၅၀၀ ကျပ်တန်ထမင်းဆိုင်များအသီးသီးထွက်ပေါ်ပြီးနောက် လှည်းကူးမြို့တွင် ပထမဆုံး ၆၀၀ ကျပ်တန် ဇလုံထမင်းဆိုင်ပေါ်လာ
Unicode
၅၀၀ ကျပ်တန်ထမင်းဆိုင်များအသီးသီးထွက်ပေါ်ပြီးနောက် လှည်းကူးမြို့တွင် ပထမဆုံး ၆၀၀ ကျပ်တန် ဇလုံထမင်းဆိုင်ပေါ်လာ
လတ်တလောမှာ ရန်ကုန်မြို့တွင်း ၅၀၀ ကျပ်တန်ထမင်းဆိုင်များအသီးသီးထွက်ပေါ်လာခဲ့သလို ယခုအခါ လှည်းကူးမြို့မှာ ပထမဆုံးအနေနဲ့ ၆၀၀ ကျပ်တန် ဇလုံထမင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားတာတွေ့ရပါတယ်။ လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက်
ပြည်တော်သာ ၁၀လမ်းမှာ ၆၀၀ ကျပ်သာ ကျသင့်တဲ့ ဇလုံထမင်းဆိုင်တစ်ဆိုင်ဖွင့်လှစ်ထားပါတယ်။ လှည်းကူးမြို့နယ်အတွင်းမှာ လူတန်းစားအားလုံးအတွက် ကုသိုလ်လဲရ ဝမ်းလဲဝဆိုသလို စျေးတန်တန်ဖြင့် ရောင်းချနေပေးချင်တဲ့ ရည်ရွယ်ချက်ဖြင့်ရောင်းချပေးနေကြောင်းလည်း
သိရပါတယ်။ ပြောပြချက်အရ “သူငယ်ချင်း ၂ယောက် စုဖွင့်ထားတဲ့ဇလုံထမင်းဆိုင်လေးပါရှင့်။ လူငယ်ပီပီ အလှူမလုပ်တတ်တော့ ၂ယောက်တိုင်ပင်ပြီးမည်သူမဆို စားသုံးနိုင်တဲ့ထမင်းဆိုင်လေးဖွင့်ဖြစ်သွားတာပါ”လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့က အလှူရှင်မိသားစုများ၏ အလှူကြောင့် တစ်နေကုန်စာ အခမဲ့ဖြင့်
မည်သူမဆိုလာရောက်သုံးဆောင်နိုင်ကြောင်းလည်း ကြေညာထားတာကိုတွေ့ရပါတယ်။ ခက်ခဲနေချိန် လူတန်းစားမရွေးစားသုံးနိုင်တဲ့ ထမင်းဆိုင်တွေနေရာတော်တော်များများထွက်ပေါ်လာခြင်းက အခြေခံလူတန်းစားတွေအတွက် တနေ့တာဝမ်းရေးအတွက် အခက်အခဲမရှိ စားသုံးနိုင်ကြပြီဖြစ်ပါတယ်။
crd-
Zawgyi
crd-