NUGအစိုးရကို ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်ဆိုပြီး ပြန်လည်ဖမ်းဆီးလိုက်ရတဲ့ သရုပ်ဆောင် ဦးဇင်ဝိုင်း….

Unicode

ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးတဲ့နောက်ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ဖခင်ဖြစ်သူ

သရုပ်ဆောင်ဇင်ဝိုင်းကို ဒီကနေ့ညပိုင်းမှာပြန်လည်ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းကြားသိရပါတယ်။

သရုပ်ဆောင် ဇင်ဝိုင်း(ခ)ဦးဌေးလွင်ကို ရပ်ကွက်အတွင်းမူးရူးအော်ဟစ်ခြင်း

ဒေသခံကာကွယ်ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူPDF အဖွဲ့ဝင်မင်းမော်ကွန်းနဲ့ဆက်သွယ်ခြင်း၊အမျိုးသားညီညွတ်ရေး

အစိုးရ(NUG)ကို လျှို့ဝှက်ထောက်ပံ့ခြင်းစတာတွေကို လုပ်ဆောင်နေတယ်ဆိုပြီး

ပြန်လည်ဖမ်းဆီးလိုက်တာလို့ ကနဦးအဖြစ်သိရှိထားရပါတယ်။

သရုပ်ဆောင်ဇင်ဝိုင်းဟာ အောက်တိုဘာ(၆)ရက်နေ့ ည ၇ နာရီအချိန်မှာပြန်လည်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာလို့သိရပါတယ်။

ဝါရင့်သရုပ်ဆောင် မင်းသားကြီးဦးဇင်ဝိုင်းကတော့တစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်ပွဲတွေစတင်တဲ့အချိန်ကစလို့

ယနေ့အချိန်အထိတိုင်အောင်ရဲရဲဝင့်ဝင့်အရှေ့ထွက်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်

ဦးဇင်ဝိုင်းက အနုပညာလောကသားတွေကို ရှေ့ဆုံးကနေဦးဆောင်ပြီး ရန်ကုန်မြို့အနှံ့သွားရင်းလူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်

သားဖြစ်တဲ့ မင်းမော်ကွန်းက အိမ်မှာနေဖို့တားတာတောင် ဦးဇင်ဝိုင်းက တစ်ရက်မှမနားဘဲပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်

ဦးဇင်ဝိုင်းကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက အစပြုခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ

ပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့သူပဲဖြစ်ပါတယ်.

၈၈ အရေးတော်ပုံကြီးမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့သလို

လက်ရှိအခြေအနေတွေမှာလည်းလူငယ်တွေနဲ့အတူခိုင်မာပြတ်သားစွာ ပါဝင်ခဲ့တဲ့

ဦးဇင်ဝိုင်းကတော့ ပြီးခဲ့တဲ့ ဧပြီလ(၁၅)ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကာ

ဇွန်လ(၇)ရက်နေ့မှာပဲပြန်လည်လွတ်မြောက်လာခဲ့ကာ ယနေ့ညမှာ ပြန်လည်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်။

Zawgyi

ဖမ္းဆီးစစ္ေဆးခံခဲ့ရၿပီးတဲ့ေနာက္ ခံဝန္နဲ႕ ျပန္လႊတ္ေပးထားတဲ့ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းရဲ႕ဖခင္ျဖစ္သူ

သ႐ုပ္ေဆာင္ ဇင္ဝိုင္းကိုဒီကေန႕ညပိုင္းမွာ ျပန္လည္ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔သတင္းၾကားသိရပါတယ္။

သ႐ုပ္ေဆာင္ ဇင္ဝိုင္း(ခ)ဦးေဌးလြင္ကို ရပ္ကြက္အတြင္း မူး႐ူးေအာ္ဟစ္ျခင္း၊

ေဒသခံကာကြယ္ေရးတပ္ထဲေရာက္ေနတဲ့ သားျဖစ္သူ PDF အဖြဲ႕ဝင္ မင္းေမာ္ကြန္းနဲ႕ဆက္သြယ္ျခင္း၊အမ်ိဳးသားညီၫြတ္ေရး

အစိုးရ(NUG)ကို လွ်ို႔ဝွက္ေထာက္ပံ့ျခင္း စတာေတြကို လုပ္ေဆာင္ေနတယ္ဆိုၿပီး

ျပန္လည္ဖမ္းဆီးလိုက္တာလို႔ကနဦးအျဖစ္ သိရွိထားရပါတယ္။

သ႐ုပ္ေဆာင္ ဇင္ဝိုင္းဟာ ေအာက္တိုဘာ(၆)ရက္ေန႕ ည ၇ နာရီအခ်ိန္မွာ ျပန္လည္ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတာလို႔ သိရပါတယ္။

ဝါရင့္သ႐ုပ္ေဆာင္ မင္းသားႀကီး ဦးဇင္ဝိုင္းကေတာ့ တစ္နိုင္ငံလုံးမွာ ဆႏၵထုတ္ေဖာ္ပြဲေတြစတင္တဲ့အခ်ိန္ကစလို႔

ယေန႕အခ်ိန္အထိတိုင္ေအာင္ ရဲရဲဝင့္ဝင့္ အေရွ႕ထြက္ခဲ့တဲ့သူတစ္ဦး ျဖစ္ပါတယ္ ။

ဦးဇင္ဝိုင္းက အႏုပညာေလာကသားေတြကို ေရွ႕ဆုံးကေနဦးေဆာင္ၿပီး ရန္ကုန္ၿမိဳ႕အႏွံ႕သြားရင္း လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။

သားျဖစ္တဲ့ မင္းေမာ္ကြန္းက အိမ္မွာေနဖို႔တားတာေတာင္ ဦးဇင္ဝိုင္းက တစ္ရက္မွမနားဘဲ ျပည္သူေတြနဲ႕အတူ လမ္းေပၚထြက္ခဲ့တာ ျဖစ္ပါတယ္ ။

ဦးဇင္ဝိုင္းကေတာ့ ေဖေဖာ္ဝါရီလ(၁)ရက္ေန႕ကတည္းက အစျပဳခဲ့တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွ

ာ ျပည္သူေတြနဲ႕အတူ ခိုင္ခိုင္မာမာရပ္တည္ၿပီး လူထုလႈပ္ရွားမႈေတြကို အင္တိုက္အားတိုက္ျပဳလုပ္ခဲ့သူပဲ ျဖစ္ပါတယ္..။

၈၈ အေရးေတာ္ပုံႀကီးမွာ ေရွ႕ဆုံးကေန ပါဝင္ခဲ့သလို လက္ရွိအေျခအေနေတြမွာလည္း လူငယ္ေတြနဲ႕အတူ ခိုင္မာျပတ္သားစြာ ပါဝင္ခဲ့တဲ့

ဦးဇင္ဝိုင္းကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ(၁၅) ရက္ေန႕က ေနအိမ္ကေန ဖမ္းဆီးထိန္းသိမ္းခံလိုက္ရကာ

ဇြန္လ(၇)ရက္ေန႕မွာပဲ ျပန္လည္လြတ္ေျမာက္လာခဲ့ကာ ယေန႕ညမွာ ျပန္လည္ဖမ္းဆီးခံလိုက္ရတာပဲျဖစ္ပါတယ္။