သိန်းတစ်သောင်းခွဲထီပေါက်ထားရဲ့သားနဲ့ မရှိချင်ယောင်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပြန်လည်ချေပလာတဲ့ ဟေမာမန်းဝင်း

Unicode

သိန်းတစ်သောင်းခွဲထီပေါက်ထားရဲ့သားနဲ့ မရှိချင်ယောင်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပြန်လည်ချေပလာတဲ့ ဟေမာမန်းဝင်း

လူရွှင်တော်ကြီးဦးမန်းဝင်းရဲ့ သမီးဖြစ်သူ ဟေမာမန်းဝင်းကတော့ ဖခင်ဖြစ်သူလိုပဲ ဟာသအနုပညာကိုဝါသနာပါသူဖြစ်ပြီး ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ကျော်ကြားသူဖြစ်ပါတယ်။

ဟေမာမန်းဝင်းဟာ လက်ရှိအနုပညာအလုပ်တွေရပ်နားထားချိန်မှာတော့ တစ်နိုင်တစ်ပိုင် Online Shop လုပ်ငန်းအပြင် အအေးဆိုင်လေးဖွင့်လှစ်ရောင်းချရင်း သမာအာဇီဝကျကျ အိမ်စားရိတ်ရှာဖွေနေတာပဲဖြစ်ပါတယ်။

လူသိများတဲ့အနုပညာရှင်တစ်ယောက်ပီပီ ချီးကျူးခံရတာရှိသလို၊ ကဲ့ရဲ့စွပ်စွဲခြင်းတွေကိုလည်းခံရတဲ့ ဟေမာမန်းဝင်းက ဒီကနေ့မှာလည်း သိန်းတစ်သောင်းခွဲထီပေါက်ထားတာတောင်

မရှိချင်ယောင်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို “ဟားရီရတယ်ဟေ့ ဟေမာကို သိန်းတစ်သောင်းခွဲထီပေါက်ဖူးတယ်ဆိုပါလား။ မတရားတွေဘောစိဖြစ်ခိုင်းနေပါလား မဟုတ်တာတွေမမန့်ကြပါနဲ့” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ဟေမာမန်းဝင်းကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ထမင်းကိုယ်ရှာဖွေစားသောက်နေတာတောင် မသေချာမရေရာတဲ့စွပ်စွဲချက်တွေနဲ့ မတရားသဖြင့်အစွပ်စွဲခံရတာကို ဖြေရှင်းလာတာပဲဖြစ်ပါတယ်။
Source: Hay Mar Mann Win ‘s fb

Zawgyi





