နွမ်းပါးတဲ့ အိမ်ထောင်စု (၁၀၀)အတွက် တတ်နိုင်သလောက်လှူဒါန်းပေးဖြစ်တယ်လို့ ဆိုလာတဲ့ သရုပ်ဆောင် ချောရတနာ..

Unicode

ချောရတနာကတော့ အနုပညာလောကမှာ အခုချိန်ထိ အောင်မြင်မှုများစွာရရှိခဲ့သူ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ထွန်းကားခဲ့တဲ့ ချောရတနာက သားနဲ့သမီးကိုပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အခုချိန်အထိ မင်းသမီးချောရတနာကိုချစ်ခင်အားပေးနေကြတာလည်းဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်ထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ မိသားစုဘဝလေးကို အားကျနေကြတာလည်း ဖြစ်ပါတယ်။

ချောရတနာကတော့ သရုပ်ဆောင်တော်သလို စကားပြောလိုက်တိုင်းမှာလည်း အရမ်းချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ် ။

အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက် ပြုလုပ်လေ့ရှိရာ အခုလည်း အိမ်ထောင်စု (၁၀၀) စာကို အတိုင်းမသိ ပြုံးပျော် ပီတိဖြစ်စေခဲ့တဲ့ အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ် ။

အလှူပုံတွေနဲ့အတူ “ အိမ်ထောင်စု ၁၀၀ စာ အတွက် တက်နိုင်သလောက်လှူဖြစ်ခဲ့တာလေး ရအလှူအတွက်စေတနာထားစီစဉ်ပေးတဲ့မောင်လေးဝေလု နှင့်အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အ တွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
crd – Yaungchi
Photo – Chaw Yadanar

Zawgyi





crd – Yaungchi
Photo – Chaw Yadanar