မတူညီတဲ့ ဇာတ်ရုပ်တွေကို ပုံဖော်ခဲ့တုန်းက အချိန်တွေကို လွမ်းဆွတ်သတိရမိတယ်ဆိုတဲ့ ခေးဆက်သွင်

Unicode

ပရိသတ်ကြီးရေ ခေးဆက်သွင်ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးပဲဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက ချစ်ခင်နေကြတာဆိုရင်လည်း မမှားပါဘူး။

သရုပ်ဆောင် မင်းသမီး ခေးဆက်သွင်ကတော့ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေအားလုံးရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတာလည်းဖြစ်ပါတယ်။

ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

နေ့စဉ်မမောနိုင်မပန်းနိုင်အောင် လမ်းပေါ်ထွက်ကာသူမရဲ့ရင်ထဲက ဆန္ဒအမှန်တရားတွေကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ သူကိုယ်တိုင်လည်းပရိသတ်တွေကို သတိရနေသလို အခုရက်ပိုင်းထဲမှာ သူ့ကိုသတိရနေတဲ့သူ့ရဲ့ပရိသတ်တွေဘယ်နှစ်ယောက်များရှိလဲလို့

သိချင်လို့ မေးကြည့်တာပါလို့လည်းဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေထဲက ခေးဆက်သွင်ရဲ့ ပရိသတ်တွေရှိရင် ခေးဆက်သွင်ကိုဘယ်ဇာတ်ရုပ်နဲ့စသိခဲ့လဲဖြေပေးခဲ့ကြပါဦးနော်။
Credit

Zawgyi







Credit