ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီး ၃ ရက်အကြာ အမေရိကန်သတင်းသမား Danny Fenster ကို စစ်တပ်က ပြန်လွှတ်

Unicode

ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီး ၃ ရက်အကြာ အမေရိကန်သတင်းသမား Danny Fenster ကို စစ်တပ်က ပြန်လွှတ်

စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်သော အမေရိကန်သတင်း ထောက် Danny Fenster ကို ထောင်ဒဏ် ချမှတ်ပြီး ၃ ရက်အကြာ ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း အမေရိကန်သံတမန်ဟောင်း Bill Richardson က သတင်းထုတ်ပြန်သည်။

အမေရိကန်သတင်းထောက်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သံတမန်ဟောင်း၏ ထုတ်ပြန်ချက်တွင် မြန်မာစစ်ကောင်စီက အမေရိကန်သတင်းထောက်ကို ပြန်လွှတ်ပေးလိုက်ပြီး ၎င်း၏လက်ထဲသို့ စစ်တပ်က လွှဲပြောင်းပေးလိုက်ကြောင်း၊ ကာတာနိုင်ငံမှတစ်ဆင့် အမေရိကန်သို့ ပြန်လာမည်ဖြစ်ကြောင်း ရေးသားထားသည်။

အမေရိကန်သံတမန်ဟောင်းက မကြာသေမီးက နေပြည်တော်သို့ သွားရောက်ပြီး အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သတင်း ထောက် Danny Fenster လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့သည်ဟုဆိုသည်။

Source – AP
Credit

Zawgyi

ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ခံရၿပီး ၃ ရက္အၾကာ အေမရိကန္သတင္းသမား Danny Fenster ကို စစ္တပ္က ျပန္လႊတ္

စစ္ေကာင္စီတရား႐ုံးက ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္လိုက္ေသာ အေမရိကန္သတင္း ေထာက္ Danny Fenster ကို ေထာင္ဒဏ္ ခ်မွတ္ၿပီး ၃ ရက္အၾကာ ယေန႕ ျပန္လႊတ္ေပးလိုက္ေၾကာင္း အေမရိကန္သံတမန္ေဟာင္း Bill Richardson က သတင္းထုတ္ျပန္သည္။

အေမရိကန္သတင္းေထာက္ကို နိုဝင္ဘာလ ၁၂ ရက္ေန႕က စစ္ေကာင္စီတရား႐ုံးက ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

အေမရိကန္သံတမန္ေဟာင္း၏ ထုတ္ျပန္ခ်က္တြင္ ျမန္မာစစ္ေကာင္စီက အေမရိကန္သတင္းေထာက္ကို ျပန္လႊတ္ေပးလိုက္ၿပီး ၎၏လက္ထဲသို႔ စစ္တပ္က လႊဲေျပာင္းေပးလိုက္ေၾကာင္း၊ ကာတာနိုင္ငံမွတစ္ဆင့္ အေမရိကန္သို႔ ျပန္လာမည္ျဖစ္ေၾကာင္း ေရးသားထားသည္။

အေမရိကန္သံတမန္ေဟာင္းက မၾကာေသမီးက ေနျပည္ေတာ္သို႔ သြားေရာက္ၿပီး အၾကမ္းဖက္ စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လွိုင္ႏွင့္ သတင္း ေထာက္ Danny Fenster လြတ္ေျမာက္ေရးအတြက္ ညွိႏွိုင္းေဆြးေႏြးခဲ့သည္ဟုဆိုသည္။

Source – AP
Credit