Dallas,Texas ပွဲမှာလည်း ထင်မမှတ်မထားလောက်အောင် ဝက်ဝက်ကွဲ အလှူငွေတွေရရှိခဲ့ပြန်တဲ့ အဆိုတော် ဆောင်းဦးလှိုင်..

Unicode

Dallas,Texas ပွဲမှာလည်း ထင်မမှတ်မထားလောက်အောင် ဝက်ဝက်ကွဲ အလှူငွေတွေရရှိခဲ့ပြန်တဲ့ အဆိုတော် ဆောင်းဦးလှိုင်..

အဆိုတော်ဆောင်ဦးလှိုင်ဟာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေရေးခရီးစဉ်အဖြစ် Boston, Albany,5 – Chapel Hill, NC, New York City, Louisville, Kentucky, Los Angles, Maryland, Washington DC,

San Francisco, Dallas, Texas အစရှိတဲ့မြို့တွေကို သွားရောက်ပြီး နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် တစ်ကိုယ်တော် တေးသီချင်းများ ဖျော်ဖြေကာ ရန်ပုံငွေရှာပေးနေတဲ့ အနုပညာရှင်တစ်ဦး လည်းဖြစ်ပါတယ်။သူဟာ ရန်ပုံငွေရှာဖွေရေး ခရီးစဉ်ကနေ ရရှိလာသမျှကိုလည်း နွေဦးတော်လှန်ရေးအတွက် လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်၊၊

ဆောင်းဦးလှိုင်ဟာ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေထောက်ပံ့ဖို့ရန်အတွက် သူတတ်ကျွမ်းတဲ့ အနုပညာဖြင့် ဖျော်ဖြေပေးနေတဲ့ ပွဲစဉ်ဟာ ၁၀ကြိမ်မြောက်ရှိလာခဲ့ပြီး စုစုပေါင်း $ ၆၃၀၀၀၀ ကျော်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စနေ့က ကျင်းပခဲ့တဲ့ Dallas,Texas ပွဲဟာ သူရဲ့ ‌အပိတ်ပွဲစဉ်လည်းဖြစ်ပါတယ်။သူဖျော်ဖြေခဲ့တဲ့နောက်ဆုံး Dallas,Texas ပွဲစဉ်မှာ ရန်ပုံငွေ $၁၀၇၀၀၀ ဖြင့် ပွဲစဉ်တစ်လျှောက်လုံးမှာ အများဆုံးရရှိခဲ့တဲ့ ရန်ပုံငွေလို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်ဟာ သူပိုင်ဆိုင်တဲ့ အင်္ကျီ၊ဦးထုပ်နဲ့ဂစ်တာတွေကို လေလံတင်ရောင်းချပြီး နွေဦးတော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ရန်ပုံငွေရှာပေးနေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။
သတင်းအရင်းအမြစ်៖ Saung Oo Hlaing crd MM Load

Zawgyi





