဲ့တဲ့ အလှူငွေ (၁၇) သိန်းကျော်ကို လှူဒါန်းပေးသွားမည့် အိမ့်ချစ်ချော

Unicode

Travel Blogger တစ်ယောက်လည်းဖြစ်သလို အဆိုတော်နေဝင်းရဲ့ ချစ်ဇနီးလည်းဖြစ်တဲ့ အိမ့်ချစ်ချောကိုတော့ ပရိသတ်ကြီးအားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။

အိမ့်ချစ်ချောက ခရီးသွားအကြောင်းအရာတွေရေးသားသူဖြစ်ပေမယ့် လက်ရှိခရီးသွားလာလို့ အဆင်မပြေသေးတဲ့အချိန်ကာလမှာ သူ့ရဲ့ခင်ပွန်းဖြစ်သူနေဝင်းနဲ့သာအချိန်ကုန်ဆုံးဖြစ်နေတာပဲဖြစ်ပါတယ်။

လူလေးချစ်စရာကောင်းသလို စိတ်ထားကောင်းတဲ့ အိမ့်ချစ်ချောက ဒီတစ်ခေါက်မှာလည်း စားဝတ်နေရေးအတွက် လမ်းဘေးမှာရေသန့်ဘူးရောင်းနေရတဲ့ အဘွားအတွက် သူမကိုယ်တိုင်မတည်အလှူငွေထည့်ပြီး အခြားအလှူရှင်တွေကိုလည်းအလှူခံခဲ့ပါတယ်။

နှစ်ရက်အတွင်းအလှူခံတာမှာ အဘွားအတွက် အလှူငွေ (၁၇)သိန်းကျော်ရရှိခဲ့ကြောင်းကို “ရေသန့်ရောင်းတဲ့အဖွားအတွက်အလှူငွေပေါင်းကြည့်နေတာပျော်လိုက်တာ လှူပေးကြတဲ့ တစ်ယောက်ချင်းစီ တကယ်ချစ်တယ်

အလှူငွေကများတော့ ဘယ်လိုလေးလှူရင်ကောင်းမလဲ ကူစဉ်းစားပေးကြပါဦး.ငွေသားကွီးပဲ အကုန်ပေးဖို့ကတော့ အဖွားကိုစိတ်ပူလို့”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

အိမ့်ချစ်ချောကတော့ အမှန်တကယ်ခက်ခဲပြီး နေ့စဉ်နေပူမိုးရွာမရှောင် ရေသန့်ဘူးရောင်းနေရတဲ့ အဘွားအတွက် အလှူငွေ (၁၇)သိန်းကျော်ကို လှူဒါန်းပေးသွားမှာ ဝမ်းသာစရာပါပဲနော်။
Source: Eainy Chit Chaw’s fb

Zawgyi





