ဒီနေ့တစ်ရက်ထဲမှာပဲ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို မွေးစားခဲ့ကြောင်းပြောပြလာတဲ့ ခိုင်နှင်းဝေ

Unicode

ပရိသတ်ကြီးရေ ခိုင်နှင်းကတော့ အကြောင်းအမျိုးမျိုးကြောင့် မိဘတွေရဲ့စွန့်ပစ်ခြင်းကို ခံရတဲ့ လူမမယ်ကလေးငယ်တွေကို

ခေါ်ယူပြီးမွေးစားစောင့်ရှောက်နေခဲ့တာ ဒီနေ့မှာဆိုရင်လည်းတစ်ရက်တည်း ကလေးနှစ်ယောက်ကိုခေါ်ယူမွေးစားဖြစ်ခဲ့ပါတယ်တဲ့။ကလေးနှစ်ယောက်ကတော့ ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ဖြစ်ပြီး

သားလေးကတော့ မနေ့က ရန်ကင်း (၈)ရပ်ကွက်၊မဉ္ဓူ (၂)လမ်း ထဲမှာ စွန်ပစ်ခံခဲ့ရတာပါတဲ့။ သမီးလေးကတော့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ လွန်ခဲ့တဲ့ (၆)လက မိခင်ဖြစ်သူ (အရပ်သား အသက်(၁၉) နှစ်မှ ) မွေးဖွားပြီး ထားပစ်ခဲ့တာပါ။

ကလေးက (၁) ပေါင်ကျော်ပဲ ရှိတဲ့ အတွက် ဆေးရုံရှိ ဆရာဝန်များ ၊ ဆရာမ များမှ (၆)လ အထိ စောင့်ရှောက်ပေးထားတဲ့ သမီးလေးဖြစ်ပြီး

ကျန်းမာရေး စိတ်ချရတဲ့ အခြေအနေ ရောက်ပြီမို့ ဆက်လက် တာဝန်ယူ မွေးစားပေးပါရန် အကူအညီတောင်းခံလာတဲ့ အတွက် အမှန်တကယ် စွန့်ပစ်ခံ သမီးလေးမို့ ဂေဟာမှာ ခေါ်ယူ စောင့်ရှောက်ဖြစ်ပါတယ်တဲ့။

ခိုင်နှင်းဝေက သမီးလေးကို ဆေးရုံကနေခေါ်လာချိန်မှာ သမီးလေးကို ထိန်းပေးထားတဲ့ ဆရာမများ ငိုတဲ့အခါ စိတ်မကောင်းလဲ ဖြစ်ရပြီး သံယောဇဉ် ဆိုတဲ့ စိတ်လေးကိုလဲ ခံစားမိခဲ့ကြောင်းလည်း စိတ်မကောင်းစွာနဲ့ပြောပြထားခဲ့ပါသေးတယ်။

CeleZone ပရိသတ်ကြီးရေ မွေးစားခံရတဲ့ ကလေးငယ်လေးတွေကတော့ မေမေခိုင်နှင်းဝေရဲ့ မေတ္တာဓာတ်တွေကြောင့် အေးချမ်းစေမှာပါ။
Source – Khine Hnin Wai

Zawgyi

ပရိသတ္ႀကီးေရ ခိုင္ႏွင္းကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘေတြရဲ႕စြန႔္ပစ္ျခင္းကို ခံရတဲ့ လူမမယ္ကေလးငယ္ေတြကို

ေခၚယူၿပီးေမြးစားေစာင့္ေရွာက္ေနခဲ့တာ ဒီေန႕မွာဆိုရင္လည္းတစ္ရက္တည္း ကေလးႏွစ္ေယာက္ကိုေခၚယူေမြးစားျဖစ္ခဲ့ပါတယ္တဲ့။ကေလးႏွစ္ေယာက္ကေတာ့ ေယာက္်ားေလးတစ္ေယာက္မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး

သားေလးကေတာ့ မေန႕က ရန္ကင္း (၈)ရပ္ကြက္၊မၪၶဴ (၂)လမ္း ထဲမွာ စြန္ပစ္ခံခဲ့ရတာပါတဲ့။ သမီးေလးကေတာ့ မဂၤလာဒုံ စစ္ေဆး႐ုံမွာ လြန္ခဲ့တဲ့ (၆)လက မိခင္ျဖစ္သူ (အရပ္သား အသက္(၁၉) ႏွစ္မွ ) ေမြးဖြားၿပီး ထားပစ္ခဲ့တာပါ။

ကေလးက (၁) ေပါင္ေက်ာ္ပဲ ရွိတဲ့ အတြက္ ေဆး႐ုံရွိ ဆရာဝန္မ်ား ၊ ဆရာမ မ်ားမွ (၆)လ အထိ ေစာင့္ေရွာက္ေပးထားတဲ့ သမီးေလးျဖစ္ၿပီး

က်န္းမာေရး စိတ္ခ်ရတဲ့ အေျခအေန ေရာက္ၿပီမို႔ ဆက္လက္ တာဝန္ယူ ေမြးစားေပးပါရန္ အကူအညီေတာင္းခံလာတဲ့ အတြက္ အမွန္တကယ္ စြန႔္ပစ္ခံ သမီးေလးမို႔ ေဂဟာမွာ ေခၚယူ ေစာင့္ေရွာက္ျဖစ္ပါတယ္တဲ့။

ခိုင္ႏွင္းေဝက သမီးေလးကို ေဆး႐ုံကေနေခၚလာခ်ိန္မွာ သမီးေလးကို ထိန္းေပးထားတဲ့ ဆရာမမ်ား

ငိုတဲ့အခါ စိတ္မေကာင္းလဲ ျဖစ္ရၿပီး သံေယာဇဥ္ ဆိုတဲ့ စိတ္ေလးကိုလဲ ခံစားမိခဲ့ေၾကာင္းလည္း စိတ္မေကာင္းစြာနဲ႕ေျပာျပထားခဲ့ပါေသးတယ္။

CeleZone ပရိသတ္ႀကီးေရ ေမြးစားခံရတဲ့ ကေလးငယ္ေလးေတြကေတာ့ ေမေမခိုင္ႏွင္းေဝရဲ႕ ေမတၱာဓာတ္ေတြေၾကာင့္ ေအးခ်မ္းေစမွာပါ။
Source – Khine Hnin Wai