သဘာဝဘေးပုဒ်မနဲ့စွဲဆိုခံထားရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေထွက်ဆို

Unicode

သဘာဝဘေးပုဒ်မနဲ့စွဲဆိုခံထားရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်စွဲဆိုခံထားရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတို့အတွက် ဒီကနေ့ နိုဝင်ဘာ ၁ရက် က နေပြည်တော်အထူးတရားရုံးမှာကြားနာစစ်ဆေးခဲ့ပါတယ်။

တရားခွင်မစခင်မှာ ပုံမှန်အတိုင်းရှေ့နေအဖွဲ့နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး သဘာဝဘေးပုဒ်မနဲ့စွဲဆိုခံထားရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေ ထွက်ဆိုဖို့ဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရကြောင်း ရှေ့နေအသိုင်းအဝိုင်းမှာပြောဆိုနေကြပါတယ်။

တရားခွင်စတင်ချိန်မှာတော့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ဆက်သွယ်ရေးပုဒ်မတွေနဲ့စွဲဆိုထားတဲ့အမှုတွေကို စတင်စစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က စွဲချက်တင်ခဲ့ပြီဖြစ်လို့ ဒီကနေ့မှာတော့ အမှုရဲ့ ပြန်ခေါ်သက်သေ(၅)ဦးကိုစစ်ဆေးခဲ့ပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ တရားမဝင်စကားပြောစက် (၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့လို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေနဲ့ စွဲဆိုတာဟာ ပထမဆုံးအမှုဖြစ်ပါတယ်။ဒီစကားပြောစက်တွေတွေ့တဲ့ အမှုနဲ့ပဲ မတ်လမှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ တရားထပ်စွဲခဲ့တာပါ။

အဲဒီပြန်ခေါ်သက်သေတွေထဲမှာဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦး ၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ ရဲမှူးကြီးတစ်ဦးတို့ပါဝင်တယ်လို့သိရကြောင်း တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

အခုပြန်ခေါ်သက်သေ(၅)ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ထိန်းသိမ်းတဲ့ဖေဖော်ဝါရီ (၁) အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဝင်ရောက် ရှာဖွေခဲ့တဲ့ သူတွေဖြစ်တယ်လို့သိရကြောင်း နီးစပ်သူတွေကပြောပါတယ်။

ပြန်ခေါ်သက်သေတွေကိုစစ်ဆေးပြီးနောက်မှာတော့ သဘာဝဘေးစီမံပုဒ်မနဲ့စွဲဆိုခံထားရတဲ့ အမှုအတွက် ကိုယ်တိုင်သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ကျမ်းကျိန်ထွက်ဆိုခဲ့ပါတယ်။ ဒီကနေ့ ကြားနာတဲ့ အမှု ၃ မှုလုံးအတွက် ဆက်လက်စစ်ဆေးမှုကို လာမယ့် နိုဝင်ဘာ ၈ ရက် နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

Source: ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ – Getty Images

Zawgyi

သဘာဝေဘးပုဒ္မနဲ႕စြဲဆိုခံထားရတဲ့အမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္သက္ေသထြက္ဆို

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္စြဲဆိုခံထားရတဲ့အမႈေတြထဲက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ၊ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မနဲ႕ ဆက္သြယ္ေရးဥပေဒပုဒ္မတို႔အတြက္ ဒီကေန႕ နိုဝင္ဘာ ၁ရက္ က ေနျပည္ေတာ္အထူးတရား႐ုံးမွာၾကားနာစစ္ေဆးခဲ့ပါတယ္။

တရားခြင္မစခင္မွာ ပုံမွန္အတိုင္းေရွ႕ေနအဖြဲ႕နဲ႕ေဒၚေအာင္ဆန္းစုၾကည္တို႔ သီးသန႔္ေတြ႕ဆုံခြင့္ရခဲ့ၿပီး သဘာဝေဘးပုဒ္မနဲ႕စြဲဆိုခံထားရတဲ့အမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္သက္ေသ ထြက္ဆိုဖို႔ေဆြးေႏြးခဲ့ၾကတယ္လို႔ ၾကားသိရေၾကာင္း ေရွ႕ေနအသိုင္းအဝိုင္းမွာေျပာဆိုေနၾကပါတယ္။

တရားခြင္စတင္ခ်ိန္မွာေတာ့ ပို႔ကုန္သြင္းကုန္ပုဒ္မနဲ႕ဆက္သြယ္ေရးပုဒ္မေတြနဲ႕စြဲဆိုထားတဲ့အမႈေတြကို စတင္စစ္ေဆးခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္က စြဲခ်က္တင္ခဲ့ၿပီျဖစ္လို႔ ဒီကေန႕မွာေတာ့ အမႈရဲ႕ ျပန္ေခၚသက္ေသ(၅)ဦးကိုစစ္ေဆးခဲ့ပါတယ္။

အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီ ၁ ရက္ကေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ျမနန္းဘုံသာလမ္းေနအိမ္ကိုဝင္ေရာက္ရွာေဖြရာမွာ တရားမဝင္စကားေျပာစက္ (၁၀)လုံး နဲ႕ Jammer တစ္စုံ ေတြ႕လို႔ ဆိုၿပီး ဆက္သြယ္ေရးဥပေဒနဲ႕ စြဲဆိုတာဟာ ပထမဆုံးအမႈျဖစ္ပါတယ္။ဒီစကားေျပာစက္ေတြေတြ႕တဲ့ အမႈနဲ႕ပဲ မတ္လမွာ ပို႔ကုန္သြင္းကုန္ ဥပေဒနဲ႕ တရားထပ္စြဲခဲ့တာပါ။

အဲဒီျပန္ေခၚသက္ေသေတြထဲမွာဗိုလ္မႉးတစ္ဦး၊ ဗိုလ္ႀကီးႏွစ္ဦး ၊ တပ္ၾကပ္ႀကီးတစ္ဦးနဲ႕ ရဲမႉးႀကီးတစ္ဦးတို႔ပါဝင္တယ္လို႔သိရေၾကာင္း တရား႐ုံးနဲ႕နီးစပ္သူေတြကေျပာပါတယ္။

အခုျပန္ေခၚသက္ေသ(၅)ဦးဟာ ေဒၚေအာင္ဆန္းစုၾကည္ကို စတင္ထိန္းသိမ္းတဲ့ေဖေဖာ္ဝါရီ (၁) အာဏာသိမ္းတဲ့ေန႕က ေဒၚေအာင္ဆန္းစုၾကည္အိမ္မွာ ဝင္ေရာက္ ရွာေဖြခဲ့တဲ့ သူေတြျဖစ္တယ္လို႔သိရေၾကာင္း နီးစပ္သူေတြကေျပာပါတယ္။

ျပန္ေခၚသက္ေသေတြကိုစစ္ေဆးၿပီးေနာက္မွာေတာ့ သဘာဝေဘးစီမံပုဒ္မနဲ႕စြဲဆိုခံထားရတဲ့ အမႈအတြက္ ကိုယ္တိုင္သက္ေသအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္က က်မ္းက်ိန္ထြက္ဆိုခဲ့ပါတယ္။ ဒီကေန႕ ၾကားနာတဲ့ အမႈ ၃ မႈလုံးအတြက္ ဆက္လက္စစ္ေဆးမႈကို လာမယ့္ နိုဝင္ဘာ ၈ ရက္ ေန႕ကို ျပန္လည္ခ်ိန္းဆိုထားပါတယ္။

Source: ဘီဘီစီျမန္မာပိုင္း
ဓါတ္ပုံ – Getty Images