ရုပ်ရှင်တကားကို (၅)ရက်လောက်နဲ့အပြီးရိုက်ချင်နေတဲ့ ထုတ်လုပ်သူနဲ့ဒါရိုက်တာတွေကြောင့် ရုပ်ရှင်လောကကြီး ပျက်စီးလာတဲ့အကြောင်း ရင်ဖွင့်လာတဲ့ မင်းသားကြီးကျော်ရဲအောင်…

Unicode

ရုပ်ရှင်တကားကို (၅)ရက်လောက်နဲ့အပြီးရိုက်ချင်နေတဲ့ ထုတ်လုပ်သူနဲ့ဒါရိုက်တာတွေကြောင့် ရုပ်ရှင်လောကကြီး ပျက်စီးလာတဲ့အကြောင်း ရင်ဖွင့်လာတဲ့ မင်းသားကြီးကျော်ရဲအောင်…

ဝါရင့်မင်းသားကြီး ကျော်ရဲအောင်ကတော့ ပရိသတ်တွေကြား ယခုထိအောင်မြင်မှု့တွေကို ပိုင်ဆိုင်ထားနိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်နော်။ ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်း စကားပြောတတ်သလို သဘာဝဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း လူကြိုက်များလျှက် ရှိတာဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း ပြည်သူတွေနဲ့တသားတည်း ရပ်တည်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။

ယခုနောက်ပိုင်းမှာတော့ ကျော်ရဲအောင်ဟာ ရုပ်ရှင်ရိုက်ကူးမှုတွေ နည်းလာခဲ့တာဖြစ်ပြီး အနုပညာလှုပ်ရှားမှု ကြဲပါးသွားခဲ့တာပါ ဒီအကြောင်းကို ကျော်ရဲအောင်က အခုလိုရှင်းပြလာခဲ့ပါတယ်။ “ဇာတ်ကားတွေ မရိုက်ဖြစ်ဘူးဆိုတာ ကိုဗစ်ကော ကိုဗစ်မရှိတုန်းကလဲ သိပ်ပြီးမရိုက်ဖြစ်ဘူး။ နည်းနည်းပါးပါးပဲလုပ်ဖြစ်တယ် ဇာတ်ကားတွေကို သိပ်ပြီးတော့မရွေးချယ်ပေမယ့် မရိုက်ဖြစ်တာကတော့ လာမငှားလို့မရိုက်ဖြစ်တာလေ၊ လာမငှားတာရယ် နောက်တစ်ခုက ကိုယ်သိပ်မကြိုက်တာရယ် ငှားတဲ့ဟာကျတော့လဲ သိပ်ပြီးတော့ အဆင်မပြေဘူး။

သိပ်မလိုက်ဘူးလေ ကိုယ်နဲ့လိုက်ရင်တော့ ရိုက်ဖြစ်ပါတယ်”လို့ဆိုလာခဲ့တာပါ။ ဆက်လက်ပြီး ကျော်ရဲအောင်က “အခုနောက်ပိုင်းတော့ တော်ကြပါတယ်။ ရုပ်ရှင်ရိုက်တဲ့ ဒါရိုက်တာအသစ်လေးတွေနဲ့ ကျွန်တော်များများရိုက်ဖူးတယ်။ သူတို့တွေ စိတ်ရှည်လက်ရှည်ရိုက်ကြတယ်။အရင်လို ဝုန်းဒိုင်းဝုန်းဒိုင်းမဟုတ်တဲ့ အတွက်ကြောင့် စိတ်ချမ်းသာတယ်။

ကျွန်တော်က အဲ့လိုရိုက်ချင်တာ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကားမရိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မေးလို့ပြောပြရဦးမယ် ကားရိုက်ရတာ အရင်တုန်းကကောင်းတယ်ဗျ ကောင်းတယ်ဆိုတာ တိုင်တိုင်ပင်ပင်နဲ့ရိုက်ကြတယ် အနည်းဆုံးမရိုက်ဘူးဆိုရင် တောင်ရက်(၂၀)လောက် ကြာကြတယ်။ အခုဟာကရက်(၂၀)မဟုတ်တော့ဘူးလေ အခုဟာကားက(၇)ရက်နဲ့ တစ်ကား(၅)ရက်နဲ့ တစ်ကားပြီးအောင်လိုက်ရိုက်တဲ့ အခါကျတော့ ကျွန်တော်က မရိုက်ချင်တော့ဘူး။ နောက်ပြီးတော့ အဲ့လောက်ကြီးလဲ ကျွန်တော်မလိုက်နိုင်ဘူး။

ဇာတ်ကားတစ်ကား ရိုက်ပြီဆိုနဲနဲပါးပါး တိုင်တိုင်ပင်ပင်တော့ရှိရမယ်ဗျ။ ဘယ်လို တိုင်တိုင်ပင်ပင်ရှိရမလဲဆိုတော့ သရုပ်ဆောင်နဲ့ ဒါရိုက်တာနဲ့နောက်ပြီးတော့ သရုပ်ဆောင်အချင်းချင်းတွေ အဲ့လိုတိုင်တိုင်ပင်ပင်လုပ်မှ အပေးအယူတွေမျှတာ အခုဟာ ကားအရေအတွက်များဖို့ ပြသခွင့်မြန်မြန်ရဖို့ ရို.က်နေကြတော့ ကြာလာတော့ မရိုင်ချင်တော့ဘူး။ ကျွန်တော်က ပေတီးပေကပ်လုပ်လာတဲ့ အခါ ကျတော့ ဘာဖြစ်လာလဲဆိုတော့ ကျွန်တော် မကောင်းဘူးဖြစ်သွားရော။

အဲ့တော့အဆင်ပြေအောင် မြန်မြန်ရိုက်တဲ့ သူတွေကြောင့် ကိုယ်ပဲဦးနှောက် မကောင်းလို့လား မသိဘူးလိုက်မမှီဘူး။ နောက်တစ်ခုကမြန်မြန်ဆန်ဆန်မရိုက် တတ်ဘူး။ ကျွန်တော်က အကြာကြီးရိုက်ဖို့ကို ပြောတာမဟုတ်ဘူး။ အခုဟာက တစ်ယောက်နဲ့တစ်ယောက် ညှိချိန်မရှိတော့ဘူး။ အဲ့တာမျိုးတွေက သိပ်ကြာလာတဲ့အခါ များလာတဲ့အခါမျိုးမှာ ကျတော့ ရုပ်ရှင်လောကကြီးပါ မကောင်းတော့ဘူး။

တဖြည်းဖြည်း အဲ့လိုဖြစ်သွားတယ်။ တဖြည်းဖြည်းနဲ့ ဒါရိုက်တာတွေဟာ ထုတ်လုပ်သူကို အလိုလိုက်တယ်။ ထုတ်လုပ်သူတွေကလဲ ရက်နည်းနည်းနဲ့ များများလိုချင်ကြတယ် ။လူတိုင်းကတော့ ဒီတိုင်းပဲလေ။ ပိုက်ဆံတွေရင်းနှီးထားရတော့ သူတို့လဲများများတော့ လ်ုချင်မှာပဲ။ ရက်နဲနဲနဲ့ များများရ သူတို့လဲကိုက်တယ်။ သူတို့ကိုလဲ အပြစ်မပြောပါဘူး။ဒါပေမယ့် ဘာစည်းစောင့်သင့်လဲဆိုတော့ (၅)ရက်နဲ့အပြီးရိုက်ချင်တဲ့သူတွေရှိကြတယ်။

အဲ့လိုတော့မလုပ်သင့်ဘူး။ မကောင်းတာတော့ အကုန်လုံးမကောင်းကြတာပါ။ တစ်ယောက်ထဲတော့ သွားပြောလို့မရဘူး။“ဆိုပြီး ပြောပြလာခဲ့တာဖြစ်ပါတယ်။ ကျော်ရဲအောင်ကတော့ ရုပ်ရှင်တစ်ကားကို၅ရက်နဲ့ အပြီးရိုက်သူတွေကြောင့် ရုပ်ရှင်လောကကြီး ပျက်စီးလာတဲ့အကြောင်း ပြောပြသွားခဲ့တာပါနော်။

ပရိသတ်ကြီးလည်းကျော်ရဲအောင်ရဲ့အမြင်လေးကိုသဘောတူမတူပြောခဲ့ကြပါဦးနော်။ မြန်မာပြည်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပြီးဖတ်ရှု့ပေးကြတဲ့ မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွ.တ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။
Credit

Zawgyi

႐ုပ္ရွင္တကားကို (၅)ရက္ေလာက္နဲ႕အၿပီးရိုက္ခ်င္ေနတဲ့ ထုတ္လုပ္သူနဲ႕ဒါရိုက္တာေတြေၾကာင့္ ႐ုပ္ရွင္ေလာကႀကီး ပ်က္စီးလာတဲ့အေၾကာင္း ရင္ဖြင့္လာတဲ့ မင္းသားႀကီးေက်ာ္ရဲေအာင္…

ဝါရင့္မင္းသားႀကီး ေက်ာ္ရဲေအာင္ကေတာ့ ပရိသတ္ေတြၾကား ယခုထိေအာင္ျမင္မႈ႕ေတြကို ပိုင္ဆိုင္ထားနိုင္သူတစ္ဦးပဲ ျဖစ္ပါတယ္ေနာ္။ ပြင့္ပြင့္လင္းလင္း ရိုးရိုးရွင္းရွင္း စကားေျပာတတ္သလို သဘာဝဆန္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္လည္း လူႀကိဳက္မ်ားလွ်က္ ရွိတာျဖစ္ပါတယ္။ လက္ရွိကာလမွာလည္း ျပည္သူေတြနဲ႕တသားတည္း ရပ္တည္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္ေနာ္။

ယခုေနာက္ပိုင္းမွာေတာ့ ေက်ာ္ရဲေအာင္ဟာ ႐ုပ္ရွင္ရိုက္ကူးမႈေတြ နည္းလာခဲ့တာျဖစ္ၿပီး အႏုပညာလႈပ္ရွားမႈ ႀကဲပါးသြားခဲ့တာပါ ဒီအေၾကာင္းကို ေက်ာ္ရဲေအာင္က အခုလိုရွင္းျပလာခဲ့ပါတယ္။ “ဇာတ္ကားေတြ မရိုက္ျဖစ္ဘူးဆိုတာ ကိုဗစ္ေကာ ကိုဗစ္မရွိတုန္းကလဲ သိပ္ၿပီးမရိုက္ျဖစ္ဘူး။ နည္းနည္းပါးပါးပဲလုပ္ျဖစ္တယ္ ဇာတ္ကားေတြကို သိပ္ၿပီးေတာ့မေ႐ြးခ်ယ္ေပမယ့္ မရိုက္ျဖစ္တာကေတာ့ လာမငွားလို႔မရိုက္ျဖစ္တာေလ၊ လာမငွားတာရယ္ ေနာက္တစ္ခုက ကိုယ္သိပ္မႀကိဳက္တာရယ္ ငွားတဲ့ဟာက်ေတာ့လဲ သိပ္ၿပီးေတာ့ အဆင္မေျပဘူး။

သိပ္မလိုက္ဘူးေလ ကိုယ္နဲ႕လိုက္ရင္ေတာ့ ရိုက္ျဖစ္ပါတယ္”လို႔ဆိုလာခဲ့တာပါ။ ဆက္လက္ၿပီး ေက်ာ္ရဲေအာင္က “အခုေနာက္ပိုင္းေတာ့ ေတာ္ၾကပါတယ္။ ႐ုပ္ရွင္ရိုက္တဲ့ ဒါရိုက္တာအသစ္ေလးေတြနဲ႕ ကြၽန္ေတာ္မ်ားမ်ားရိုက္ဖူးတယ္။ သူတို႔ေတြ စိတ္ရွည္လက္ရွည္ရိုက္ၾကတယ္။အရင္လို ဝုန္းဒိုင္းဝုန္းဒိုင္းမဟုတ္တဲ့ အတြက္ေၾကာင့္ စိတ္ခ်မ္းသာတယ္။

ကြၽန္ေတာ္က အဲ့လိုရိုက္ခ်င္တာ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ကားမရိုက္တဲ့ ကိစၥနဲ႕ပတ္သတ္ၿပီး ေမးလို႔ေျပာျပရဦးမယ္ ကားရိုက္ရတာ အရင္တုန္းကေကာင္းတယ္ဗ် ေကာင္းတယ္ဆိုတာ တိုင္တိုင္ပင္ပင္နဲ႕ရိုက္ၾကတယ္ အနည္းဆုံးမရိုက္ဘူးဆိုရင္ ေတာင္ရက္(၂၀)ေလာက္ ၾကာၾကတယ္။ အခုဟာကရက္(၂၀)မဟုတ္ေတာ့ဘူးေလ အခုဟာကားက(၇)ရက္နဲ႕ တစ္ကား(၅)ရက္နဲ႕ တစ္ကားၿပီးေအာင္လိုက္ရိုက္တဲ့ အခါက်ေတာ့ ကြၽန္ေတာ္က မရိုက္ခ်င္ေတာ့ဘူး။ ေနာက္ၿပီးေတာ့ အဲ့ေလာက္ႀကီးလဲ ကြၽန္ေတာ္မလိုက္နိုင္ဘူး။

ဇာတ္ကားတစ္ကား ရိုက္ၿပီဆိုနဲနဲပါးပါး တိုင္တိုင္ပင္ပင္ေတာ့ရွိရမယ္ဗ်။ ဘယ္လို တိုင္တိုင္ပင္ပင္ရွိရမလဲဆိုေတာ့ သ႐ုပ္ေဆာင္နဲ႕ ဒါရိုက္တာနဲ႕ေနာက္ၿပီးေတာ့ သ႐ုပ္ေဆာင္အခ်င္းခ်င္းေတြ အဲ့လိုတိုင္တိုင္ပင္ပင္လုပ္မွ အေပးအယူေတြမွ်တာ အခုဟာ ကားအေရအတြက္မ်ားဖို႔ ျပသခြင့္ျမန္ျမန္ရဖို႔ ရို.က္ေနၾကေတာ့ ၾကာလာေတာ့ မရိုင္ခ်င္ေတာ့ဘူး။ ကြၽန္ေတာ္က ေပတီးေပကပ္လုပ္လာတဲ့ အခါ က်ေတာ့ ဘာျဖစ္လာလဲဆိုေတာ့ ကြၽန္ေတာ္ မေကာင္းဘူးျဖစ္သြားေရာ။

အဲ့ေတာ့အဆင္ေျပေအာင္ ျမန္ျမန္ရိုက္တဲ့ သူေတြေၾကာင့္ ကိုယ္ပဲဦးေႏွာက္ မေကာင္းလို႔လား မသိဘူးလိုက္မမွီဘူး။ ေနာက္တစ္ခုကျမန္ျမန္ဆန္ဆန္မရိုက္ တတ္ဘူး။ ကြၽန္ေတာ္က အၾကာႀကီးရိုက္ဖို႔ကို ေျပာတာမဟုတ္ဘူး။ အခုဟာက တစ္ေယာက္နဲ႕တစ္ေယာက္ ညွိခ်ိန္မရွိေတာ့ဘူး။ အဲ့တာမ်ိဳးေတြက သိပ္ၾကာလာတဲ့အခါ မ်ားလာတဲ့အခါမ်ိဳးမွာ က်ေတာ့ ႐ုပ္ရွင္ေလာကႀကီးပါ မေကာင္းေတာ့ဘူး။

တျဖည္းျဖည္း အဲ့လိုျဖစ္သြားတယ္။ တျဖည္းျဖည္းနဲ႕ ဒါရိုက္တာေတြဟာ ထုတ္လုပ္သူကို အလိုလိုက္တယ္။ ထုတ္လုပ္သူေတြကလဲ ရက္နည္းနည္းနဲ႕ မ်ားမ်ားလိုခ်င္ၾကတယ္ ။လူတိုင္းကေတာ့ ဒီတိုင္းပဲေလ။ ပိုက္ဆံေတြရင္းႏွီးထားရေတာ့ သူတို႔လဲမ်ားမ်ားေတာ့ လ္ုခ်င္မွာပဲ။ ရက္နဲနဲနဲ႕ မ်ားမ်ားရ သူတို႔လဲကိုက္တယ္။ သူတို႔ကိုလဲ အျပစ္မေျပာပါဘူး။ဒါေပမယ့္ ဘာစည္းေစာင့္သင့္လဲဆိုေတာ့ (၅)ရက္နဲ႕အၿပီးရိုက္ခ်င္တဲ့သူေတြရွိၾကတယ္။

အဲ့လိုေတာ့မလုပ္သင့္ဘူး။ မေကာင္းတာေတာ့ အကုန္လုံးမေကာင္းၾကတာပါ။ တစ္ေယာက္ထဲေတာ့ သြားေျပာလို႔မရဘူး။“ဆိုၿပီး ေျပာျပလာခဲ့တာျဖစ္ပါတယ္။ ေက်ာ္ရဲေအာင္ကေတာ့ ႐ုပ္ရွင္တစ္ကားကို၅ရက္နဲ႕ အၿပီးရိုက္သူေတြေၾကာင့္ ႐ုပ္ရွင္ေလာကႀကီး ပ်က္စီးလာတဲ့အေၾကာင္း ေျပာျပသြားခဲ့တာပါေနာ္။

ပရိသတ္ႀကီးလည္းေက်ာ္ရဲေအာင္ရဲ႕အျမင္ေလးကိုသေဘာတူမတူေျပာခဲ့ၾကပါဦးေနာ္။ ျမန္မာျပည္ႀကီးလဲအျမန္ဆုံးၿငိမ္းခ်မ္းၿပီးဖတ္ရႈ႕ေပးၾကတဲ့ ျမန္မာျပည္သူ/သားမ်ားအားလုံးစစ္အာဏာရွင္လက္ေအာက္ကေန အျမန္ဆုံးလြ.တ္ေျမာက္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ရပါတယ္။
Credit