သူမတို့နှစ်ယောက်မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာ (၄)နှစ်ပြည့်တဲ့နေ့လေးမှာ ခင်ပွန်းဖြစ်သူကို လွမ်းဆွတ်နေကြောင်း အမှတ်တရပုံလေးတွေနဲကတကွပြောပြလာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Unicode

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ

ခင်ပွန်းဖြစ်သူကို သတိရနေကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။ နန်းမြတ်နဲ့ သူရဲ့ခင်ပွန်းတို့ရဲ့ နှစ်ယောက်အတူတူ ဘဝကို စတင်ခဲ့တဲ့ မင်္ဂလာမော်ကွန်း တင်လက်မှတ်ရေးထိုးတဲ့ နှစ်ပတ်လည်ကျရောက်တဲ့နေ့လေးပါ။

နန်းမြတ်ကတော့ လွန်ခဲ့တဲ့ (၄)နှစ်က ခင်ပွန်းဖြစ်သူနဲ့ မင်္ဂလာမော်ကွန်တင်လက်မှတ်ရေးထိုးပွဲကျင်းပခဲ့တဲ့ မှတ်တမ်းပုံလေးတွေနဲ့အတူ ခင်ပွန်းဖြစ်သူကို သတိရနေကြောင်း “နှစ်ယောက်တဘဝစခဲ့တာ(၄)နှစ်ပြည့်ပြီလေ။

ခုတော့တစ်ယောက်တည်းဖြတ်သန်းနေရတယ်။ နောက်ဘယ်နှနှစ်ကြာကြာဖြတ်သန်းရဦးမ လဲလဲမသိနိုင်ပြန်ဘူး။” ဆိုပြီး မင်္ဂလာနျစ်ပတ်လည်နေ့လေးမှာ ဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။

ဒါ့အပြင် ဒီနိုဝင်ဘာလတစ်လလုံးက သူတို့ ဇနီမောင်နှံအတွက် အမှတ်တရတွေများစွာရှိနေတဲ့အတွက် ကြိုးစားပြီး တည်ငြိမ်အောင်ဖြတ်သန်းရဦးမယ့် လတစ်လပါတဲ့။

တစ်ခါတစ်လေ နန်းမြတ်က ခင်ပွန်ဖြစ်သူက လူ့လောကမှာ မရှိတော့တာကို ထင်ယောင်ထင်မှာဖြစ်နေမိတုန်းပါပဲတဲ့။ ပရိသတ်ကြီးရေ နန်းမြတ်ကတော့ အချိန်တွေကို ပြန်ရစ်လို့ရရင်ရစ်ပစ်ချင်ပါတယ်တဲ့။

Source – Nan Myat Phyoe Thin
Credit ; CeleZone

Zawgyi







Credit ; CeleZone