သရုပ်ဆောင် ပိုင်ဖြိုးသုအား မိဘများက အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာ

Unicode

သရုပ်ဆောင် ပိုင်ဖြိုးသုအား မိဘများက အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာ

သရုပ်ဆောင် ပိုင်ဖြိုးသုကို ၎င်း၏ မိဘများကသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ယနေ့(နိုဝင်ဘာ လ ၁ ရက်) သတင်းစာတွင် ကြေညာထားသည်။

အဆိုပါ ကြေညာချက်တွင် ဦးစိုးဝင်းနှင့်ဒေါ်နွယ်ဦးတို့​၏ သမီးဖြစ်သူ ပိုင်ဖြိုးသုသည်မိဘများ​၏

ဆိုဆုံးမမှုကို မနာခံဘဲ မိဘများစိတ်ဆင်းရဲစေသောကိစ္စရပ်များအား အကြိမ်ကြိမ်အခါခါပြုလုပ်ခဲ့ပါသဖြင့်

ယနေ့မှစပြီးသမီးအဖြစ်မှအမွေပြတ်စွန့်လွှတ်ကြောင်း ပိုင်ဖြိုးသုနှင့် ပတ်သက်သည့်

ကိစ္စရပ်များအားတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

သရုပ်ဆောင်ပိုင်ဖြိုးသုသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပြည်သူများနှင့်အတူ တသားတည်းပါဝင်ခဲ့ခြင်းကြောင့်

စစ်ကောင်စီကနိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်တရားစွဲဆိုခြင်းခံထားသူတဦးဖြစ်သည်။

Zawgyi





