နောက်ဆုံးခရီးမှာတောင် သေနတ်ကြီးတွေနဲ့အခမ်းအနားမလုပ်ဖို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ သူရဲကောင်း‌လေး မောင်ဘုန်းမြင့်အောင်ရဲ့ ဈာပနခရီးပုံရိပ်များ

Unicode

သူရဲကောင်း ကိုဘုန်းမြင့်အောင်၏ နောက်ဆုံးခရီး
နိုဝင်ဘာလ (၂၄ )ရက်၊ ၂၀၂၁ ခုနှစ်မင်းကို အနီးကပ် အလေးပြုခဲ့တယ်။

ဓာတ်ပုံမရိုက်ရ အခမ်းအနား မလုပ်ရ ဟုဆိုကာ သေနတ်ကြီးတွေကိုင်ပြီး နာရေးကို ခြိမ်းခြောက်နေကြတယ်။ညီလေး ကောင်းရာသုဂတိလားပါစေ

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၅၄ လမ်းတွင် နေထိုင်သော အသက် ၁၉ နှစ် အရွယ်မောင်ဘုန်းမြင့်အောင်ကို စစ်တပ်က

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးသွားပြီး စစ်ကြောရေးတွင် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သတ်.ဖြတ်လိုက်ကြောင်း မိသားစုဝင်များနှင့်နီးစပ်သော မိတ်ဆွေများက အတည်ပြုပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဗိုလ်တထောင်မြို့နယ်၊ ၅၄ လမ်းတွင် နေထိုင်သော မောင်ဘုန်းမြင့်အောင်နှင့်

ဖခင်ဦးထင်ဝင်းတို့ကို အကြမ်း.ဖက်စစ်.ကောင်စီတပ်များက စ.စ်ကား ၃ စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊

နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၂နာရီတွင် ဖခင်ဖြစ်သူ ဦးထင်ဝင်းကို ပြန် လွှတ်ပေးလိုက်သော်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင်

စစ်.တပ်က ဖမ်းဆီးသွားသော မောင်ဘုန်းမြင့်အောင် သေဆုံးသွားပြီးဟု စစ်တပ်က မိသားစုကို အကြောင်းကြားလာကြောင်း သိရှိရသည်။

သူတို့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှာ ရပ်ကွက်ကို စစ်ကားတွေနဲ့ ပိတ်ပြီးဖမ်းတယ်။အဖေရော သားရောကို ဖမ်းတာ။ ညကျတော့ အဖေကို ပြန်လွှတ်ပေးလိုက်တယ်။ နိုဝင်ဘာ ၂၃ ရက်နေ့

ညပိုင်းမှာ မောင်ဘုန်းမြင့်အောင် ဆုံးသွားပြီဆိုပြီး စစ်တပ်က အကြောင်းကြားလာတယ်။ စစ်ကြောရေးမှာ စစ်တပ်က သတ်ပစ်လိုက်တာ” ဟု ၅၄ လမ်းအတွင်းနေထိုင်ပြီး မောင်ဘုန်းမြင့်အောင်မိသားစုနှင့်ရင်းနှီးသူ မိတ်ဆွေတစ်ဦးက ပြောသည်။

ဗိုလ်တထောင် ၅၄ လမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးကလည်း မောင်ဘုန်းမြင့်အောင်ကို စာတော်သော လူငယ်လေးအဖြစ် ရပ်ကွက်က သိရှိထားပြီး လူချစ်လူခင်ပေါများသည်ဟုဆိုသည်။

“သူက စာအရမ်းတော်တယ်။ ရပ်ကွက်ထဲမှာ ကလေးတွေကို အင်္ဂလိပ်စာ ပြန်ပြပေးတယ်။တက္ကသိုလ်တက်နေတာတော့ သိတယ်။

ဘယ်တက္ကသိုလ်လဲမသိဘူး။ လူချစ်လူခင်ပေါတယ်။ အဲဒီကလေးက ။သူ့ကြည့်ရင် အမြဲတမ်းပြုံးနေတဲ့ ကလေး” ဟု ၅၄လမ်းမှ ပြည်သူတစ်ဦးက ဆိုသည်။

မောင်ဘုန်းမြင့်အောင်၏ မိခင်ဖြစ်သူမှာ ကျန်းမာရေး မကောင်းမွန်ဘဲ အိမ်ရာထဲ လဲနေသူဖြစ်ကြောင်း သားဖြစ်သူ ဆုံးပါးသည့် သတင်းကြောင့်ကျန်းမာရေးပိုမို ထိခိုက်လာကြောင်း သိရှိရသည်။

Credit

Zawgyi

သူရဲေကာင္း ကိုဘုန္းျမင့္ေအာင္၏ ေနာက္ဆုံးခရီး
နိုဝင္ဘာလ (၂၄ )ရက္ ၂၀၂၁ ခုႏွစ္မင္းကိုအနီးကပ္ အေလးျပဳခဲ့တယ္။

ဓာတ္ပုံမရိုက္ရ၊ အခမ္းအနား မလုပ္ရဟုဆိုကာ ေသနတ္ႀကီးေတြကိုင္ၿပီး နာေရးကိုၿခိမ္းေျခာက္ေနၾကတယ္။ညီေလး ေကာင္းရာသုဂတိလားပါေစ

ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ၅၄လမ္းတြင္ ေနထိုင္ေသာ အသက္ ၁၉ ႏွစ္ အ႐ြယ္ေမာင္ဘုန္းျမင့္ေအာင္ကို စစ္တပ္က နိုဝင္ဘာလ ၂၂ ရက္ေန႕တြင္

ဖမ္းဆီးသြားၿပီး စ.စ္ေၾကာေရးတြင္ နိုဝင္ဘာလ ၂၃ ရက္ေန႕တြင္ သတ္ျ.ဖတ္လိုက္ ေၾကာင္းမိသားစုဝင္မ်ားႏွင့္နီးစပ္ေသာ မိတ္ေဆြမ်ားက အတည္ျပဳေျပာဆိုသည္။

နိုဝင္ဘာလ ၂၂ ရက္ေန႕ မြန္းလြဲ ၃ နာရီဝန္းက်င္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ၅၄ လမ္းတြင္ ေနထိုင္ေသာ ေမာင္ဘုန္းျမင့္ေအာင္ႏွင့္

ဖခင္ဦးထင္ဝင္းတို႔ကို အၾကမ္း ဖက္စစ္ေကာင္စီတပ္မ်ားက စစ္ကား ၃ စီးျဖင့္ လာေရာက္ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း၊

နိုဝင္ဘာလ ၂၂ ရက္ေန႕ ည ၁၂ နာရီတြင္ ဖခင္ျဖစ္သူ ဦးထင္ဝင္းကို ျပန္ လႊတ္ေပးလိုက္ေသာ္လည္း နိုဝင္ဘာလ ၂၃ ရက္ေန႕တြင္

စစ္.တပ္က ဖမ္းဆီးသြားေသာ ေမာင္ဘုန္းျမင့္ေအာင္ ေသဆုံးသြားၿပီးဟု စစ္တပ္က မိသားစုကို အေၾကာင္းၾကားလာေၾကာင္း သိရွိရသည္။

သူတို႔ နိုဝင္ဘာလ ၂၂ ရက္ေန႕ ညေန ၃ နာရီမွာ ရပ္ကြက္ကို စစ္ကားေတြနဲ႕ ပိတ္ၿပီးဖမ္းတယ္။အေဖေရာ သားေရာကို ဖမ္းတာ။ ညက်ေတာ့ အေဖကို ျပန္လႊတ္ေပးလိုက္တယ္။ နိုဝင္ဘာ ၂၃ ရက္ေန႕

ညပိုင္းမွာ ေမာင္ဘုန္းျမင့္ေအာင္ ဆုံးသြားၿပီဆိုၿပီး စစ္တပ္က အေၾကာင္းၾကားလာတယ္။

စစ္ေ.ၾကာေရးမွာ စစ္တပ္က သတ္ပစ္လိုက္တာ” ဟု ၅၄ လမ္းအတြင္းေနထိုင္ၿပီး ေမာင္ဘုန္းျမင့္ေအာင္မိသားစုႏွင့္ရင္းႏွီးသူ မိတ္ေဆြတစ္ဦးက ေျပာသည္။

ဗိုလ္တေထာင္ ၅၄ လမ္းတြင္ ေနထိုင္သူ ျပည္သူတစ္ဦးကလည္း ေမာင္ဘုန္းျမင့္ေအာင္ကို စာေတာ္ေသာလူငယ္ေလးအျဖစ္ ရပ္ကြက္က သိရွိထားၿပီးလူခ်စ္လူခင္ေပါမ်ားသည္ဟုဆိုသည္။

“သူက စာအရမ္းေတာ္တယ္။ရပ္ကြက္ထဲမွာ ကေလးေတြကို အဂၤလိပ္စာ ျပန္ျပေပးတယ္။ တကၠသိုလ္တက္ေနတာေတာ့ သိတယ္။ ဘယ္တကၠသိုလ္လဲမသိဘူး။

လူခ်စ္လူခင္ေပါတယ္။အဲဒီကေလးက ။သူ႕ၾကည့္ရင္ အၿမဲတမ္း ၿပဳံးေနတဲ့ ကေလး” ဟု ၅၄လမ္းမွ ျပည္သူတစ္ဦးက ဆိုသည္။

ေမာင္ဘုန္းျမင့္ေအာင္၏ မိခင္ျဖစ္သူမွာ က်န္းမာေရး မေကာင္းမြန္ဘဲ အိမ္ရာထဲလဲေနသူျဖစ္ေၾကာင္း၊ သားျဖစ္သူ ဆုံးပါးသည့္ သတင္းေၾကာင့္ က်န္းမာ ေရးပိုမို ထိခိုက္လာေၾကာင္း သိရွိရသည္။

Credit