နေကြာပန်း ဝတ်စုံဟာ စစ်ကောင်စီက အနေကြာဖို့အတွက် ယတြာချေဖို့ထုပ်လုပ်လိုက်တာဖြစ်ကြောင်းသိရ

Unicode

ယနေ့ အောက်တိုဘာလ ၂၀ရက် သီတင်း ကျွတ်လပြည့်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြား တန်ခိုးကြီးဘုရားများသို့ ဘရားဖူးများစည်ကားသိုက် မြိုက်စွာသွားလာနေကြသည့် ဓာတ်ပုံများ လူမှုကွန်ယက်တွင်ပျံ့နှံ့လျက်ရှိသည်။

ယင်းကဲ့သို့ ဘုရား သွားရောက်ဖူးမျှော်ကြသူများ တွင် စစ်ကောင်စီထောက်ခံသူအမျိုးသမီးအများအပြားပါဝင်နေပြီး အဆိုပါ အမျိုးသမီးများမှာ နေ ကြာပန်းပုံပါသည့် ဝတ်စုံများ အရောင်အသွေး စုံလင်စွာဝတ်ဆင်နေမှုများကို လူမှုကွန်ယက်ပေါ်တွင် တွေ့ရှိရသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ဝါဒဖြန့် မီဒီယာများဖြစ်သည့် MRTV၊MWD ရုပ်သံလိုင်းများတွင်လည်း သတင်းကြေငြာသည့်အမျိုးသမီးများ ကိုယ်တိုင် နေကြာပန်းဝတ်စုံများဖြင့် သတင်းကြေငြာနေသည်ကိုတွေ့ရသည်။

ဗေဒင်လက္ခဏာကျွမ်းကျင်သူများ အနေဖြင့် အာဏာသိမ်းစစ်ကောင်စီမှ ၄င်းတို့အနေကြာရေးအတွက် “နေကြာပန်း”ပါသော ဝတ်စုံများဝတ်ဆင်ခိုင်း၍ သီတင်းကျွတ်လပြည့်နေ့တွင် ၄င်းတို့ထောက်ခံသူ များအား ယတြာချေသည့်အနေဖြင့် ဝတ်ဆင်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကလည်း စစ်တပ်က လက်ရှိစစ်စိမ်းရောင်ယူနီဖောင်းအပြင် အစိမ်းနုရောင်ယူနီဖောင်းအား တနလ်ာနေ့တရက်ဝတ်ဆင်ရန် ညွှန်ကြားခဲ့ပြီး အဆိုပါ

“စိမ်းနုရောင်”သည် “စုနိမ့်”ဆိုသည့်ကက်ကင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် နာမ်နှိမ်လို၍ ဝတ်ဆင်ခိုင်းခြင်းဖြစ်ကြောင်း နက္ခဗေဒင်ဆရာများ၏ သုံးသပ်ပြောဆိုချက်များအရ သိရသည်။
credit

Zawgyi

ယေန႕ ေအာက္တိုဘာလ ၂၀ရက္ သီတင္း ကြၽတ္လျပည့္ေန႕တြင္ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕အပါအဝင္ ျမန္မာနိုင္ငံ အႏွံ႕အျပား တန္ခိုးႀကီးဘုရားမ်ားသို႔ ဘရားဖူးမ်ားစည္ကားသိုက္ ၿမိဳက္စြာသြားလာေနၾကသည့္ ဓာတ္ပုံမ်ား လူမႈကြန္ယက္တြင္ပ်ံ့ႏွံ႕လ်က္ရွိသည္။

ယင္းကဲ့သို႔ ဘုရား သြားေရာက္ဖူးေမွ်ာ္ၾကသူမ်ား တြင္ စစ္ေကာင္စီေထာက္ခံသူအမ်ိဳးသမီးအမ်ားအျပားပါဝင္ေနၿပီး အဆိုပါ အမ်ိဳးသမီးမ်ားမွာ ေန ၾကာပန္းပုံပါသည့္ ဝတ္စုံမ်ား အေရာင္အေသြး စုံလင္စြာဝတ္ဆင္ေနမႈမ်ားကို လူမႈကြန္ယက္ေပၚတြင္ ေတြ႕ရွိရသည္။

အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္ရွိ ဝါဒျဖန့္ မီဒီယာမ်ားျဖစ္သည့္ MRTV၊MWD ႐ုပ္သံလိုင္းမ်ားတြင္လည္း သတင္းေၾကျငာသည့္အမ်ိဳးသမီးမ်ား ကိုယ္တိုင္ ေနၾကာပန္းဝတ္စုံမ်ားျဖင့္ သတင္းေၾကျငာေနသည္ကိုေတြ႕ရသည္။

ေဗဒင္လကၡဏာကြၽမ္းက်င္သူမ်ား အေနျဖင့္ အာဏာသိမ္းစစ္ေကာင္စီမွ ၄င္းတို႔အေနၾကာေရးအတြက္ “ေနၾကာပန္း”ပါေသာ ဝတ္စုံမ်ားဝတ္ဆင္ခိုင္း၍ သီတင္းကြၽတ္လျပည့္ေန႕တြင္ ၄င္းတို႔ေထာက္ခံသူ မ်ားအား ယၾတာေခ်သည့္အေနျဖင့္ ဝတ္ဆင္ခိုင္းျခင္း ျဖစ္နိုင္ေၾကာင္း သုံးသပ္ေျပာဆိုထားသည္။

ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္ကလည္း စစ္တပ္က လက္ရွိစစ္စိမ္းေရာင္ယူနီေဖာင္းအျပင္ အစိမ္းႏုေရာင္ယူနီေဖာင္းအား တနလ္ာေန႕တရက္ဝတ္ဆင္ရန္ ၫႊန္ၾကားခဲ့ၿပီး အဆိုပါ

“စိမ္းႏုေရာင္”သည္ “စုနိမ့္”ဆိုသည့္ကက္ကင္းျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ နာမ္ႏွိမ္လို၍ ဝတ္ဆင္ခိုင္းျခင္းျဖစ္ေၾကာင္း နကၡေဗဒင္ဆရာမ်ား၏ သုံးသပ္ေျပာဆိုခ်က္မ်ားအရ သိရသည္။
credit