တစ်ကမ္ဘာလုံးသိတဲ့ ယုတ်မာမှုမှာ ကားဘရိတ်ပေါက်တာပါလို့ ဗြောင်ငြင်းကြတဲ့လူတွေကို ဒဲ့ပြောလိုက်တဲ့ ဘုန်းဆက်သွင်

Unicode

သရုပ်ဆောင် ဘုန်းဆက်သွင်ကတော့ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများအောင်မြင်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ပြည်သူသိအနုပညာရှင်တစ်ယောက်ပီပီ ဓမ္မနဲ့အဓမ္မဘက်ယှဉ်လာချိန်မှာလည်း ပြည်သူတွေရှိရာ ဓမ္မဘက်ရဲရဲဝံ့ဝံ့ရပ်တည်ပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ဘုန်းဆက်သွင်က မနေ့က ဒီဇင်ဘာလ (၅) ရက်နေ့က ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းမှာဖြစ်ပွားခဲ့တဲ့ စကစရဲ့ ယုတ်မာမှုနဲ့ ပက်သတ်ပြီး အခုလိုပဲပြောလာပါတယ်။

“ကားဘရိတ် ပေါက်တာပါ လို့ ရည်ရွယ်ချက်ရှိရှိရော သရော်ပီးရောတင်နေကျတဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့ မအေ ိုး တွေ မင်းတို့ဘဝ တစ်လျောက် ဘရိတ်ပေါက်ပေါက် မပေါက်ပေါက် ကားတိုက်ခံရပီးဝဠ်မလည်ကြပါစေနဲ့။

ငါတို့သူရဲကောင်းတွေ ကို တိုက်သတ်သွားတဲ့ ခွေးမအေ ိုး လဲ ဘဝမကူးဘဲ ဒီဘဝမှာဘဲ ဝဠ်လည်ပါစေ။ ယနေ့အချိန်ထိ နိုင်ငံတစ်ဝှမ်း က

သပိတ်ကြောင်းထွက်နေသောရဲဘော် များကို လဲလေးစားပါတယ်အန္တရာယ်ကင်းကြပါစေ ခင်ဗျာ “ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။

ဘုန်းဆက်သွင်ကတော့ တစ်ကမ္ဘာလုံးသိတဲ့ စကစရဲ့ယုတ်မာမှုမှာတောင် ဘရိတ်ပေါက်တယ်ဆိုပြီး စကစဘက်ကနေ ငြင်းဆိုနေတဲ့ စစ်တပ်ေ-ာမတွေကို ဝဋ်မလည်ပါစေနဲ့လို့ဒဲ့ပြောလာတာပဲဖြစ်ပါတယ်။

Zawgyi






