သူ့မွေးနေ့ရောက်တိုင်း အင်တာလာဗျူးတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ ဒီနှစ်သူ့မွေးနေ့မှာ ရောက်မလာနိုင်တော့တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဘုန်းမင်းနေလ
Unicode
သူ့မွေးနေ့ရောက်တိုင်း အင်တာလာဗျူးတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ ဒီနှစ်သူ့မွေးနေ့မှာ ရောက်မလာနိုင်တော့တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဘုန်းမင်းနေလ
ဘုန်းမင်းနေလ ကတော့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးကြီး ခင်ဇာခြည် ကျော်ရဲ့သားတစ်ယောက်ဖြစ်ပြီး စမတ်ကျတဲ့ ရုပ်ရည် ကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားသူပါ။
၂၀၁၈ ခုနှစ်တုန်းက အကယ်ဒမီဆု ပေးပွဲ မှာတော့ ဘုန်းမင်းနေလက ရွှေကြို အဖြစ် ပါဝင် ပေးခဲ့ပါတယ် ။
ရွှေကြို ပါဝင်ပြီးနောက်ပိုင်းမှာတေ့ာ TV ကြော်ငြာရိုက်ကူးရေးတွေ၊ ဇာတ်ကားရိုက်ကူးမှုတွေ ကို တစိုက်မတ်မတ် ဆောင်ရွက်လာရသူလည်း ဖြစ်ပါတယ်။
ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်ပေမယ့် နိုင်ငံရဲ့အရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ သရုပ်ဆောင် ဘုန်းမင်းနေလ ကတော့ ပရိသတ် ပြည်သူတွေရဲ့ အချစ်ကို ရရှိထားသူပါ။
ဘုန်းမင်းနေလက ဖေဖော်ဝါရီလအစကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
သူရဲ့ လူမှုကွန်ယက်ထက်မှာ လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေနဲ့ ပုံတွေကို တင်ပေးလေ့ရှိတာပါ။
ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒအမှန်ကို ထုတ်ဖော်နေတဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ဘုန်းမင်းနေလက တစ်တပ်တစ်အားအနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။
ဘုန်းမင်းနေလက ဒီဇင်ဘာလ (၅)ရက်နေ့ မနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲမှာသတင်းယူရင်း ကားနဲ့တိုက်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ထဲမှာ
အစ်မရင်းတစ်ယောက်လို ချစ်ခင်ရင်းနှီးရတဲ့သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအတွက် စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်
ဘုန်းမင်းနေလက ” Interviewer ထဲမှာ အရမ်းသဘောကောင်းတဲ့ငါအမ စိတ်မကောင်းလိုက်တာအခုတော့ဆုတောင်ပေးရုံကလွဲလို့ဘာမှမတတ်နိုင်ဘူး
အရင်နှစ်မွေးနေ့တွေဆို interview မယ်ဆိုပြီးထိပ်ဆုံးကအိမ်ကိုပြေးလာတဲ့ငါ့အမ မနက်ဖြန်ဆိုသားမွေးနေ့ရောက်ပြီ
ဒီနှစ်မွေးနေ့ကြီးကရင်ကွဲစရာကြီးပါလားဗျာ My prayers are with you ma Gracy ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။
MPA ရဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို အမှတ် (၂) စစ်ဆေးရုံ၌ ဆေးကုသမှုခံယူခွင့်ပြုထားပေမယ့်လည်း လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
ခရက်ဒစ်
Zawgyi
ပါဝင်ပြီးနောက်ပိုင်းမှာတော့ TV ကြော်ငြာရိုက်ကူးရေးတွေ၊ ဇာတ်ကားရိုက်ကူးမှုတွေ ကို တစိုက်မတ်မတ် ဆောင်ရွက်လာရသူလည်း ဖြစ်ပါတယ်။
ခရက်ဒစ်