စစ်အာဏာရှင်ကို‌ တော်လှန်ဖို့အတွက် တောတွင်းစစ်မြေပြင်တစ်‌‌နေရာရောက်ရှိနေတဲ့ အောင်ဆန်းရုပ်ရှင်မှ ဗိုလ်ချုပ် ဇာတ်ကောင် ကျော်ကျော်မျိုး

Unicode

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ပြည်သူတွေက ကိုယ်ယုံကြည်ရာလမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ် ။ ဓမ္မဘက်က ရပ်တည်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကတော့ အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။

အရေးတော်ပုံကြီးအတွင်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်လာကြသူတွေထဲမှာ ကျောင်းဆရာ ၊ ဆရာဝန်နဲ့ အစိုးရဝန်ထမ်းတွေအပြင် အမျိုးမျိုးသော ပြည်သူ့ဝန်ထမ်းတွေလည်း CDM ပြုလုပ်ပါဝင်လာကြတာ တွေ့ရပါတယ်။

အခုလည်း ဗိုလ်ချုပ်ရုပ်ရှင်မှာ ဗိုလ်ချုပ်နေရာမှပါဝင်သရုပ်ဆောင်သော ဘောလုံးသမားလေး ကျော်ကျော်မျိုး ကတော့ စစ်အာဏာရှင် တော်လှန်ရေးတွင်ပါဝင်…တိုက်ခိုက်ဖို့ ကြိုးပမ်း‌ေနတာပဲ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် ကြိုးစားပါဝင်နေပါတယ်။ ယုံကြည်တဲ့လမ်းကို လျှောက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတာပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရဲ့အဓိကဇာတ်ဆောင်နေရာ (ဗိုလ်ချုပ်ဇာတ်ရုပ်)မှာ သရုပ်ဆောင်မယ့် ကမ္ဘောဇ FC ဘောလုံးအသင်း အားကစားသမား ကျော်ကျော် မျိုးကတော့ သူဝါသနာပါပြီး လစာကောင်းတာကိုတောင် စွန့်လွှတ်ကာဗိုလ်ချုပ်ရုပ်ရှင် ရိုက်ဖို့အတွက် ရွေးချယ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ကျော်ကျော်မျိုးဟာ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် လိုအပ်တဲ့ သရုပ်ဆောင်သင်တန်း၊ စစ်သင် တန်း တို့ကို တက်ရောက်သင်ကြားကာ ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိတ်နှစ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိကို ပြန်လည် ရိုက်ကူး သည့် အောင်ဆန်းရုပ်ရှင်ကို ဒါရိုက်တာလူမင်းကဦးဆောင်ရိုက်ကူးခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပီုးနောက်ပိုင်းမှာတော့ စစ်ကောင်စီက ရုပ်ရှင်ထုတ်လုပ်ရေးကို ဆက်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။နောက်ဆုံးအဆင့် လက်စသတ်နေတဲ့အဆင့်လို့ ကြားသိရပြီး ဒါရိုက်တာလူမင်းမပါဘဲ ဆက်လက်ထုတ်လုပ်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယိနော်။

အဆိုပါ ရုပ်ရှင်တွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန်းဇာခြည်လင်း၊ ရဲအောင်၊ ရန်အောင်၊ မိုးဟေကို၊ နိုင်းနိုင်း၊ ခန့်စည်သူ၊ ကျော်ကျော်၊ ညိုမင်းလွင် စတဲ့ အနုပ ညာရှင်၊ အတတ်ပညာရှင်တွေများစွာနဲ့ ရို က်ကူးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဖြစ်စဉ်ကို ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ခြင်း ဖြင့် သမိုင်းအထောက်အထား တစ်ခု ကျန်ရစ်စေရန်၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှု၊ သတ္တိရှိမှု၊ အများအကျိုး အတွက် ကိုယ်ကျိုးစွန့်မှု အစရှိသည့် ကောင်းမြတ်သည့်

ဂုဏ်အင်္ဂါ အရည် အသွေးများကို မျိုးဆက်သစ်များက သိရှိနားလည်ပြီး အတုယူ အားကျစေ ရေး တင်ဆက်ပေးနိုင်ရန် ၊ ဗိုလ်ချုပ် နှင့် တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို တန်ဖိုးထားပြီး အဓွန့်ရှည်

တည်တံ့ ရေးကို ထိန်းသိမ်းနိုင်ရန်စသည့် လုပ်ငန်းရည်မှန်းချက် သုံးရပ်ဖြင့် အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူး ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အခုလိုမျိုး ပြည်သူတွေဘက်ကနေရှိပေးကြတဲ့ ဗိုလ်ချုပ်ရုပ်ရှင်မှ သရုပ်ဆောင် ကျော်ကျော်မျိုးကို ပြည်သူတွေကလည်း အရမ်းလေးစားနေကြတာဖြစ်ပါတယ်။ဒီကာလမှာ ပြည်သူတွေကို ပြည်သူကသာလျှင် ပြန်ကူညီကြပြီး အချင်းချင်းဖေးမပေးနေကြတာဖြစ်ပါတယ်။

လူတိုင်းက တာဝန်ကိုယ်စီကို ကျေပွန်အောင်ဆောင်ရွက်ကြပြီး တစ်ထောင့်တစ်နေရာကနေပါဝင်ကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း တောထဲမှာလေ့ကျင့်ရေးဆင်းနေတဲ့ ကျော်ကျော်မျိုးရဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

News feed Myanmar

Zawgyi

ျမန္မာနိုင္ငံမွာ အာဏာသိမ္းၿပီးတဲ့အခ်ိန္ကစၿပီး ျပည္သူေတြက ကိုယ္ယုံၾကည္ရာလမ္းကို ေ႐ြးခ်ယ္ေလွ်ာက္လွမ္းခဲ့ၾကတာ ျဖစ္ပါတယ္ ။ ဓမၼဘက္က ရပ္တည္ခဲ့ၾကတဲ့ ျပည္သူ႕ဝန္ထမ္းေတြကေတာ့ အာဏာရွင္ကိုဆန႔္က်င္တဲ့အေနနဲ႕ CDM လႈပ္ရွားမႈမွာ ပါဝင္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

အေရးေတာ္ပုံႀကီးအတြင္း ျပည္သူေတြနဲ႕အတူ အမွန္တရားဘက္က ရပ္တည္လာၾကသူေတြထဲမွာ ေက်ာင္းဆရာ ၊ ဆရာဝန္နဲ႕ အစိုးရဝန္ထမ္းေတြအျပင္ အမ်ိဳးမ်ိဳးေသာ ျပည္သူ႕ဝန္ထမ္းေတြလည္း CDM ျပဳလုပ္ပါဝင္လာၾကတာ ေတြ႕ရပါတယ္။

အခုလည္း ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာ ဗိုလ္ခ်ဳပ္ေနရာမွပါဝင္သ႐ုပ္ေဆာင္ေသာ ေဘာလုံးသမားေလး ေက်ာ္ေက်ာ္မ်ိဳး ကေတာ့ စစ္အာဏာရွင္ ေတာ္လွန္ေရးတြင္ပါဝင္…တိုက္ခိုက္ဖို႔ ႀကိဳးပမ္း‌ေနတာပဲ ျဖစ္ပါတယ္။ လြတ္ေျမာက္နယ္ေျမမွာ အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ ႀကိဳးစားပါဝင္ေနပါတယ္။ ယုံၾကည္တဲ့လမ္းကို ေလွ်ာက္ကာ ျပည္သူေတြနဲ႕အတူ ရပ္တည္ေနတာပဲျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဇာတ္ကား ရဲ႕အဓိကဇာတ္ေဆာင္ေနရာ (ဗိုလ္ခ်ဳပ္ဇာတ္႐ုပ္)မွာ သ႐ုပ္ေဆာင္မယ့္ ကေမာၻဇ FC ေဘာလုံးအသင္း အားကစားသမား ေက်ာ္ေက်ာ္ မ်ိဳးကေတာ့ သူဝါသနာပါၿပီး လစာေကာင္းတာကိုေတာင္ စြန႔္လႊတ္ကာဗိုလ္ခ်ဳပ္႐ုပ္ရွင္ ရိုက္ဖို႔အတြက္ ေ႐ြးခ်ယ္ခဲ့သူတစ္ဦးျဖစ္ပါတယ္။

ေက်ာ္ေက်ာ္မ်ိဳးဟာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဇာတ္ကားရိုက္ကူးေရးအတြက္ လိုအပ္တဲ့ သ႐ုပ္ေဆာင္သင္တန္း၊ စစ္သင္ တန္း တို႔ကို တက္ေရာက္သင္ၾကားကာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ စိတ္ႏွစ္ခဲ့သူတစ္ဦးျဖစ္ပါတယ္။

ျမန္မာနိုင္ငံရဲ႕ လြတ္လပ္ေရးဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အတၳဳပတၱိကို ျပန္လည္ ရိုက္ကူး သည့္ ေအာင္ဆန္း႐ုပ္ရွင္ကို ဒါရိုက္တာလူမင္းကဦးေဆာင္ရိုက္ကူးခဲ့တာျဖစ္ၿပီး စစ္အာဏာသိမ္းပီုးေနာက္ပိုင္းမွာေတာ့ စစ္ေကာင္စီက ႐ုပ္ရွင္ထုတ္လုပ္ေရးကို ဆက္လုပ္ဖို႔ ႀကိဳးပမ္းေနတယ္လို႔သိရပါတယ္။ေနာက္ဆုံးအဆင့္ လက္စသတ္ေနတဲ့အဆင့္လို႔ ၾကားသိရၿပီး ဒါရိုက္တာလူမင္းမပါဘဲ ဆက္လက္ထုတ္လုပ္ဖို႔ ႀကိဳးစားေနတာပဲျဖစ္ပါတယိေနာ္။

အဆိုပါ ႐ုပ္ရွင္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအျဖစ္ ေက်ာ္ေက်ာ္မ်ိဳး၊ ေဒၚခင္ၾကည္အျဖစ္ နန္းဇာျခည္လင္း၊ ရဲေအာင္၊ ရန္ေအာင္၊ မိုးေဟကို၊ နိုင္းနိုင္း၊ ခန့္စည္သူ၊ ေက်ာ္ေက်ာ္၊ ညိုမင္းလြင္ စတဲ့ အႏုပ ညာရွင္၊ အတတ္ပညာရွင္ေတြမ်ားစြာနဲ႕ ရို က္ကူးခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ့လြတ္လပ္ေရး ဗိသုကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဘ၀ျဖစ္စဥ္ကို ႐ုပ္ရွင္အျဖစ္ မွတ္တမ္းတင္ျခင္း ျဖင့္ သမိုင္းအေထာက္အထား တစ္ခု က်န္ရစ္ေစရန္၊ အမ်ိဳးသား ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ၏ ရိုးသားေျဖာင့္မတ္မႈ၊ သစၥာရွိမႈ၊ သတၱိရွိမႈ၊ အမ်ားအက်ိဳး အတြက္ ကိုယ္က်ိဳးစြန့္မႈ အစရွိသည့္ ေကာင္းျမတ္သည့္

ဂုဏ္အဂၤါ အရည္ အေသြးမ်ားကို မ်ိဳးဆက္သစ္မ်ားက သိရွိနားလည္ၿပီး အတုယူ အားက်ေစ ေရး တင္ဆက္ေပးနိုင္ရန္ ၊ ဗိုလ္ခ်ဳပ္ ႏွင့္ တကြ အာဇာနည္ပုဂၢိဳလ္ႀကီးမ်ား ရယူေပးခဲ့သည့္ လြတ္လပ္ေရးကို တန္ဖိုးထားၿပီး အဓြန့္ရွည္

တည္တံ့ ေရးကို ထိန္းသိမ္းနိုင္ရန္စသည့္ လုပ္ငန္းရည္မွန္းခ်က္ သုံးရပ္ျဖင့္ အဆိုပါ ႐ုပ္ရွင္ဇာတ္ကားကို ရိုက္ကူး ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အခုလိုမ်ိဳး ျပည္သူေတြဘက္ကေနရွိေပးၾကတဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွ သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္မ်ိဳးကို ျပည္သူေတြကလည္း အရမ္းေလးစားေနၾကတာျဖစ္ပါတယ္။ဒီကာလမွာ ျပည္သူေတြကို ျပည္သူကသာလွ်င္ ျပန္ကူညီၾကၿပီး အခ်င္းခ်င္းေဖးမေပးေနၾကတာျဖစ္ပါတယ္။

လူတိုင္းက တာဝန္ကိုယ္စီကို ေက်ပြန္ေအာင္ေဆာင္႐ြက္ၾကၿပီး တစ္ေထာင့္တစ္ေနရာကေနပါဝင္ၾကတာျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း ေတာထဲမွာေလ့က်င့္ေရးဆင္းေနတဲ့ ေက်ာ္ေက်ာ္မ်ိဳးရဲ႕ ပုံရိပ္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

News feed Myanmar