သီတင်းကျွတ်အခါသမယလေးမှာ ယောက္ခမဖြစ်သူကို ဇေကမ္ဘာပြတိုက်ထိသွားရောက်ပြီး ကန်တော့ခဲ့တဲ့ နန္ဒာလှိုင်တို့မိသားစု

Unicode

သီတင်းကျွတ်အခါသမယလေးမှာ ယောက္ခမဖြစ်သူကို ဇေကမ္ဘာပြတိုက်ထိသွားရောက်ပြီး ကန်တော့ခဲ့တဲ့ နန္ဒာလှိုင်တို့မိသားစု

ပရိသတ်ကြီးရေ နန္ဒါလှိုင်ကတော့အ နုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့ရုံသာမက အိမ်ထောင်ရေးမှာလည်း ခင်ပွန်းရဲ့အလိုလိုက်မှု သိတတ်မှု ဂရုစိုက်မှုတွေကို ရရှိကာ

သာယာပျော်ရွှင်အေးချမ်းတဲ့ အိမ်ထောင်သည်ဘဝလေးကိုပိုင်ဆိုင်ထားတာပါ။အမြဲအိမ်ထောင်ရှင်မတာဝန်ကိုကျေပွန်သလို မိဘဆရာ သမားတွေအပေါ်မှာလည်း သိတတ်လွန်းသူတစ်ယောက်ပါ။

ချစ်စရာသမီးလေး(၃)ဦးကိုပိုင်ဆိုင်ထားကာ သူမရဲ့ ဘဝကို သမီးလေးတွေကိုပြုစုစောင့်ရှောက် ရင်းအေးချမ်းစွာဖြတ်သန်းနေတဲ့ မင်းသမီးဟောင်းတစ်လက်လို့ဆိုရမှာပါ။ အလှူအတန်းရက်ရောလွန်းတာကြောင့်လည်း သီရိသုဓမ္မရာဇာဘွဲ့ကိုလည်း ရရှိထားသူပါ။

အခုလိုသီတင်းကျွတ်အခါသမယမှာ မြန်မာ့ဓလေ့ထုံးတမ်းတွေအရ သူမရဲ့ ယောက္ခမဖြစ်သူကို မိသားစုလိုက် သွားရောက် ကန်တော့ခဲ့ကြတဲ့အပြင် ဇေကမ္ဘာပြတိုက်မှာလည်း လည်ပတ်ခဲ့ကြောင်းကိုသူမရဲ့ခင်ပွန်းဖြစ်သူဇေသီဟအကောင့်ကနေ ပျော်ရွှင်ကြည်နူးဖွယ် ပုံရိပ်လေးတွေနဲ့တင်လာခဲ့တာပါ။

ဘယ်အချိန်ကြည့်ကြည့် သာယာကြည်နူးဖွယ်ကောင်းလှတဲ့ နန္ဒါလှိုင်ရဲ့ မိသားစုဘဝလေးကို သဘောကျရင် မှတ်ချက်တစ်ခုခု ပေးခဲ့ကြပါဦးပရိသတ်ကြီးရေ ။
Credit– CeleGabar
Source – ZayThiha

Zawgyi






Credit– CeleGabar
Source – ZayThiha