သူငယ်ချင်းဖြစ်သူ ညီထွဋ်ခေါင်နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်နေတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦး

Unicode

သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးရယ်၊ သရုပ်ဆောင် မင်းသားချော ကျော်ကျော်ရယ်၊ သရုပ်ဆောင် မင်းသားချော ညီထွဋ်ခေါင်တို့ သူငယ်ချင်း(၃)ယောက်ကတော့ အရမ်းကို မှခင်မင်ရင်းနှီးကြတဲ့အချစ်ဆုံးသူငယ်ချင်းတွေပါ။

တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာ ပေါင်းသင်းကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး တပူးပူးတတွဲတွဲ သွားလာနေခဲ့ကြတာပဲဖြစ်ပါတယ်။

သူတို့ (၃)ယောက်လုံးက ပျော်ပျော်နေတတ်ပြီး ပရိသတ်တွေကိုလည်း ပျော်ရွှင်အောင် ဟာသ videoတွေကိုလည်း အမြဲဖန်တီးတင်ဆက်ပေးနေခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နွေဉီးတော်လှန်ရေးအတွင်းမှာ သူတို့သူငယ်ချင်း (၃)ယောက်ထဲက ညီထွဋ်ခေါင်ကတော့ (၅၀၅)နဲ့ ဝရမ်းထုတ်ခံထားရတဲ့အတွက် ရှောင်တိမ်းနေထိုင်ခဲ့ရတာပါ။

သူငယ်ချင်း (၃)ယောက် မဆုံတွေဖြစ်တာ တော်တော်လေးကိုကြာနေခဲ့ပါပြီ။

အောက်တိုဘာလ ၁၈ ရက်နေ့ မနေ့က လွတ်ငြိမ်းခွင့်ရရှိခဲ့တဲ့ အနုပညာရှင်တွေထဲမှာ ညီထွဋ်ခေါင်က ပါဝင်နေခဲ့တာကြောင့် အခုလို သူငယ်ချင်း(၃)ယောက် ပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့တဲ့အတွက် အတိုင်းမသိပျော်ရွှင်ဝမ်းသာနေခဲ့ကြတာဖြစ်ပါတယ်

ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ သူတို့ရဲ့ Friendship လေးကို အရမ်းသဘော ကျနေကြပါတယ် ။

အနုပညာအလုပ်တွေ လက်တွဲလုပ်ရင်း တစ်ယောက်ကိုတစ်ယောက် သူငယ်ချင်းအရင်းတွေ သဖွယ်ချစ်ခင်ရင်းနှီးနေကြတဲ့ သူတို့အဖွဲ့ရဲ့ ပြန်လည်ဆုံတွေ့မှုမှာ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source : N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ

Zawgyi

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ဆုျမတ္နိုးဦးရယ္၊ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေက်ာ္ေက်ာ္ရယ္၊ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ညီထြဋ္ေခါင္တို႔ သူငယ္ခ်င္း(၃)ေယာက္ကေတာ့ အရမ္းကို မွခင္မင္ရင္းႏွီးၾကတဲ့အခ်စ္ဆုံးသူငယ္ခ်င္းေတြပါ။

တစ္ေယာက္နဲ႕တစ္ေယာက္ ေျပာမနာဆိုမနာ ေပါင္းသင္းၾကတဲ့ သူငယ္ခ်င္းေတြ ျဖစ္ၿပီး တပူးပူးတတြဲတြဲ သြားလာေနခဲ့ၾကတာပဲျဖစ္ပါတယ္။

သူတို႔ (၃)ေယာက္လုံးက ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ပရိသတ္ေတြကိုလည္း ေပ်ာ္႐ႊင္ေအာင္ ဟာသ videoေတြကိုလည္း အၿမဲဖန္တီးတင္ဆက္ေပးေနခဲ့တဲ့သူေတြလည္းျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ေႏြဉီးေတာ္လွန္ေရးအတြင္းမွာ သူတို႔သူငယ္ခ်င္း (၃)ေယာက္ထဲက ညီထြဋ္ေခါင္ကေတာ့ (၅၀၅)နဲ႕ ဝရမ္းထုတ္ခံထားရတဲ့အတြက္ ေရွာင္တိမ္းေနထိုင္ခဲ့ရတာပါ။

သူငယ္ခ်င္း (၃)ေယာက္ မဆုံေတြျဖစ္တာ ေတာ္ေတာ္ေလးကိုၾကာေနခဲ့ပါၿပီ။

ေအာက္တိုဘာလ ၁၈ ရက္ေန႕ မေန႕က လြတ္ၿငိမ္းခြင့္ရရွိခဲ့တဲ့ အႏုပညာရွင္ေတြထဲမွာ ညီထြဋ္ေခါင္က ပါဝင္ေနခဲ့တာေၾကာင့္ အခုလို သူငယ္ခ်င္း(၃)ေယာက္ ျပန္လည္ဆုံေတြ႕ခြင့္ရရွိခဲ့တဲ့အတြက္ အတိုင္းမသိေပ်ာ္႐ႊင္ဝမ္းသာေနခဲ့ၾကတာျဖစ္ပါတယ္

ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းတဲ့ သူတို႔ရဲ႕ Friendship ေလးကို အရမ္းသေဘာ က်ေနၾကပါတယ္ ။

အႏုပညာအလုပ္ေတြ လက္တြဲလုပ္ရင္း တစ္ေယာက္ကိုတစ္ေယာက္ သူငယ္ခ်င္းအရင္းေတြ သဖြယ္ခ်စ္ခင္ရင္းႏွီးေနၾကတဲ့ သူတို႔အဖြဲ႕ရဲ႕ ျပန္လည္ဆုံေတြ႕မႈမွာ ေပ်ာ္႐ႊင္ေနၾကတဲ့ ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
Source : N-H-K = ဗရမ္းဗတာ ဘီအက္ဖ္အက္ဖ္မ်ား