သူမကို လူမှုကွန်ရက်ပေါ်မှာ ဆဲဆိုနေကြတဲ့လူတွေကို မရိုင်းစိုင်းကြဖို့ ဆုံးမသြဝါဒစကားတွေ ခြွေလိုက်တဲ့ တပ်ချစ်သူ ရွှေရူပါဦး…
Unicode
တပ်ချစ်သူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ရွှေရူပါဦးကတော့ သူမကိုယ်သူမ အဓမ္မဘက်မှာရပ်တည်နေတာကို အသိတရားမရနိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့ ရွှေရူပါဦးဟာ ဒီကနေ့မှာလည်း သူမကို
ဆိုရှယ်မီဒီယာမှာဝိုင်းဆဲနေကြတဲ့လူတွေကိုစကားကြီးစကားကျယ်တွေပြောပြီး တရားဟောလိုက်ပြန်တာကို အခုလိုပဲတွေ့ရပါတယ်။
ရွှေရူပါဦးက “နှုတ်တစ်ရာ စာတစ်လုံးတဲ့ လူတွေရဲ့ မနောကံ ကအစပြုလို့ ဝစီကံနဲ့ကာယကံအပြုအမှုတွေ
ပြုလုပ်မိတတ်ကြပါတယ်။ ကုသိုလ်/အကုသိုလ်ပိုင်းခြားကြပြီး ကုသိုလ်အမှုရှိတဲ့ ကံ ၃ ပါးတြွေပုလုပ်ကြတာ ပြဿနာမရှိပေမယ့် Social media ပေါ်မှာ ဖရုဿဝါစာ
ရုတ်ရင့်ကြမ်းတမ်းတဲ့အပြုအမူအပြောအဆိုတွေဟာ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့အတိုင်း သမိုင်းတစ်ခုအဖြစ်
ကျန်ရှိနေမှာပဲဖြစ်လို့ မိမိသမိုင်းကို ဘယ်လိုလှအောင် ချန်ရစ်မလဲ? အကျည်းတန်အောင်ရော ချန်ရစ်ကြမှာလား?
Caption တစ်ကြောင်း Comment တစ်လုံးနဲ့ ကိုယ့်ဘဝကိုမြှင့်မလား ဆွဲချသွားမလားဆိုတာဉာဏ်နဲ့ဆုံးဖြတ်ကြပါ။
ထမင်းစားကြတဲ့သူတွေပဲလေ။ Public က ကြည့်ကောင်းလို့ ကြည့်နေတယ်များထင်မှတ်နေရင်တော့
မိမိကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေတိရိစ္ဆာန်လုံးလုံးဖြစ်ပြီသာမှတ်ပေတော့” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားလာတာပဲဖြစ်ပါတယ်။
ရွှေရူပါဦးကတော့ ကိုယ့်လုပ်ရပ်ကိုယ်မှန်မမှန် မသုံးသပ်ပဲ ဝေဖန်ကြတဲ့ပြည်သူတွေကိုတောင် တရားသဘောနဲ့ယှဉ်ပြီး စကားကြီး စကားကျယ်တွေပြောလာတာပဲ ဖြစ်ပါတယ်။
Source: Lily_Shwe’s fb crd
Zawgyi