Bodyguard လိုတယ်ဆိုရင်လည်း မင်းအုပ်စိုးကို သတိရလိုက်ပါ ဆိုပြီး ဖုန်းနံပါတ်တွေပါ တင်ပေးထားတဲ့ ထောင်ထွက်

Unicode

မင်းအုပ်စိုးက်ိုသတိရပါ

မနာလ်ိုတဲ့သူတွေ
အပြစ်မြင်ချင်ကြတဲ့သူတွေကတော့

ဒီစာစုလေးကိုဖတ်ပြီးသွားတဲ့အချိန်မှာ
ဘာတွေစတန့်ထွင်ပြန်ပြီလဲဆိုပြီးမေးငေါ့ကြဦးမှာ
အတင်းပြောကြဦးမှာပါပဲ

အိပ်ရေးပျက်မှာကိုစိုးရိမ်မိ
ဖုန်မထပါဘူးဆိုတာကိုလည်းသိနေမိတာမို့

အဲဒါတွေကိုဂရုမစိုက်ဘဲ
ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို
လုပ်တော့မယ်ဆိုတဲ့အကြောင်း

ကျွန်တော်ချစ်ခင်ရတဲ့သူတွေကို
သတင်းစကားပါးလ်ိုက်တာပါ

အမှန်တကယ်ကတော့
ထောင်မကျခင်အချိန်အထိအခုလုပ်မယ့်အလုပ်ကို
လုပ်ဖို့အစီအစဉ်ကျွန်တော့်မှာမရှိခဲ့ပါဘူး

ထောင်ကျပြီးတော့ထောင်ထဲမှာ
နေသားလေးနှစ်လောက်ရလာတဲ့အချိန်မှာတော့
ထောင်အပြင်ကိုပြန်ရောက်ရင်

ဒီအလုပ်ကို
လုပ်ဖြစ်အောင်လုပ်မယ်လို့
ခိုင်ခိုင်မာမာကြီးကိုဆုံးဖြတ်ချက်ချထားခဲ့တာပါ

ဘာအလုပ်လည်းဆိုရင်
ချစ်ခင်ရသူတွေအလွယ်တကူနဲ့ချက်ချင်းတန်းပြီး
သဘောပေါက်သွားအောင်ပြောပြရမယ်ဆိုရင်တော့

Transporter
ဇာတ်ကားထဲကမင်းသားလုပ်တဲ့အလုပ်မျိုးပါပဲ

အဲဒီ့ဇာတ်ကားကိုလည်းမကြည့်ဖူးဘူး
ကျွန်တော်လုပ်မယ့်အလုပ်ကိုလည်း
အသေးစိတ်ကအစ

ဂဃနဏသိချင်ကြတဲ့သူတွေအတွက်
ကျွန်တော့်ဘက်ကလည်း
တိတိကျကျ
ပြည့်ပြည့်စုံစုံ
ရှင်းပြပေးသွားပါမယ်

ဘာကြောင့်လဲဆိုတော့
ဒီအလုပ်ကအရေးကြီးတဲ့အလုပ်တစ်ခု
အရင်းအနှီးကြီးတဲ့အလုပ်တစ်ခုမို့ပါ

အရင်းအနှီးက
ကျွန်တော့်အတွက်ဘယ်လောက်တောင်ကြီးသလဲဆ်ိုရင်

ဒီအလုပ်ထဲမှာ
အလျော်အစားအဖြစ်
ကျွန်တော်ပြန်ပေးရမယ့်အရာတွေက

ကျွန်တော့်နာမည်ရယ်
ကျွန်တော့်စည်းစိမ်ချမ်းသာရယ်
ကျွန်တော့်အသက်ရယ်ဖြစ်နေလို့ပါပဲ

ဘာကြောင့်များအဲဒီ့အရာတွေကို
ကျွန်တော့်ဘက်ကရင်းနှီးရသလဲဆိုရင်
တန်ဖိုးကြီးကြီးရင်းနှီးမှ
တန်ဖိုးကြီးတဲ့အကျိုးအမြတ်ကိုပြန်ရမှာမို့ပါ

ထောင်ထဲမှာနေခဲ့တဲ့ကာလတစ်လျောက်
ကျွန်တော်နဲ့ညီအစ်ကိုအရင်းတွေလိုချစ်ခင်ခဲ့ကြတဲ့
ညီတွေအများကြီးရှိခဲ့ပါတယ်

ကျွန်တော့်အတွက်ဆိုရင်
သူတို့အသက်ကိုအသေခံပေးဖို့ဝန်မလေးကြသလို

ကျွန်တော့်အတွက်ဆိုရင်
တခြားသူရဲ့အသက်ကိုသတ်ပေးဖို့အတွက်လည်း
နောက်မတွန့်ကြတဲ့လူစားမျိုးတွေပါ

အဲဒီ့လိုစိတ်တွေနဲ့ကျွန်တော့်အပေါ်မှာ
ကျွန်တော့်ရဲညီတွေက
ချစ်ကြ ခင်ကြ သံယောဇဉ်ကြီးကြတာပါ

ဒါပေမယ့်လည်း
ကျွန်တော့်အနေနဲ့ကြတော့သူတို့တွေရဲ့
ကျွန်တော့်အပေါ်ထားရှိတဲ့ချစ်မေတ္တာတွေကို
အကျိုးမရှိတဲ့
သံသရာမကောင်းတဲ့

သေချင်း
သတ်ချင်း
တွေအပေါ်မှာအကျိုးမဲ့အသုံးမချချင်ပါဘူး

အဲဒါကြောင့်မို့
ကျွန်တော့်အပေါ်မှာထားတဲ့
သူတို့တွေရဲ့ချစ်ခြင်းလည်းအကျိုးရှိစေ
ကျွန်တော်လည်းအလုပ်တစ်ခုကို

ဦးစီးဦးဆောင်ပြုပြီးလုပ်ဖြစ်သွားစေဖို့အတွက်
ဒီအလုပ်ကိုလုပ်ဖြစ်အောင်လုပ်မယ်ဆ်ိုပြီး
ထောင်ထဲမှာကတည်းကသံဓိဌာန်ချခဲ့တာပါ

သူတို့တွေ
ကျွန်တော့်အပေါ်ချစ်ရတာလည်းပ်ိုက်ဆံရ

ကျွန်တော်ကသူတို့တွေအပေါ်မှာချစ်ရတာလည်း
ပိုက်ဆံရ

နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့်အလုပ်ပေါ့ဗျာ

ဒါပေမယ့်အထက်မှာရေးခဲ့သလ်ိုပဲပေါ့

ကျွန်တော့်အနေနဲ့ကတော့အဲဒီ့အလုပ်အတွက်

ကျွန်တော့်နာမည်ရယ်
ကျွန်တော့်စည်းစိမ်ဥစ္စာရယ်
ကျွန်တော့်အသက်ရယ်ကို

အာမခံအဖြစ်ရင်းနှီးမြုပ်နှံပေးရမှာပေါ့ဗျာ

ဟုတ်ကဲ့
လိုရင်းကိုအတိုချုပ်ပြီးရေးပြပါ့မယ်

အခုလက်ရှိအချိန်မှာ
ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေက
တစ်နေရာကနေတစ်နေရာက်ိုသွားရင်တောင်
လုံခြုံရေးအရစိတ်ချလို့မရတဲ့အခြေအနေမျိုးပါ

ဒါတောင်လူချည်းပဲသွားတာက်ိုပြောတာပါ

အဖိုးတန်လက်ဝတ်လက်စားတွေ
များပြားလွန်းတဲ့ငွေကြေးပမာဏတွေ

က်ိုယ်ပိုင်ဆိုင်ထားတဲ့စည်းစိမ်ဥစ္စာတွေထက်ပိုပြီး
တန်ဖိုးထားရမယ့်လူတွေနဲ့သာ
ခရီးသွားရမယ်
ခရီးအဝေးကြီးကိုသွားရမယ်

ရန်ကုန်ကနေအတော်ဝေးတဲ့ခရီးတစ်ခုက်ို
သွားကြရမယ်ဆိုရင်
ကာယကံရှင်တွေအတွက်
အင်မတန်မှအန္တာရယ်များသလို

လမ်းခရီးတလျောက်မှာလည်းစိုးတထိတ်ထိတ်နဲ့
ခရီးဆက်နေကြရမှာပါ

အဲဒါကြောင့်မို့
မိတ်ဆွေတို့အနေနဲ့

အဖိုးတန်လက်ဝတ်လက်စားတွေ
တန်ဖိုးကြီးလွန်းတဲ့ကျောက်မျက်ရတနာတွေ
များပြားလွန်းတဲ့ငွေကြေးပမာဏတွေ
ကိုယ်တန်ဖိုးထားချစ်မြတ်နိုးရလွန်းတဲ့သူတွေက်ို

ရန်ကုန်ကနေ
အခြားတစ်နေရာရာကိုပို့ဆောင်ချင်တယ်ဆိုရင်
ကိုယ်တိုင်လည်းမသွားချင်ကြဘူးဆ်ိုရင်

မင်းအုပ်စိုးကို
သတိရလိုက်ပါ

ခင်ဗျားတို့ပို့ချင်တဲ့
အဖိုးတန်လက်ဝတ်လက်စား
တန်ဖိုးကြီးလွန်းတဲ့ကျောက်မျက်ရတနာ
များပြားလွန်းတဲ့ငွေကြေးပမာဏတွေကို

အပွန်းအပဲ့အပျောက်အရှတစ်ချက်ကလေးမှမရှိစေရဘဲ
ခင်ဗျားတို့ပို့ချင်တဲ့နေရာက်ို
မရောက်ရောက်အောင်ပို့ပေးဖို့အတွက်
ကျွန်တော်တာဝန်ယူပါတယ်

တစ်စုံတစ်ရာချွတ်ချော်လွဲမှားသွားခဲ့ရင်
ကျွန်တော့်ကိုအပ်လိုက်တဲ့ပစ္စည်းတန်ဖိုးရဲ့နှစ်ဆကို
ကျွန်တော်ပြန်လျော်ပါ့မယ်

ခင်ဗျားတို့ရဲ့
တန်ဖိုးမဖြတ်နိုင်အောင်
ချစ်မြတ်နိုးတွယ်တာရလွန်းတဲ့သူတွေက်ိုပို့ခိုင်းခဲ့လို့
တစ်စုံတစ်ရာချွတ်ချော်လွဲမှားသွားခဲ့ရင်လည်း

ကျွန်တော့်အသက်နဲ့
ကျွန်တော့်ညီတွေရဲ့အသက်ကို
လျော်ကြေးအဖြစ်ပြန်ပေးပါ့မယ်

အဲဒီ့တော့
တန်ဖိုးကြီးတဲ့အရာတွေကိုရန်ကုန်မြို့ကနေ
တခြားတစ်နေရာရာကိုခင်ဗျားတို့က်ုယ်တိုင်မသွားချင်ဘဲ
ယုံကြည်စိတ်ချရတဲ့သူနဲ့ပို့ပေးချင်တယ်ဆိုရင်တော့

မင်းအုပ်စိုးကိုသတိရလိုက်ပါ

အကျိုးဆောင်ခအဖြစ်ကတော့
လက်ဝတ်လက်စားနဲ့ငွေကြေးတွေဆိုရင်
ခင်ဗျားတို့ပစ္စည်းကိုသတ်မှတ်ထားတဲ့
တန်ရာတန်ကြေးရဲ့ဆယ်ရာခိုင်နှုန်းက်ိုပေးရပါ့မယ်

တန်ဖိုးထားမြတ်နိုးတွယ်တာရလွန်းတဲ့ခင်ဗျားတို့ရဲ့
မိသားစုဝင်တွေကိုလိုက်ပို့ပေးရမယ်ဆိုရင်တော့

အဲဒီလူအပေါ်မှာ
ခင်ဗျားထားတဲ့တန်ဖိုးအပေါ်မူတည်ပြီး
အကျိုးဆောင်ခက်ိုညှိနှိုင်းယူပါ့မယ်

အဲဒါကြောင့်မို့
ခင်ဗျားရဲ့တန်ဖိုးရှိတဲ့
အဖိုးတန်လွန်းတဲ့
သက်ရှိသက်မဲ့အရာတွေကို

ရန်ကုန်မြို့ကနေတဆင့်
တစ်ခြားတစ်နေရာရာက်ိုပို့ဆောင်ချင်တယ်ဆိုရင်

မင်းအုပ်စိုးကိုသတိရလိုက်ပါဗျာ

အရေးကြီးဆုံးတစ်ချက်ကတော့
ခင်ဗျားပို့ချင်တဲ့အရာက

တရားဥပဒေနဲ့လွတ်ကင်းတဲ့
ပစ္စည်းအမျိုးအစားဖြစ်နေဖို့ပါပဲ

နောက်ထပ်တစ်ချက်က

ရန်ကုန်မြို့အတွင်းမှာ
ခင်ဗျားအတွက်ပဲဖြစ်ဖြစ်
ခင်ဗျားတန်ဖိုးထားမြတ်နိုးရလွန်းတဲ့
ခင်ဗျားမိသားစုဝင်တယောက်ယောက်အတွက်ပဲဖြစ်ဖြစ်

နာရီပိုင်းသော်လည်းကောင်း
ရက်ပိုင်းအရသော်လည်းကောင်း
အနားမှာထားဖို့အတွက်

ယုံကြည်စိတ်ချရတဲ့

Bodyguard

လိုတယ်ဆိုရင်လည်း

မင်းအုပ်စိုးကို
သတိရလိုက်ပါဗျာ

ခင်ဗျားအတွက်
အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့

ကျွန်တော်နဲ့ကျွန်တော့်ညီတွေ
နေ့နေ့ညညအမြဲတမ်းအဆင်သင့်ရှိနေကြပါတယ်

ကျွန်တော်တို့ညီအစ်ကိုတွေရဲ့အလုပ်ကို
ဝန်ဆောင်မှုကို
စိတ်ဝင်စားတယ်ဆိုရင်

ဒီဖုန်းနံပါတ်တွေကိုဆက်လိုက်ပါ
၀၉ ၅၁၃ ၁၃၅၉
၀၉ ၅၁၃ ၁၃၉၅

၀၉ ၅၁၃ ၃၁၅၉
၀၉ ၅၁၃ ၃၁၉၅