ရန်ကုန်မြို့လယ်က KBZ ဘဏ် ဓားပြတိုက်ခံရ

Unicode

ရန်ကုန်မြို့လယ်က KBZ ဘဏ် ဓားပြတိုက်ခံရ

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ KBZ ဘဏ် ဓားပြတိုက်ခံရကြောင်း အနီးအနားတွင် နေထိုင်သူများကပြောသည်။

မဟာဗန္ဓုလလမ်းပေါ် (၄၇) လမ်းနှင့် (၄၈) လမ်းကြားရှိ KBZ ဘဏ်အား

မျက်နှာဖုံးစွပ် လူငါးဦးခန့်က ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

” ဖြစ်သွားတာ တော်တော်မြန်တယ်။ ဘဏ်လုံခြုံရေးတွေတော့ အထိုးအကြိတ်ခံရတယ်လို့ သိရတယ်။

ငွေဘယ်လောက်ပါလဲဆိုတာ မသိရသေးဘူး” ဟု အနီးအနားတွင် နေထိုင်သူတစ်ဦးကပြောကြားသည်။

လက်ရှိတွင် မဟာဗန္ဓုလမ်းပေါ်နှင့် တံတားပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြပ်စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။
Source: Mizzima

Zawgyi







Source: Mizzima