ဖုန်းပျောက်သွားလို့ အခက်တွေ့နေတဲ့ မိတ်ကပ်ဆရာကို ချက်ချင်းဖုန်းတစ်လုံးဝယ်ပြီး လက်ဆောင်ပေးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်..
Unicode
ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့
လက်ရှိမှာ ရိုက်ကူးရေးတွေမရှိချိန်မှာ Live Saleရောင်းချနေခဲ့တာပရိသတ်တွေသိရှိပြီးသာဖြစ်မှာပါနော်။
နှိုင်းယှဉ်ကတော့ ဒီနေ့မှာ သူ့ရဲ့ Live Sale စတင်ရောင်းချကတည်းကသူကိုလှပအောင်မိတ်ကပ်လိမ်းချယ်ပေးနေတဲ့ မိတ်ကပ်ဆရာအတွက်ဖုန်းလေးတစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်။
မိတ်ကပ်ဆရာက ပြီးခဲ့တဲ့ရက်အနည်းငယ်ကသူ့ရဲ့ဖုန်းလေးပျောက်သွားခဲ့တာဖြစ်ပြီး နှိုင်းယှဉ်ကတော့ချက်ချင်းဖုန်းတစ်လုံးအသစ်ဝယ်ယူဖို့
အဆင်မပြေဖြစ်နေတဲ့သူရဲ့မိတ်ကပ်ဆရာအတွက် ဖုန်းတစ်လုံးကို ဝယ်ယူပြီး လက်ဆောင်အနေနဲ့ပေးခဲ့တာပဲဖြစ်ပါတယ်။
နှိုင်းယှဉ်ကတော့ အခုလိုသူရဲ့ Live Saleတွေရောင်းချရမှာ အလှဆုံးဖြစ်အောင်
ပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ လိုအပ်နေတာကိုဖြည့်ဆည်းပေးခဲ့တာပါ။
နှိုင်းယှဉ်ရဲ့ဖြူစင်ပွင့်လင်းပြီး ကျေးဇူးရှိတဲ့သူအပေါ်မှာ ကျေးဇူးသိတတ်ပြီး ကိုင်းကျွန်းမှီကျွန်းကိုင်းမှီရှိတဲ့စိတ်ထားလေးကိုတော့
ပရိသတ်တွေက ချီးကျူးနေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးရေနှိုင်းယှဉ်ရဲ့ စိတ်ထားလေးကတစ်ကယ်ကိုချီးကျူးထိုက်တဲ့စိတ်ထားလေးပါပဲနော်။Credit
Zawgyi