မွေးနေ့ အမှတ်တရ အနေနဲ့ လူအယောက် (၁၀၀၀) စာအတွက် အာဟာရ ဒါန အလှူလေး တစ်ခု ပြုလုပ်ခဲ့တဲ့ နေဒွေး

Unicode

မင်းသားချော နေဒွေးကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်းနဲ့  သူ့ရဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း လုပ်ကိုင်နေတာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။

အနုပညာလှုပ်ရှားမှုတွေမှာသာမကဘဲ စီးပွားရေးလုပ်ငန်းတွေမှာလည်း အောင်မြင်မှုတွေ ရရှိအောင်ဦးစီးလုပ်ကိုင်နေသူလည်း  ဖြစ်ပါတယ်။

ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတဲ့ နေဒွေးက လိုအပ်တဲ့နေရာများကို သွားရောက်ကာ

သူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ ၊ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း သူရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ (၇) ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းကာ လူအယောက် (၁၀၀၀) စာအတွက် အာဟာရဒါနလေးပြုလုပ်ခဲ့ပါတယ် ။

အလှူနဲ့ ပတ်သက်ပြီးလည်း ” ဤနေ့ မွေးနေ့အလှူ ခေါက်ဆွဲကြော် , ကြာဇံကြော် ,ထမင်းကြော် ပွဲ 1000 ခုနှစ်ရက်သားသမီးစုပေါင်းအလှုလေးပါဗျ ” ရေးသားထားရာ သာဓု သုံးကြိမ်ခေါ်ဆိုရင်း ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Photo – Nay Dway
Credit

Zawgyi

မင္းသားေခ်ာ ေနေဒြးကေတာ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ရင္းနဲ႕  သူ႕ရဲ႕ကိုယ္ပိုင္ စီးပြားေရးလုပ္ငန္းတစ္ခုကိုလည္း လုပ္ကိုင္ေနတာ ပရိသတ္ေတြ သိရွိၿပီးသားျဖစ္မွာပါေနာ္။

အႏုပညာလႈပ္ရွားမႈေတြမွာသာမကဘဲ စီးပြားေရးလုပ္ငန္းေတြမွာလည္း ေအာင္ျမင္မႈေတြ ရရွိေအာင္ဦးစီးလုပ္ကိုင္ေနသူလည္း  ျဖစ္ပါတယ္။

ဒါ့အျပင္ အလႉအတန္းနဲ႕ ပတ္သက္လာရင္လည္း လက္မေႏွးတဲ့ ေနေဒြးက လိုအပ္တဲ့ေနရာမ်ားကို သြားေရာက္ကာ

သူကိုယ္တိုင္ေရာင္းခ်လ်က္ရွိေနတဲ့ ဆန္မ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႕လည္း စုေပါင္းကာ အလႉေငြမ်ား ၊ လိုအပ္တဲ့ အစားအေသာက္မ်ားကို လႉဒါန္းလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း သူရဲ႕ ေမြးေန႕ အမွတ္တရ အေနနဲ႕ (၇) ရက္သားသမီး အလႉရွင္ေတြနဲ႕ စုေပါင္းကာ လူအေယာက္ (၁၀၀၀) စာအတြက္ အာဟာရဒါနေလးျပဳလုပ္ခဲ့ပါတယ္ ။

အလႉနဲ႕ ပတ္သက္ၿပီးလည္း ” ဤေန႕ ေမြးေန႕အလႉ ေခါက္ဆြဲေၾကာ္ , ၾကာဇံေၾကာ္ ,ထမင္းေၾကာ္ ပြဲ 1000 ခုႏွစ္ရက္သားသမီးစုေပါင္းအလႈေလးပါဗ် ” ေရးသားထားရာ သာဓု သုံးႀကိမ္ေခၚဆိုရင္း ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။
Photo – Nay Dway
Credit