အရင်တုန်းက ယောကျာ်းနောက်လျှောက်လိုက်ရင်း ဒီလိုတွေ ကူခဲ့ဖူးတယ်လို့ဆိုကာ ရိုက်ကွင်းပုံလေးတွေ တင်ပေးလာတဲ့ မင်းသားကြီးနေမျိုးအောင်ရဲ့ဇနီး..

Unicode

အရင်တုန်းက ယောကျာ်းနောက်လျှောက်လိုက်ရင်း ဒီလိုတွေ ကူခဲ့ဖူးတယ်လို့ဆိုကာ ရိုက်ကွင်းပုံလေးတွေ တင်ပေးလာတဲ့ မင်းသားကြီးနေမျိုးအောင်ရဲ့ဇနီး

မင်းသားကြီးနေမျိုးအောင်ကတော့ အနုပညာနဲ့ပက်သတ်လာရင် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသလိုသာယာတဲ့မိသားစုဘဝကိုလည်းပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

သွက်သွက်လက်လက် ချက်ချက်ချာချာရှိပြီး အိမ်ထောင်မှုကိစ္စအဝဝမှာလည်း နိုင်နိုင်နင်းနင်းရှိတဲ့ နေမျိုးအောင်ရဲ့ဇနီးဟာ လက်ရှိမှာလည်း

အာဗြဲစိန်ဆိုတဲ့ နာမည်နဲ့ ဟင်းတွေချက်ပြ၊အိမ်တွင်းမှုပစ္စည်းတွေရောင်းချပြနဲ့ ကိုယ်ပိုင်ပရိသတ်အချို့ကိုရရှိနေပြီပဲဖြစ်ပါတယ်။

ပရိသတ်တွေနဲ့မစိမ်းသူတစ်ယောက်ဖြစ်တဲ့ မင်းသားနေမျိုးအောင်ရဲ့ဇနီးမသန္တာဟာတစ်ချိန်က

ခင်ပွန်းသည်နောက်ကိုလိုက်ရင်း သရုပ်ဆောင်တစ်ယောက်အဖြစ် တစ်ခန်းတစ်ကဏ္ဍမှာပါဝင်ခဲ့ဖူးကြောင်းပြသလာပါတယ်။

မသန္တာက “တစ်ချိန်က ချစ်လင်မင်းသားနောက်လိုက်ရင်း ဝါသနာပါလို့ နည်းနည်းပါးပါးပါဝင်အားဖြည့်ခဲ့စဉ်က ချစ်ရတဲ့အာဗြဲစိန်ရဲ့အချစ်ကလေးတွေပို့ပေးတဲ့

အမှတ်တရပုံရိပ်ကလေးတွေပါ(လွန်ခဲ့သောနှစ် ၂၀ ကျော်ကကောင်မလေး)”ဆိုပြီး သူမရဲ့ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးကြောင်း ပြသလာပါတယ်။

နေမျိုးအောင်ရဲ့ဇနီးကတော့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်တာမို့ အနုပညာအလုပ်တွေကို ဇောက်ချမလုပ်ကိုင်ပေမယ့်

တကယ်သာမင်းသမီးလုပ်ရင် အောင်မြင်နိုင်တဲ့ ရုပ်ရည်မျိုးရှိတယ်ဆိုတာ ပရိသတ်ကြီးတွေ့မြင်နိုင်ပါတယ်နော်။

Source: အာဗြဲစိန်’s fb
crd

Zawgyi











Source: အာဗြဲစိန်’s fb
crd