အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ ချစ်တဲ့ပရိတ်သတ်တွေ သူ့ကိုသတိထားမိဆုံးကာရိုက်တာတစ်ခုအကြောင်းကိုပြောပြလာတဲ့ ဦးပေါ်လေး

Unicode

ချစ်ပရိတ်သတ်ကြီးရေဟာသသရုပ်ဆောင်ဦးပေါ်လေးကိုမှတ်မိကြသေးလားနော်။အရင်ခေတ်ဗီဒီယိုတွေမပေါ်ခင်ကအငြိမ့်ကဇာတ်ရုံတွေခေတ်စားခဲ့ပါတယ်။

အငြိမ့်သဘင်ပွဲတွေမှာဆိုလူရွှင်တော်တွေဆိုတာကမရှိမဖြစ်ပါပဲနော် ဦးပေါ်လေးကတော့ပရိတ်သတ်တွေချစ်ရတဲ့လူရွှင်တော်တွေထဲကတစ်ဦးပါပဲနော်။ အငြိမ့်သဘင်တွေကနေတစ်ဆင့်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်လာတဲ့ဦးပေါ်လေးကတော့သူရဲ့သရုပ်ဆောင်အတွေ့အကြုံတွေကိုမျှဝေလာခဲ့ပါတယ်။

ငယ်ရွယ်တုန်းကဦးပေါ်လေးကသောက်စားတတ်တဲ့သူပါတဲ့နော်။သူကသောက်စားပြီးရင်ပြောသမျှမှတ်သမျှအကုန်မေ့နေလို့ရိုက်ကွင်းမှာအခက်တွေ့ခဲ့ရပါတယ်တဲ့၊သူကရိုက်ကွင်းပြီးမှအနည်းငယ်သောက်တတ်လေ့ရှိပါတယ်နော်။

သူ့ရဲ့ကြုံတွေ့ခဲ့အရာလေးတွေကိုပျော်ရွှင်စွာပြောပြလာခဲ့ပါတယ်။နောက်တစ်ခုကတော့ဦးပေါ်လေးကကာရိုက်တာအမျိုးမျိုးသရုပ်ဆောင်ခဲ့ပေမယ့်ဦးပေါ်လေးလို့ထင်မိစေတာကတော့ဘုန်းကြီးကာရိုက်တာပါပဲတဲ့

၊နောက် ပိုင်းဘုန်းကြီးကာရိုက်တာပဲသရုပ်ဆောင်ရလွန်းလို့ပိုသူ့ကိုရင်းနှီးတဲ့သူကတောင်ဦးပေါ်လေးအဲကာရိုက်တာပဲရိုက်နေရင်ကိုယ့်အမြဲရိုက်နေရမယ့်ကာရိုက်ဖြစ်သွားဦးမယ်ဆိုပြီးတောင်ပြောလာခဲ့ပါတယ်။

ဦးပေါ်လေးကတော့ပရိတ်သတ်တွေကလက်ခံပေးတယ်အားပေးမယ်ဆိုရင်သူကျေနပ်ပါတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။ခုဦးပေါ်လေးကအသက်အရွယ်လဲအတော်လေးရလာပါပြီ၊ပရိတ်သတ်တွေကရောအားပေးနေမယ်မလား။
crd

Zawgyi






crd