ချစ်ရတဲ့ခင်ပွန်းဖြစ်သူသားဂန်းကို မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် အရမ်းချစ်ကြောင်းပြောပြလာတဲ့ ဘေဘီမောင်

Unicode

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူကတော့ ဘေဘီမောင်ပဲ ဖြစ်ပါတယ် ။

ပိုပြီး လေးစားစရာ ကောင်းတာကတော့ အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း ပရဟိတ အလုပ်တွေကို တတ်နိုင်သလောက် လုပ်ကိုင်ကာ အလှူအ တန်းတွေကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဘေဘီမောင်က ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခရီးလမ်းလေးကို အတူလျှောက် လှမ်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးကလည်း ပွင့်ပွင့်လင်းလင်းနဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ သူတို့ အတွဲလေးကို အားကျနေကြတာပါ ။

အခုလည်း ချစ်ခင်ပွန်းနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေနဲ့အတူ ချစ်စကားလေးတွေ ရေးသားဝေမျှလာပါတယ် ။ ” ကိုယ်ကသာအလုပ်တွေလုပ်ပြီးမအားဖြစ်နေပေမယ့် နှလုံးသားလေးက မောင့်ကိုလွမ်းနေပါတယ်လို့

အကြိမ်ကြိမ်ပြောနေတယ် မောင်ရယ် မောင့်ဇနီး မောင့်ကိုလွမ်းနေပါတယ် မြန်မြန်ပြန်လာခဲ့ပါ” ရေးသားထားရာ ချစ်စရာကောင်း လွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Zone
Photo – Baby Maung

Zawgyi






Credit – Cele Zone
Photo – Baby Maung