စစ်ဘေးဒဏ်သင့်တဲ့ တိုင်းရင်းသားအားလုံးအတွက် ဒီအစီအစဉ်မှာပါ၀င်ကြပါစို့
Unicode
စစ်ဘေးဒဏ်သင့်တဲ့ တိုင်းရင်းသားအားလုံးအတွက် ဒီအစီအစဉ်မှာပါ၀င်ကြပါစို့
စစ်ဘေးဒဏ်ခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်စာနာမှုကိုပြသတဲ့Campaignလေးတစ်ခုလာမယ့်၁၃ရက်နေ့မှာ
ပြုလုပ်ဖို့ရှိပါတယ်၊ NUGရဲ့လူသားချင်းစာနာရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဦးဆောင်ပြုလုပ်မယ့်Campaignပါ။
အခုကျွန်မတို့တိုင်းပြည်ဟာ သဘာဝဘေးကပ်ရောဂါ ဘေးတွေသာမကစစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့လူကြောင့်ဖြစ်တဲ့ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွားခံစားနေကြရပါတယ်
၊အဲဒါကြောင့်စစ်ဘေးဒဏ်ခံစားနေရတဲ့မြန်မာပြည် အနှံ့ကတိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်းနဲ့
အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့၊ ဘေးသင့်ပြည်သူတွေကိုကူညီစောင့်ရှာက်ဖို့အတွက် ပြည်သူအားလုံးကအတူကြိုးစားနေကြောင်းပြဖို့ ကမ်ပိန်းတစ်ခုကို
အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ဖြစ်တဲ့အောက်တိုဘာလ ၁၃ ရက်နေ့မှာလုပ်ချင်ပါတယ်။
အောက်တိုဘာ၊၁၃ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊မှာကိုယ့်မှာရှိတဲ့တိုင်းရင်းသားဝတ်စုံကိုဝတ်မယ်၊ ပြီးရင်လူသားချင်းစာနာမှုကိုပြသတဲ့အဓိပ္ပါယ်နဲ့ညာဘက်လက်ကို
ဘယ်ဘက်နှလုံးသားပေါ်တင်၊ တော်လှန်ရေးသင်္ကေတလက်၃ချောင်းထောင်ဓာတ်ပုံရိုက်ပြီ းကိုယ့်ရဲ့ဆိုရှယ်မီဒီယာတွေမှာမျှဝေရင်းဒီကမ်ပိန်းမှာပါဝင်ပေးနိုင်ပါတယ်။
ကိုယ့်ရဲ့တိုင်းရင်းသားဝတ်စုံကကိုယ်စားပြု လူမျိုးကဘာလဲ၊ အဲဒီဒေသတွေမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေနဲ့ အတူတကွရှိနေပြီး စာနာထောက်ထား အားပေးကူညီတာတွေလုပ်နေပါတယ်စတဲ့ နှစ်သက်ရာcaptionနဲ့
OnlyTogether၊ DRRDay2021Myanmar၊StopManmadeDisasterinMyanmarဆိုတဲ့ hashtag စာသားလေးတွေကိုတွဲတင်ပေးပြီး ဒီကမ်ပိန်းမှာအားလုံးပါဝင်ပေးကြဖို့တိုက်တွန်းပါတယ်။Credit
Zawgyi
NUGရဲ့လူသားချင်းစာနာရေးနဲ့ေ ဘးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဦးဆောင်ပြုလုပ်မယ့်Campaignပါ။