လွတ်မြောက်နယ်မြေမှာ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ ပြည့်သူ့မင်းသမီး မြနှင်းရည်လွင်
Unicode
လွတ်မြောက်နယ်မြေမှာရောက်ရှိနေပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ပေးနေတဲ့ ပြည်သူ့မင်းသမီး မြနှင်းရည်လွင်ဟာဆိုရင် မကြာသေးမီက ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားရတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာရဲ့ My Day မှာတင်ထားပါတယ်။
သူမဟာ အခက်အခဲတွေ အများကြီးကြားထဲကနေ ခိုင်မာတဲ့ ရပ်တည်ချက်တစ်ခုနဲ့ အခုလို လူတိုင်းမလုပ်နိုင်တဲ့ အရာတစ်ခုကို ရဲရဲဝင့်ဝင့်လုပ်ပြနိုင်တဲ့သူတစ်ယောက်ပါ။
တောထဲကိုစတင်ရောက်ရှိစဉ်အခါကလည်း မြို့ပေါ်မှာ နေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် တောခြင်ရိုင်းတွေရဲ့ ဒဏ်ကိုခံခဲ့ရပါသေးတယ်။
အခုတစ်ခေါက်မှာလည်း တောထဲတောင်ထဲမှာနေရင်း ကိုဗစ်ကူးစက်ခံထားရတာဖြစ်ပါတယ်။ ပြည်သူတွေကလည်း
ပြည်သူ့မင်းသမီး ကပ်ရောဂါဆိုးကြီးကို အမြန်ဆုံးတိုက်ထုတ်နိုင်ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေးထားကြပါတယ်။
ဒါ့အပြင် သူမဟာ သီတင်းကျွတ်အခါသမယမှာ နိုင်ငံသူ ၊ နိုင်ငံသားများအားလုံး ကျန်းမာပျော်ရွှင် ၊ ဘေးကင်းလုံခြုံကြပါစေလို့ဆုတောင်းပေးရင်း ပြည်သူများအားလုံးကို ရင်ထဲကနေလွမ်းပါတယ်လို့ ပြောထားပါသေးတယ်။
Credit
Zawgyi
Credit