နယ်ဘက်လေးမှာမီးလေးတွေထွန်းရင်း မှတ်သားစရာလေးတင်ပေးလာတဲ့ ထက်ထက်မိုးဦး
Unicode
နယ်ဘက်လေးမှာမီးလေးတွေထွန်းရင်း မှတ်သားစရာလေးတင်ပေးလာတဲ့ ထက်ထက်မိုးဦး
အကယ်ဒမီမင်းသမီးချော ထက်ထက်မိုးဦးကတော့ အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အောင်မြင်မှုတစ်နေရာကို အရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမက တစ်ချိန်ကကြောငြာဘုရင်မလို့တောင်တင်စားရတဲ့အထိအောင်မြင်ခဲ့တဲ့မင်းသမီးကြီးထက်ထက်မိုးဦးကတော့ကိုဗစ်ကာလမှာတန်ဖိုးကြီးပစ္စည်းတွေ
ကိုlive လွှင့်ြပီးရောင်းချရာမှာစံချိန်တင်ရောင်းချနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ထက်ထက်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာလူထုလှုပ်ရှားမှုမှာမပါဝင်ခဲ့ဘဲအချိန်အတော်ကြာပျောက်နေခဲ့တာဘဲဖြစ်ပါတယ်။ .မကြာခဏဆိုသလို ထက်ထက်က တောရွာလေးမှာ တရားအားထုတ်ရင်းဥပုတ်စောင့်နေတယ်
ဆိုတဲ့ ပုံလေးတွေကိုလည်း တင်ပေးလာပါသေးတယ်နော်.. လွန်ခဲ့တဲ့ ရက်တုန်းက သရုပ်ဆောင်ထက်ထက်မိုးဦးကလွတ်မြောက်နယ်မြေရောက်ရှိနေကြောင်းသတင်းတွေထွက်ရှိနေခဲ့ပါတယ်၊သူမကတော့ တောတောင်လေးတွေကို ပြပြီး Live လွှင့်ပြီး ပရိသတ်တွေနဲ့ ပြောဆိုခဲ့ပေမဲ့ သူမရောက်ရှိနေတာ ဘယ်
နေရာ ဆိုတာတော့ ထူတ်ဖော်မပြောသွားပါဘူး .. .ပရိသတ်တွေကလည်း ထက်ထက်ရဲ့နောက်ကွယ်က ရှုခင်းတွေကြောင့် လွတ်မြောက်နယ်မြေလား ဘာလားဆိုပြီး ထင်မြင်ချက်ပေးနေကြတာ ဖြစ်မှာပါနော်.. ဒီနေ့လေးမှာတော့ ထက်ထက်က ” မယ်တော်မိနတ် ကျေးဇူးဆပ် ဟောလတ် အဘိဓမ္မာ ဆိုတဲ့
အတိုင်း မြတ်စွာဘုရား တာဝတိံသာမှာ အဘိဓမ္မာတရားဟောကြားတော်မူတာ ပြီးမြောက်သောနေ့ (သီတင်းကျွတ်လပြည့်နေ့) အဘိဓမ္မာအခါတော်နေ့ ဒါမျိုးနေ့ထူးနေမြတ်မှာ တာဝတိံသာမှ ကြွလာဘုရားရှင်ကြိုသောအားဖြင့် ဆီမီးထွန်းပူဇော်ရသော ဒါန သီလ ဘာဝနာ ညီညာပေါင်းစု ဤကောင်းမှုတို့ကြောင့်
ဘဝဂ်နတ်ထံ မိုးသို့လျှံတက် ကုသိုလ်ဆက်လျက် အထက်ဗြဟ္မာတွေ ကြားကြပါစေအမျှဝေသံ မိုးသို့လျှံ သာဓုသံတွေ လွှမ်းပါစေလူသားကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေထက်ချစ်ရတဲ့ ၇ ရက်သားသမီးများအားလုံး ကျန်းမာချမ်းသာကြပါစေထက်ပြုခဲ့သမျှကုသိုလ်အစုစုတို့ကို
ထက်နဲ့ ၇ ရက်သားသမီးများ အားလုံး ထပ်တူရကြပါစေ” ဆိုပြီးရေးသားလာခဲ့ပါတယ်နော်…Cele World ပရိသတ်ကြီးလည်း ထက်ထက်နဲ့အတူ ကုသိုလ်တွေရကြပါစေနော်…
Source: Htet Htet Moe Oo
Zawgyi
Source: Htet Htet Moe Oo