သီတင်းကျွတ်လပြည့်နေမှာ အ​ဖေနဲ့အ​မေကို လက်စုံမိုး အနီးကပ် ကန်​တော့ချင်တယ်ဆိုပြီး ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ ထားထက်ထက်

Unicode

ပြည်သူတွေက ချီးကျူးလေးစားနေရတဲ့ မော်ဒယ် သရုပ်ဆောင် ထားထက်ထက်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူ

တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သော အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။အခုလို ပါဝင်ခဲ့တဲ့အတွက်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံထားရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘေးကင်းရာသို့တိမ်းရှောင်ရင်း ပြည်သူတွေရဲ့ အန္တရာယ်တွေကို ရှေ့ဆုံးကနေ ကာကွယ်ရန် တတ်နိုင်သလောက် ကြိုးစားနေသူဖြစ်ပါတယ်။

ထားထက်ထက်ကတော့ မိန်းကလေးဖြစ်ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ပြီး တောတောင်ထဲမှာ ဒုက္ခမျိုးစုံကိုရင်ဆိုင်နေတာဖြစ်ပါတယ်။

လှလှပပလေးနေပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေရမယ့်အချိန်မှာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး ခက်ခဲကြမ်းတမ်းတဲ့လမ်းကို ရွေးချယ်လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။

ဝေးတစ်နေရာကိုရောက်နေချိန်မှာ သူမရဲ့ဖခင်ဆုံးသွားတာတောင် အနားမှာမရှိပေးလိုက်နိုင်လို့ ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။

မနေ့က သီတင်းကျွတ်လပြည့်နေမှာလည်း ထားထက်ထက်က သူ့အဖေနဲ့အ​မေကို လက်စုံမိုး အနီးကပ် ကန်​တော့ချင်တယ်ဆိုပြီး ဝမ်းနည်းစွာရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။

အဝေးတစ်နေရာကိုရောက်နေချိန်မှာအရင်နှစ်တွေက မိသားစုနဲ့ သီတင်းကျွတ်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ မေ့မရနိုင်တဲ့ အမှတ်တရတွေကို ပြန်လည်တမ်းတ သတိရနေတာ ဖြစ်ပါတယ်။

ထားထက်ထက်က လွတ်မြေတစ်နေရာမှာ သိပ်လှလွန်းတဲ့ လမင်းကြီးရယ် တိမ်တွေ အထပ်ထပ် နဲ့ ကောင်းကင်ကြီးရယ်ကို ကြည့် ပြီးဖယောင်းတိုင်းလေး ထွန်းရင်း လွမ်းလို့ ငိုနေရပါတယ်။

ထားထက်ထက်က “အရင်နှစ်တွေကနဲ့ လုံးဝ မတူတဲ့ ခံစားချက် ပေါင်းစုံ နဲ့ အဆိုးဆုံး နှစ်တနှစ်လို့ ခံစားရတယ်…

နေ့စဉ်ကန်တော့တယ် ဆိုပေမယ့် ဒီလိုနေ့မျိုးမှာ နှစ်စဉ် မောင်နှမတွေ စုံစုံညီညီ နဲ့ မိဘ နှစ်ပါး စုံ ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကန်တော့ကြ ၊

မုန့်တွေ လုပ်စားကြ ၊မီးပန်းတွေ ဖောက်ကြနဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်တွေပေါ့မှတ်မှတ်ရရ အမအကြီးဆုံးနဲ့အတူတူ အိမ်ဆောက်လက်စရဲ့

အပေါ်ဆုံးထပ်မှာ မီးရှူးမီးပန်းအကြီးကြီးတွေကို ဖောက်ကြလို့ ရုံးခန်းရောက်ခဲ့ရတာတွေ ၊ခြံထဲမှာ အဖေအမေတို့နဲ့ အတူတူ မီးထွန်း ငရဲမီးဆော့ခဲ့တာတွေ မေ့မရနိုင်တဲ့အမှတ်တရတွေပါပဲ

နောက် ဘယ်တော့မှပြန်မရနိုင်မယ့် အမှတ်တရတွေဖြစ်ကျန်ခဲ့ပြီလေ အခုတော့ သိပ်လှလွန်းတဲ့လမင်းကြီးရယ်

တိမ်တွေ အထပ်ထပ် နဲ့ ကောင်းကင်ကြီးရယ်ကိုကြည့် ၊ ဖယောင်းတိုင်းလေး ထွန်းရင်းလွမ်းလို့ငိုရပါတယ်…

အဖေနဲ့အမေကို မနှစ်ကအတိုင်း လက်စုံမိုး အနီးကပ် ကန်တော့ချင်လိုက်တာ… ဖြစ်ချင်တာတွေ မဖြစ်နိုင်တော့လဲ အနီးနားရှိတဲ့ အဖူး နဲ့

လူကြီးသူမတွေကို ကန်တော့ရင်း ကုသိုလ်ယူရပါတယ်…” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာရေးသားထားတာပဲဖြစ်ပါတယ်။
CRD:mdatenews
mdatenews

Zawgyi




















CRD:mdatenews
mdatenews