သူရဲ့မွေးနေ့လေးမှာ ပုံမှန်ပေးနေကြလက်ဆောင်မျိုးမဟုတ်ပဲ ထူးခြားတဲ့လက်ဆောင်လေးကို ပရိတ်သတ်တွေဆီမှ ရရှိခဲ့လို့ပျော်ရွှင်နေတဲ့ အောင်မင်းခန့်

Unicode

သူရဲ့မွေးနေ့လေးမှာ ပုံမှန်ပေးနေကြလက်ဆောင်မျိုးမဟုတ်ပဲ ထူးခြားတဲ့လက်ဆောင်လေးကို ပရိတ်သတ်တွေဆီမှ ရရှိခဲ့လို့ပျော်ရွှင်နေတဲ့ အောင်မင်းခန့်

ပရိသတ်ကြီးရေ ဒီနေ့ နိုဝင်ဘာလ (၂၅)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော အောင်မင်းခန့်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် မင်းသားချော အောင်မင်းခန့်ကတော့ ဒီနေ့မှာ အသက် (၃၁)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

အောင်မင်းခန့်ကရဲ့ ပရိသတ်တွေကတော့ ဒီနေ့မှာကျရောက်တဲ့ အောင်မင်းခန့်ရဲ့ မွေးနေ့အတွက်ကို အသုံးဆောင် ပစ္စည်းတွေလက်ဆောင်ပေးတာမျိုးမဟုတ်ဘဲ ကုသိုလ်တွေအများကြီးရရှိတဲ့ မွေးနေ့အလှူလေးကိုပြုလုပ်ပြီး လက်ဆောင်အနေနဲ့ ပေးခဲ့ကြပါတယ်။

အောင်မင်းခန့်ရဲ့ အမာခံပရိသတ်တွေက Better Future လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှာ လိုအပ်တဲ့ လူမှုကူညီရေးတွေလုပ်ဆောင်ရာမှာအသုံးပြုနိုင်ဖို့အတွက် အောင်မင်းခန့်ရဲ့ မွေးနေ့အလှူအနေနဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အောင်မင်းခန့်တော့ သူ့ပရိသတ်တွေပေးတဲ့ မွန်မြတ်လှတဲ့ မွေးနေ့လက်ဆောင် အလှူလေးကြောင့် ပီတိဖြစ်နေခဲ့ပြီး သူ့ရဲ့My Story လေးကနေ ပရိသတ်တွေရဲ့အလှူလေးကို မျှဝေထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ အောင်မင်းခန့်ရဲ့မွေးနေ့အတွက် သူ့ရဲ့ ပရိသတ်တွေပေးတဲ့မွေးနေ့ လက်ဆောင်လေးကတော့ တကယ်ကို အကျိုးရှိပြီး ကုသိုလ်တွေရတဲ့ မွေးနေ့လက်ဆောင်လေးပါပဲနော်။

Source – Aung Min Khant
Credit ; CeleZone

Zawgyi







Source – Aung Min Khant
Credit ; CeleZone