၈နှစ်တာအိမ်ငှားဘ၀ကနေ အိုးအိမ်ပိုင်ဆိုင်ရမည့်နည်းလမ်းကို ပြောပြလာတဲ့ Tiktok ဆယ်လီမယ်အိ

Unicode

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့Tiktokဆယ်လီမယ်အိက၈နှစ်တာအိမ်ငှားဘ၀ကနေအိုးအိမ်ပိုင်ဆိုင်ရမည့်နည်းလမ်းကိုအခုလိုပြောပြလာခဲ့ပါတယ်နော်။

Tiktokဆယ်လီမယ်အိကအိမ်ငှားဘဝကကျွတ်ချင်ရင်၊အိမ်ငှားဘဝနဲ့၈နှစ်လောက်နေခဲ့ဖူးတယ်၊ တနှစ်တနှစ်ကုန်မှာကိုကြောက်နေရတာ၊ စားဖို့အတွက်မပူနိုင်ဘူး၊အိမ်ငှားခမပြည့်မှာပူနေရတယ်၊ တနေ့တနေ့ ဖယ်ထားလိုက်ရတဲ့အိမ်ငှားခ။

တနှစ်လာလည်းအိမ်ငှားခပေးရ၊ ၂နှစ်လာလည်း အိမ်ငှားခပေးရနဲ့၊ ဒီလိုတော့မဖြစ်ချေဘူးဆိုပီးကိုယ်အလုပ်လုပ်ရတဲ့ထဲကနေတနေ့ ဘယ်လောက်ဆိုပီးဖဲ့ဖဲ့စုတာ၊ငွေတော့နဲနဲကြပ်တာပေါ့လေ၊ ကြပ်လည်းဒီလိုဘဲကျိတ်မှိတ်သီးခံပီးတနေ့နဲနဲချင်းစီစုစုလာလိုက်တာ။

အစကတော့ဒီလိုဘဲ၊ စုလိုက်ငှားခလေးပေးလိုက်နဲ့ဒစ်လည်နေတာပေါ့ဗျာ၊ ကျနော်တို့ဇွဲမလျှော့ပါဘူး၊ တနေ့တလန်ပုဂံဘယ်ရွေ့မလဲဆိုတဲ့စိတ်နဲ့မဟာဇနကထုံးနှလုံးမူပီးဘုရင့်နောင်ဖေါင်ဖျက်ပဲဟရယ်လို့ကြိုးစားလာလိုက်တာ။

၈နှစ်ကျော်လည်းကြာရောအိမ်ငှားဘဝကဝုန်းဆိုလွတ်သွားတာဘဲ၊အမေရေအကြွေးတေလည်းတင်နေဘီ၊ ပက်ဆံလည်းဆက်မရှာတတ်တော့ဘူး၊ နေစရာအိမ်လည်းမရှိဘူး၊အိမ်ဆောက်ပေးတော့လို့တခွန်းဘဲပြောရတယ်အိမ်ငှားဘဝကလွတ်ပါရောလား။

စဉ်းစားလေ၊ဘာအရင်းအနှီးမှမရှိဘဲမြို့ကြီးပြကြီး အိမ်ပိုင်ရအောင်စုဖို့ဆောင်းဖို့ကလွယ်မယ်ထင်နေလားဝွန်းဆိုပြီးရေးသားဖော်ပြထားပါတယ်စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Credit

Zawgyi






Credit