အဆိုတော် ကျားပေါက် (ခ) ဟန်ထူးလွင်အား မိဘများမှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာ

Unicode

အဆိုတော် ကျားပေါက်အား မိဘများမှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာ

ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၁

အဆိုတော် ကျားပေါက်အား ဖခင်ဖြစ်သူ အဆိုတော် ရင်ဂိုနှင့် မိခင်ဖြစ်သူ ဒေါ်မွန်မွန်ကျော်တို့က သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာစာအား ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် ကြေးမုံသတင်းစာတွင် ​ဖော်ပြထား သည်။

အဆိုပါ ကြေညာစာတွင် သားဖြစ်သူ မောင်ဟန်ထူးလွင်သည် မိဘ၏ ဆိုဆုံးမမှုအား နားမထောင်ဘဲ ၎င်းသဘော ဆန္ဒအလျောက် နေအိမ်မှထွက်ခွာ သွားပါသဖြင့်

ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်လိုက်ပါကြောင်းနှင့် နောက်နောင် ၎င်းနှင့် ပတ်သက်သော ကိစ္စအဝဝများအား တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း တရားလွှတ်တော်ရှေ့နေမှ တဆင့် ကြေညာထားသည်။

အဆိုတော် ကျားပေါက် (ခ) ဟန်ထူးလွင် သည် ၎င်းကိုယ်တိုင် Doodle Art ရေးဆွဲထားသည့် Ukulele ဂစ်တာကို လေလံတင် ရောင်းချခဲ့ရာ ယမန်နေ့ညတွင် ကမ္ဘာ့အမြင့်ဆုံး ဈေးဖြင့် လေလံ အောင်မြင်ခဲ့သည်။

အဆိုပါ လေလံတင်ရောင်းချမည့် ငွေကြေးကိုလည်း NUG အစိုးရထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုတော် ကျားပေါက်သည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီ ၅၀၅ (က) ထုတ်ထားသော်လည်း

ယနေ့အချိန်ထိ ကျရာအခန်းကဏ္ဍမှ ဆက်လက်ပြီး ပါဝင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်နေသော အနုပညာရှင်တယောက် ဖြစ်သည်။
Credit

Zawgyi

အဆိုေတာ္ က်ားေပါက္အား မိဘမ်ားမွ အေမြျပတ္ စြန႔္လႊတ္ေၾကာင္း ေၾကညာ

ဧရာဝတီ၊ ေအာက္တိုဘာ ၁၈၊ ၂၀၂၁

အဆိုေတာ္ က်ားေပါက္အား ဖခင္ျဖစ္သူ အဆိုေတာ္ ရင္ဂိုႏွင့္ မိခင္ျဖစ္သူ ေဒၚမြန္မြန္ေက်ာ္တို႔က သားအျဖစ္မွ အေမြျပတ္ စြန႔္လႊတ္ေၾကာင္း ေၾကညာစာအား ယေန႕ ေအာက္တိုဘာလ ၁၈ ရက္တြင္ ေၾကးမုံသတင္းစာတြင္ ​ေဖာ္ျပထား သည္။

အဆိုပါ ေၾကညာစာတြင္ သားျဖစ္သူ ေမာင္ဟန္ထူးလြင္သည္ မိဘ၏ ဆိုဆုံးမမႈအား နားမေထာင္ဘဲ ၎သေဘာ ဆႏၵအေလ်ာက္ ေနအိမ္မွထြက္ခြာ သြားပါသျဖင့္

ယေန႕မွစ၍ သားအျဖစ္မွ အေမြျပတ္ စြန႔္လႊတ္လိုက္ပါေၾကာင္းႏွင့္ ေနာက္ေနာင္ ၎ႏွင့္ ပတ္သက္ေသာ ကိစၥအဝဝမ်ားအား တာဝန္ယူေျဖရွင္းေပးမည္ မဟုတ္ပါေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေနမွ တဆင့္ ေၾကညာထားသည္။

အဆိုေတာ္ က်ားေပါက္ (ခ) ဟန္ထူးလြင္ သည္ ၎ကိုယ္တိုင္ Doodle Art ေရးဆြဲထားသည့္ Ukulele ဂစ္တာကို ေလလံတင္ ေရာင္းခ်ခဲ့ရာ ယမန္ေန႕ညတြင္ ကမာၻ႔အျမင့္ဆုံး ေဈးျဖင့္ ေလလံ ေအာင္ျမင္ခဲ့သည္။

အဆိုပါ ေလလံတင္ေရာင္းခ်မည့္ ေငြေၾကးကိုလည္း NUG အစိုးရထံသို႔ ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုေတာ္ က်ားေပါက္သည္ စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈမ်ားတြင္ ပါဝင္ခဲ့ၿပီး စစ္ေကာင္စီ ၅၀၅ (က) ထုတ္ထားေသာ္လည္း

ယေန႕အခ်ိန္ထိ က်ရာအခန္းက႑မွ ဆက္လက္ၿပီး ပါဝင္ကာ စစ္အာဏာရွင္ကို ဆန႔္က်င္ေနေသာ အႏုပညာရွင္တေယာက္ ျဖစ္သည္။
Credit