Boycott လုပ်မယ်ဆိုတဲ့ပရိတ်သတ်တွေကို ဒဲ့စိန်ခေါ်လိုက်တဲ့ အောင်ရဲလင်း

Unicode

Boycott လုပ်မယ်ဆိုတဲ့ပရိတ်သတ်တွေကို ဒဲ့စိန်ခေါ်လိုက်တဲ့ အောင်ရဲလင်း

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အောင်ရဲလင်းကတော့ နာမည်ကြီးမင်းသားတယောက်ဖြစ်ပြီး အမျိုးသမီးပရိတ်သတ်တွေ အားပေးမှုအများဆုံး မင်းသားတွေထဲက တယောက်လဲဖြစ်ပါတယ်

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖေ့ဘွတ်ပေါ်ကနေပျောက်သွားတဲ့ အောင်ရဲလင်းကတော့ ig မှာပဲ သူ့ရဲ့လှုပ်ရှားမှုတွေကို မျှဝေနေခဲ့တာလဲဖြစ်ပါတယ်

အခြားအနုပညာရှင်တွေ တော်လှန်ရေးအတွက် ကြိုးပမ်းနေချိန်မှာ သရုပ်ဆောင် အောင်ရဲလင်းကတော့ ရည်းစားတွေထည်လဲတွဲပြီး အသဲကွဲလိုက် ဘီယာဘားသွားလိုက်နဲ့ အလုပ်ရှုပ်နေခဲ့တာပဲဖြစ်ပါတယ်

အဲ့ဒီလို ကလပ်တွေမှာပဲ အချိန်ကုန်နေတဲ့ပုံတွေကြောင့် ပရိတ်သတ်တချို့ရဲ့ ဝေဖန်မှုတွေ မြှင့်တက်လာခဲ့တဲ့ နောက်ပိုင်းမှာတော့ သရုပ်ဆောင်အောင်ရဲလင်းက ပရိတ်သတ်တွေကို အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ်

“သူများ မလုပ်ချင်တာကို အတင်းမခိုင်းချင်ကြနဲ့ ကို့အထာနဲ့ကိုနေကြပါ အားပေးမဲ့ ပရိတ်သတ်တယောက်ရှိရင် ရပြီ အဲ့တယောက်အတွက်ပဲ ကျနော် အလုပ် လုပ်မယ်

Boycott လုပ်လဲ အောင်မြင်ပြီးသား အနုပညာတွေက ကျဆင်းသွားမှာမဟုတ်ဘူး အဲ့တော့ ဘာအတွက်မှ ဝမ်းနဲနေမှာမဟုတ်ပါဘူး”လို့ သရုပ်ဆောင်အောင်ရဲလင်းက တုန့်ပြန်ခဲ့တာလဲ ဖြစ်ပါတယ်နော်
Credit

Zawgyi







Credit