HIV ကူးစက်ခံထားရတဲ့ ကလေးငယ်လေး ဆုံးပါးသွားတာကြောင့် နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးရင်း ဖြေဆည်မရအောင် ဝမ်းနည်းကြေကွဲနေတဲ့ ခိုင်နှင်းဝေ

Unicode

ခိုင်နှင်းဝေကတော့ ခိုကိုးရာမဲ့ လူမမယ်ကလေးငယ်တွေအတွက် ဂေဟာလေးဆောက်လုပ်ပြီး ပြုစုစောင့်ရှောက်နေခဲ့တာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

ကလေးတွေကို သူ့ရဲ့  သားသမီးအရင်းတွေပမာ ဝေယျာဝစ္စတွေကအစ သူကိုယ်တိုင် လုပ်ကိုင်ပြီး မေတ္တာအပြည့်နဲ့ စောင့်ရှောက်နေခဲ့တာပဲဖြစ်ပါတယ်။

သူရဲ့ ကလေးတွေကိုလည်း ကျန်းမာရေးက အစ အစစအရာရာ အရမ်းဂရုတစိုက်နဲ့ စောင့်ရှောက်ပေးခဲ့တာပါ ။ မကြာခင်ကဆိုရင်လည်း HIV ရောဂါကူးစက်ခံထားရတဲ့ ကလေးငယ်လေးကို ခေါ်ယူမွေးစားပြီး N.A.C HIV Centerကို ပို့ကာ ကလေးငယ်လေး အတွက် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ် ။

အခုတော့ ကလေးငယ်လေးက ရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားလို့ သူမ အနေနဲ့ ဖြေဆည်မရအောင် ဝမ်းနည်းကြေကွဲနေတာကို တွေ့ရပါတယ် ။ ကလေးရဲ့ နောက်ဆုံး ခရီးကိုလည်း ကိုယ်တိုင်ပို့ဆောင်ပေးခဲ့ကြောင်းကိုလည်း ”

HIV ကူးစက်ခံသားငယ်လေး ဆုံးသွားပါပြီရှင်…အတတ်နိုင်ဆုံး ပြုစု စောင့်ရှောက်ပေးပါသော N.A.C HIV Center မှ တာဝန်ရှိ လူကြီးမင်းများနှင့် ဝန်ထမ်းများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်ရှင်..သားငယ်လေးကို ရည်စူးပြီး N.A.C HIV Center သို့ Oxygen Concentrator

(10)L တစ်လုံးကို ရည်စူး လှူဒါန်းပေးခဲ့ပါတယ်…..သားငယ်လေး ရောက်ရာ ဘုံဘဝမှ သာဓု ခေါ်ဆိုနိုင်ပြီး မြင့်မြတ်တဲ့ ဘုံဘဝ သို့ ရောက်ရှိခံစားနိုင်ပါစေလို့ ဆုတောင်း အမျှဝေဖြစ်ခဲ့ပါတယ်ရှင်..” ရေးသားထားရာ ပြန်လည်ဖော်ပြပေးရင်း ကလေးငယ်လေးလည်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Photo – Khine Hnin Wai
Credit

Zawgyi






Photo – Khine Hnin Wai
Credit