ခွေးကိုက်ခံရလို့ လက်တစ်ဖက်လုံး လှုပ်လို့မရအေင် ထိခိုက်သွားပုံကို ဝမ်းနည်းစွာပြောပြလာတဲ့ ငွေမှုန်ရတီ

Unicode

ခွေးကိုက်ခံလိုက်ရတာကြောင့် လက်တစ်ဖက်လုံး ရစရာမရှိအောင်ကို စုတ်ပြတ်သွားပြီး ထိခိုက်ခဲ့တဲ့ ငွေမှုန်ရတီ အနုပညာအလုပ်တွေကို အမြဲတမ်းနီးပါး မလုပ်ပေမယ့် အားပေးတဲ့ ပရိသတ်အခိုင်အမာနဲ့ နာမည်တစ်ခု ရရှိထားတာကတော့ ငွေမှုန်ရတီပဲ ဖြစ်ပါတယ်။

သူမကတော့ အလှပုံရိပ်လေးတွေ MTV လေးတွေကနေ တစ်ဆင့်ပရိသတ်တွေ လက်ခံလာပြီး

အောင်မြင်လာတာဖြစ်ပါတယ်။ နိုင်ငံကျော်မင်းသမီး တစ်ယောက်ဖြစ်တဲ့ ရွှေမှုန်ရတီရဲ့ ညီမလည်းဖြစ်ပါတယ်။

ငွေမှုန်ရတီဟာ ဘဝကိုလွတ်လပ်စွာ ဖြတ်သန်းတက်တဲ့သူတစ်ယောက်လည်းဖြစ်ပြီး နာမည်ပျက်မရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Social Media ကနေလည်း သူ့ရဲ့အမာခံပရိသတ်တွေ အတွက် ပုံရိပ်လေးတွေကိုဝေမျှလေ့ရှိပါတယ်။

ခုမှာတော့ ငွေမှုန်ရတီရဲ့ အမာခံပရိသတ်တွေ အတွက် စိတ်ပူစရာ ကိစ္စလေး ကြုံတွေခဲ့ရတာပါ။

သူမရဲ့Facebook MyDayကနေတင်ဆင့် “ကံတွေဘယ်လောက်နိမ့်လဲကိုက်နေတဲ့ခွေးရဲ့ပါးစပ်ထဲထိ သွားထဲ့တဲ့လက်လှုပ်လို့တောင်မရ“

ဆိုပြီး ကိုက်ခံထားတဲ့ လက်ပုံလေးကိုတင်ထားတာပါ။ လက်လေးမှာဒဏ်ရာတွေရနေပြီးသူ့ကိုချစ်တဲ့ပရိသတ်တွေလည်းစိတ်ပူနေတာပါ။ပရိသတ်ကြီးလည်း ငွေမှုန်ရတီအမြန်သက်သာဖို့ဆုတောင်းပေးလိုက်ကြပါဦးနော်။

Zawgyi







