သူမ တာဝန်ယူ ဆေးကုသပေးမယ့် ရှမ်းပြည်က ကလေးငယ်လေး ရုတ်တရက် ကွယ်လွန်သွားတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ

Unicode

အခြေအနေ အမျိုးမျိုးကြောင့် မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင်ခေါ်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးနေသူကတော့ ပရဟိတ မင်းသမီးကြီးခိုင်နှင်းဝေပဲဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင် သူမကလူမှုကူညီရေးပရဟိတတွေကိုလည်း အစွမ်းကုန် လုပ်ကိုင်နေသလို 

မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာအပြည့်နဲ့နွေးထွေးစွာစောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်။

ဒီလို ခက်ခဲတဲ့ ကာလတွေမှာတောင်အကြောင်းမျိုးစုံကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေကိုမွေးစားစောင့်ရှောက်ပေးနေတာ တွေ့ရတာလေးစားစရာပါပဲ ။

ဒီနေ့မှာတော့ သူမ တာဝန်ယူဆေးကုသပေးမယ့်ကလေးငယ်လေးတစ်ယောက် ရုတ်တရက်

ကွယ်လွန်သွားတာကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ကာ ကလေးရဲ့ နောက်ဆုံးခရီးလေးကို အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့တာကိုတွေ့ရပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ” သွားနှင့်ဦးတော့ သမီးရေ..နောက်ဘဝမှာ ရောဂါကြီးတွေ

ယူမလာပဲ ကျန်းမာသန်းစွမ်းတဲ့ ကလေးအဖြစ်ပြန်လာခဲ့နော်..မိဘ (၂) ပါးလုံးလဲ ငိုနေတဲ့အတွက်စိတ်မကောင်းပဘူး

သက်ပျောက်ဆွမ်းကပ်ပေးပြီး မီးသဂြိုလ်ပေးရင်း မိဘတွေ ရှမ်းပြည် အပြန်မှာသမီးလေးကို

ပြန်မထဲ့ပေးလိုက်နိုင်တော့ဘူးရှင်..” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Photo – Khine Hnin Wai
Credit

Zawgyi






Photo – Khine Hnin Wai
Credit