အမြစ်ဖြတ်တော်လှန်ချေမှုန်းတော့မယ်လို့ ကြည့်မြင်တိုင် ကျဆုံးလူငယ်တွေအတွက် ၀မ်းနည်းစွာ ကြွေးကြော်လာတဲ့ မင်းမော်ကွန်း

Unicode

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန် လူထုသပိတ်စစ်ကြောင်းကို ဒီဇင်ဘာ ၅ ရက် ဒီမနက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့ဝင်တိုက် သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးထိခိုက်သူတွေ ရှိခဲ့ပါတယ်

စုစုပေါင်း လူ ၁၅ ယောက်ခန့်ပါဝင်တဲ့ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို အနောက်ကနေ စစ်သုံး double-cap ကားတစ်စီးက အရှိန်ပြင်းနဲ့ ဝင်တိုက်ခိုက်ခဲ့လို့ လွှင့်ထွက်သွားသူ၊ ကားနဲ့ချိတ်ပါသွားသူတွေ ရှိခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်

ဒီသပိတ်မှာ ပါဝင်သူတချို့ ထိခိုက်၊ သေဆုံးမှုတွေရှိနိုင်သလို သပိတ်မှောက်တဲ့အထိ ပါဝင်သူတချို့နဲ့ သတင်းထောက်တချို့လည်း အဖမ်းခံရနိုင်တယ်လို့ သပိတ်မှာ ပါဝင်ခဲ့သူတွေက ဆိုပါတယ်။

အဲဒီသပိတ်မှောက်နေတာကို သတင်းယူနေတဲ့သူတစ်ဦးကလည်း သူထွက်ပြေး လွတ်မြောက်လာရတဲ့ အခြေအနေကို ပြောပြပါတယ်။

လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ကျန်နေတဲ့ဆန္ဒပြလူငယ်တွေကို လိုက်လံရှာဖွေဖမ်းဆီးနေပြီး ဒီကနေ့မနက်ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဆိုပါကိစ္စနဲ့ ပက်သတ်ပြီး ပြည်သူနဲ့အတူ တစါသားထဲ ရပ်တည်နေတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းမော်ကွန်းမှ စိတ်ထိခိုက်ခံစားကာ သူ့ရဲ့အမြင်က်ုမျှဝေလာပါတယါ။

ရန်ကုန်ကျဆုံး​လေး​ယောက်အတွက်
အားလုံးပူ​ဆွေး​သောက​ရောက်ရသလို
မင်း​အောင်လှိုင်​ခွေးသားနဲ့တကွ

မင်းရဲ့​စောက်မျိုးယုတ်အားလုံး
အမြစ်ပါမကျန်​စေရဘူး” ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ရေးသားထားတာပဲ ဖြစ်ပါတယ်။
Credit

Zawgyi

ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းမွာ စစ္အာဏာရွင္ဆန႔္က်င္ေရး ရန္ကုန္ လူထုသပိတ္စစ္ေၾကာင္းကို ဒီဇင္ဘာ ၅ ရက္ ဒီမနက္မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ကားနဲ႕ဝင္တိုက္ ေသနတ္နဲ႕ပစ္ခတ္ခဲ့လို႔ ေသဆုံးထိခိုက္သူေတြ ရွိခဲ့ပါတယ္

စုစုေပါင္း လူ ၁၅ ေယာက္ခန႔္ပါဝင္တဲ့ ရန္ကုန္လူထုသပိတ္စစ္ေၾကာင္းကို အေနာက္ကေန စစ္သုံး double-cap ကားတစ္စီးက အရွိန္ျပင္းနဲ႕ ဝင္တိုက္ခိုက္ခဲ့လို႔ လႊင့္ထြက္သြားသူ၊ ကားနဲ႕ခ်ိတ္ပါသြားသူေတြ ရွိခဲ့တယ္လို႔ မ်က္ျမင္ေတြ႕ခဲ့သူ တစ္ဦးက ေျပာပါတယ္

ဒီသပိတ္မွာ ပါဝင္သူတခ်ိဳ႕ ထိခိုက္၊ ေသဆုံးမႈေတြရွိနိုင္သလို သပိတ္ေမွာက္တဲ့အထိ ပါဝင္သူတခ်ိဳ႕နဲ႕ သတင္းေထာက္တခ်ိဳ႕လည္း အဖမ္းခံရနိုင္တယ္လို႔ သပိတ္မွာ ပါဝင္ခဲ့သူေတြက ဆိုပါတယ္။

အဲဒီသပိတ္ေမွာက္ေနတာကို သတင္းယူေနတဲ့သူတစ္ဦးကလည္း သူထြက္ေျပး လြတ္ေျမာက္လာရတဲ့ အေျခအေနကို ေျပာျပပါတယ္။

လက္တေလာမွာေတာ့ စစ္တပ္နဲ႕ရဲေတြဟာ က်န္ေနတဲ့ဆႏၵျပလူငယ္ေတြကို လိုက္လံရွာေဖြဖမ္းဆီးေနၿပီး ဒီကေန႕မနက္ျဖစ္စဥ္ေၾကာင့္ ဒဏ္ရာရရွိသူေတြလည္းရွိခဲ့တယ္လို႔ ၿမိဳ႕ခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အဆိုပါကိစၥနဲ႕ ပက္သတ္ၿပီး ျပည္သူနဲ႕အတူ တစါသားထဲ ရပ္တည္ေနတဲ့ မင္းသားတစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းမွ စိတ္ထိခိုက္ခံစားကာ သူ႕ရဲ႕အျမင္က္ုမွ်ေဝလာပါတယါ။

ရန္ကုန္က်ဆဳံး​ေလး​ေယာက္အတြက္
အားလုံးပူ​ေဆြး​ေသာက​ေရာက္ရသလို
မင္း​ေအာင္လွိုင္​ေခြးသားနဲ႕တကြ

မင္းရဲ႕​ေစာက္မ်ိဳးယုတ္အားလုံး
အျမစ္ပါမက်န္​ေစရဘူး” ဆိုၿပီး သူရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚကေန ေရးသားထားတာပဲ ျဖစ္ပါတယ္။
Credit