အသက် (၄၃) နှစ် ပြည့်သွားပြီဖြစ်တဲ့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင် ပြေတီဦးရဲ့ မွေးနေ့ ..
Unicode
ထိမိပီပြင်တဲ့ သရုပ်ဆောင်ချက်များနှင့် အပြုံးချိုချိုတွေကြောင့် ပရိတ်သတ်ရင်ထဲနေရာယူထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူဟာ မြန်မာစာလုံးပေါင်းနှင့်ပတ်သက်၍ ပညာပေးရိုက်ကူးထားတဲ့ မြန်မာစာမြန်မာစကား ရုပ်သံအစီအစဉ် မှာ
သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာလုပ်ငန်းများကို စတင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိမြန်မာ့အရေးတွင် ပြည်သူနှင့်
တသားတည်း အမှန်တရားဘက်မှ ပါဝင်တော်လှန်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုအချို့ကြောင့် စစ်.ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။
တသားတည်း အမှန်တရားဘက်မှ ပါဝင်တော်လှန်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုအချို့ကြောင့် စစ်.ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။
သူဟာ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုကြီးကိုလည်း (၄)ကြိမ်တိတိ စွတ်ခူးရရှိထားတဲ့တကယ်ကိုထူးချွန်လွန်းတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။သူဟာအနုပညာလောကမှာတင် အောင်မြင်မှုများရရှိထားတာမဟုတ်ပဲ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။
အများကချစ်ခင်ကြရတဲ့ မင်းသမီးအိန္ဒြာကျော်ဇင် နှင့် လက်ထပ်ထားတာဖြစ်ပြီးလက်ရှိမှာ သားတစ်ယောက်နှင့် သမီးတစ်ယောက်မွေးဖွားထားတာပဲဖြစ်ပါတယ်။
ပြေတီဦးကို (၃၀.၁၁.၁၉၇၈) မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒီကနေ့ဟာတော့ သူ့ရဲ့ (၄၃)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ပရိတ်သတ်တွေအနေနဲ့လည်း ပြေတီဦးတို့ဇနီးမောင်နှံကို အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့မျှော်လင့်နေ ကြတာပဲဖြစ်ပါတယ်။
ကိုပြေတီဦး တစ်ယောက် မွေးနေ့မှစနောင်နှစ်ပေါင်းများစွာ မိသားစုနဲ့ခွဲခွာရတဲ့ အဖြစ်မှကင်းဝေးပြီး ဘေးရန်ကင်းရှင်းပါစေ။စောင့်မျှော်နေကြတဲ့ပရိတ်သတ်တွေအားလုံးရှေ့အမြန်ဆုံးပြန်လာနိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။
Zawgyi