စစ်တပ်ထောက်ခံ အားပေးနေသူလို့ ဝေဖန်နေကြသူတွေကို ထိထိမိမိ စကားလုံးတွေနဲ့ ပြန်လည် ချေပလာတဲ့ ဖိုးသောကြာ

Unicode

မင်္ဂလာပါ မြန်မာသံစဉ်တွေနဲ့တူတူ ပရိတ်သတ်အားပေးမှုအခိုင်အမာနဲ့ အောင်မြင်ခဲ့တာကတော့ အဆိုတော်သုမောင်ရဲ့သား ဖိုးသောကြာပါ။ မကြာခင်အချိန်ကလည်း လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတင်ခဲ့တာ postတစ်ခုကြောင့် ဝေဖန်ခံနေရတတာပါ။

ဒါကြောင့် ဆိုရှယ်မီဒီယာကိုသိပ်မသုံးတဲ့ ဖိုးသောကြာကတော့ သူရဲ့ဆိုရှယ်မီဒီယာကနေခုမှာ အောက်ပါစာအတိုင်းရှင်းပြခဲ့တာပါနော်။

လူ့အလို နတ်မလိုက် ” လို့ပြောလိုက်ရင် ကိုယ်က နတ်ကြီးဖြစ်နေပြန်ဦးမယ်။ အဲလိုပြောလို့လဲ မဖြစ်ပြန်ဘူး။ဒဲ့ပြောတာပဲကောင်းပါတယ်လေ။

၂၀၁၆ ခုနှစ်က ကျနော်ရေးထားတဲ့ ပို့စ် တစ်ခုကိုကို ပြန်ရှယ်ပြီး ကျတော်ကိုတိုက်ခိုက်နေကြတယ်ဆိုတာ ကျနော့်မိတ်ဆွေစစ်တွေ၊ ပရိသတ်စစ်စစ်တွေက ပြောလို့ကျနော်သိရတယ်။

နဂိုကတည်းကလည်း FB အသုံးနည်းတယ်။ FB က ကျနော့်ကမ္ဘာမဟုတ်ဘူး။ ကျနော် ဝင်လည်းမကြည့်ဘူး။ ရှင်းလည်းမရှင်းဘူး။ မရှင်းဘူးဆိုတာ ရှင်းစရာမလိုလို့ မရှင်းဘူးဆိုတာ ရှင်းရှင်းလေးပါ။

မရှင်းပဲနေတော့ ” အိပ်ပျော်နေတာလား၊ကြောက်နေတာလား၊ သေနေပြီလား ” မျိုးစုံပါပဲ။ ဟော ထရှင်းကြည့်လိုက်လေ ” အိပ်နေရာက နိုးလာပြီ၊ မနေနိုင်လို့ထွက်လာပြီ ၊ ကြောက်လို့ထွက်ရှင်းပြီလို့ ” ပြောကြဦးမယ်။ ခုလည်းမရှင်းပဲ နေနေတာပါ။ အမှန်ကိုသိတဲ့ လူတွေက စာတွေပို့ပြီး ရှင်းပေးပါဆိုလို့ ရှင်းရပါဦးမယ်။ ၂၀၁၆ က ကိစ္စမို့ ၂၀၁၆ ကိစ္စနဲ့ပဲအရင်ရှင်းပါ့မယ်။

လူတစ်ယောက်က စာရေးတဲ့အခါ ဖြစ်ပေါ်နေတဲ့ အချိန်ကာလနဲ့ ခံစားမှုပေါ်မူတည်ပါတယ်။ အဲဒီအချိန်က ရေးခဲ့တဲ့စာနဲ့ ခံစားမှု့ကို ခု ၂၀၂၁ မှာ ဘာလို့မရေးတာ ဆိုတော့ ရှင်းရှင်းလေးပါပဲ ခံစားချက်မတူလို့ပါ။ဟုတ်ပြီ ပွင့်ပွင့်လင်းလင်း‌ပဲ ပြောကြပါစို့။

၂၀၁၅ ရွှေးကောက်ပွဲတုန်းက NLD အစိုးရကိုမဲပေးခဲ့တယ်။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အစိုးတစ်ရပ်ဖြစ်လာခဲ့တယ်။ ပြည်သူတစ်ယောက်အနေနဲ့ ၂၀၁၅ မတိုင်ခင်က အစိုးနဲ့ နှိုင်းယှဉ်ခဲ့တယ်။ ဒါကလည်း လူ့သဘာဝပဲလေ။ ကိုယ့်အစိုးရဖြစ်လာတော့မှ ဈေးတွေတက်လာတယ်။ ဒါကိုအားမလိုအားမရဖြစ်ပြီး ရေးတယ်။

ပြည်သူတစ်ယောက်နေနဲ့ အော်တယ်။ ဒါဘာဖြစ်လည်း။ အဲဒီ့ကတည်းက ကျနော့်ကိုဝိုင်းဆဲကြတယ်။ အဲဒီ့ကတည်းက ပို့စ်ကိုဖျက်ခဲ့လို့ရတယ်။ ကျနော်မဖျက်ခဲ့ဘူး။

နောက်တစ်ခုက YBS တွေလုပ်တော့ လူသွားပလက်ဖောင်း တွေပေါ်မှာ bus လမ်းညွှန်တွေ လိုက်စိုက်တယ်။ စိုက်တာကလူသွားလမ်းမအလည်တဲ့တဲ့မှာ စိုက်ချင်သလိုစိုက်ခဲ့ကြတယ်။ အောက်ခြေက ဝန်ထမ်း‌တွေကတော့ ခိုင်းရင်လုပ်မှာပဲ။

ဒါကိုအပေါ်ကလူက စည်းစနစ်တကျ ခိုင်းဖို့လိုတယ် မြင်လို့ ပြည်သူတစ်ယောက်အနေနဲ့ ထောက်ပြခဲ့တယ်ဒါလည်းဝိုင်းဆဲကြပြန်တာပဲ။

( ဆဲတဲ့လူတိုင်းကို ပြန်ဆဲရအောင် ကျနော့်မိဘကမဆုံးခဲ့တာမှ မဟုတ်တာလေ )။အဲဒီ့မှာ ကျနော်အသိတစ်ခုရခဲ့တယ်။ လူကြီးတွေကိုယ်တိုင်က ကိုယ်တင်တဲ့ အစိုးရ၊ ကိုယ်ရွေးချယ်တဲ့ အစိုးရကိုယ်ဝေဖန်ပိုင်ခွင့်၊ အပြစ်တင်ခွင့်၊ တောင်းဆိုပိုင်ခွင့်ရှိတယ်လို့‌ပြောခဲ့ပေမယ့် မတောင်းဆိုရဲ မဝေဖန်ရဲတဲ့ နိုင်ငံမှာကျနော်တို့နေနေရတယ်ဆိုတာပါပဲ။

ကမ္ဘာကို မှီဖို့မပြောနဲ့ မယှဉ်နဲ့ ကိုယ့်နိုင်ငံတွင်းမှာ ရှိတဲ့ ရန်ကုန်နဲ့ မန္တလေးပဲ ယှဉ်ကြည့်စမ်းပါ။ NLD အစိုးရလက်ထက်မှာ မန္တလေးမြို့ကြီး ဘယ်လောက်တိုးတက်လာခဲ့လည်း။

ရှင်းရှင်းလေးပဲ။ပြည်သူတွေပြောတဲ့ အသံကိုနား ထောင်တယ်။ ဝေဖန်တာကိုလက်ခံတယ်။ မန္တလေးကျုံးအပြင်ဘက် စတီးအကာတွေကာတာကအစ ပြည်သူ့ကိုချပြီး ပြည်သူ့အကြိုက်ကို လိုက်ပြီး အကောင်းဆုံးဖြစ်အောင် plan ချပြီး လုပ်ခဲ့တယ်။ ဒါကဥပမာပဲ။

ကိုယ်ရွေးချယ်ခဲ့တဲ့ အစိုးရ ဘာလုပ်လုပ်မှန်တယ် ဆိုပြီး ဇွတ်မှိတ်ထောက်ခံနေသမျှ ကျနော်တို့နိုင်ငံ ဘယ်တော့မှ မတိုးတက်နိုင်ပါ။

အဲလိုဘာလုပ်လုပ်မှန်တယ်ဆိုပြီးဇွတ်မှိတ်ထောက်ခံနေတဲ့အထဲမှာ ကျနော်မပါခဲ့ဘူး။

ဒါပေမယ့် အဲလို ဝေဖန်တာကို ဝိုင်းဆဲကြလို့ ခံခဲ့ရပြီးနောက်ပိုင်း ဘယ်တော့မှ နိုင်ငံရေးအကြောင်း မပြောတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

ခုပြောနေတာတွေက ၂၀၁၆ ကကိစ္စနဲ့ ပက်သတ်ခဲ့တဲ့အကြောင်းတွေပဲ။ ကိုယ်ရေးခဲ့တဲ့ ပိုစ့်နဲ့ ပက်သတ်ပြီး ဖျက်ဖို့ ဝိုင်းပြောကြတယ်။

ကိုယ်မှန်တာ ရေးခဲ့အတွက် ဖျက်ဖို့စိတ်ကူးမရှိပါဘူး။နောက်တစ်ခုရှိပါသေးတယ် NLD ပါတီကို မထောက်ခံတဲ့ သူတွေရှိတယ်။

ထောက်ခံတဲ့သူတွေ ဒုနဲ့‌ဒေးရှိတယ်။ဘာပါတီမှ မထောက်ခံတဲ့ သူတွေရှိတယ်။ ဒါကို NLD ပါတီကိုမထောက်ခံတဲ့ သူကို ရန်သူလိုသဘောထားတဲ့ လူတစ်စုရှိတယ်။

ဘယ်ပါတီမှ မထောက်ခံတော့လည်း ကြားနေလို့ ပြောကြပြန်တယ်။ ခုလည်း ကျနော့်ကို ၂၀၁၆ ကပို့စ်နဲ့ပက်သတ်ပြီး အဘဘောမ တို့ဘာတို့ပြောကြပါတယ်။ ပြောချင်တာပြော ကျနော် ဂရုမစိုက်ပါဘူး။

ကိုယ်မဟုတ်တာ ကိုယ်သိနေတဲ့အတွက် မခံစားဘူး။ ‌ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ဖုန်းတစ်လုံး မြေတစ်ကွက် မတောင်းဖူးဘူးဆိုတာလည်း ပြောထားဘူးတယ်။

ခုချိန်ထိ ဖိုးသောကြာမှာ ကိုယ်ပိုင်အိမ်မရှိဘူး။ အဘဘောသာမခဲ့ပြီး တက်လာသမျှ အစိုးရကို ကပ်ခဲ့ရင်တော့ ဖိုးသောကြာ ချမ်းသာတာကြာလှပေါ့။

Zawgyi

မဂၤလာပါ ျမန္မာသံစဥ္ေတြနဲ႕တူတူ ပရိတ္သတ္အားေပးမႈအခိုင္အမာနဲ႕ ေအာင္ျမင္ခဲ့တာကေတာ့ အဆိုေတာ္သုေမာင္ရဲ႕သား ဖိုးေသာၾကာပါ။ မၾကာခင္အခ်ိန္ကလည္း လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကတင္ခဲ့တာ postတစ္ခုေၾကာင့္ ေဝဖန္ခံေနရတတာပါ။

ဒါေၾကာင့္ ဆိုရွယ္မီဒီယာကိုသိပ္မသုံးတဲ့ ဖိုးေသာၾကာကေတာ့ သူရဲ႕ဆိုရွယ္မီဒီယာကေနခုမွာ ေအာက္ပါစာအတိုင္းရွင္းျပခဲ့တာပါေနာ္။

လူ႕အလို နတ္မလိုက္ ” လို႔ေျပာလိုက္ရင္ ကိုယ္က နတ္ႀကီးျဖစ္ေနျပန္ဦးမယ္။ အဲလိုေျပာလို႔လဲ မျဖစ္ျပန္ဘူး။ဒဲ့ေျပာတာပဲေကာင္းပါတယ္ေလ။

၂၀၁၆ ခုႏွစ္က က်ေနာ္ေရးထားတဲ့ ပို႔စ္ တစ္ခုကိုကို ျပန္ရွယ္ၿပီး က်ေတာ္ကိုတိုက္ခိုက္ေနၾကတယ္ဆိုတာ က်ေနာ့္မိတ္ေဆြစစ္ေတြ၊ ပရိသတ္စစ္စစ္ေတြက ေျပာလို႔က်ေနာ္သိရတယ္။

နဂိုကတည္းကလည္း FB အသုံးနည္းတယ္။ FB က က်ေနာ့္ကမာၻမဟုတ္ဘူး။ က်ေနာ္ ဝင္လည္းမၾကည့္ဘူး။ ရွင္းလည္းမရွင္းဘူး။ မရွင္းဘူးဆိုတာ ရွင္းစရာမလိုလို႔ မရွင္းဘူးဆိုတာ ရွင္းရွင္းေလးပါ။

မရွင္းပဲေနေတာ့ ” အိပ္ေပ်ာ္ေနတာလား၊ေၾကာက္ေနတာလား၊ ေသေနၿပီလား ” မ်ိဳးစုံပါပဲ။ ေဟာ ထရွင္းၾကည့္လိုက္ေလ ” အိပ္ေနရာက နိုးလာၿပီ၊ မေနနိုင္လို႔ထြက္လာၿပီ ၊ ေၾကာက္လို႔ထြက္ရွင္းၿပီလို႔ ” ေျပာၾကဦးမယ္။ ခုလည္းမရွင္းပဲ ေနေနတာပါ။ အမွန္ကိုသိတဲ့ လူေတြက စာေတြပို႔ၿပီး ရွင္းေပးပါဆိုလို႔ ရွင္းရပါဦးမယ္။ ၂၀၁၆ က ကိစၥမို႔ ၂၀၁၆ ကိစၥနဲ႕ပဲအရင္ရွင္းပါ့မယ္။

လူတစ္ေယာက္က စာေရးတဲ့အခါ ျဖစ္ေပၚေနတဲ့ အခ်ိန္ကာလနဲ႕ ခံစားမႈေပၚမူတည္ပါတယ္။ အဲဒီအခ်ိန္က ေရးခဲ့တဲ့စာနဲ႕ ခံစားမႈ႕ကို ခု ၂၀၂၁ မွာ ဘာလို႔မေရးတာ ဆိုေတာ့ ရွင္းရွင္းေလးပါပဲ ခံစားခ်က္မတူလို႔ပါ။ဟုတ္ၿပီ ပြင့္ပြင့္လင္းလင္း‌ပဲ ေျပာၾကပါစို႔။

၂၀၁၅ ေ႐ႊးေကာက္ပြဲတုန္းက NLD အစိုးရကိုမဲေပးခဲ့တယ္။ ကိုယ္တိုင္ေ႐ြးခ်ယ္ခဲ့တဲ့ အစိုးတစ္ရပ္ျဖစ္လာခဲ့တယ္။ ျပည္သူတစ္ေယာက္အေနနဲ႕ ၂၀၁၅ မတိုင္ခင္က အစိုးနဲ႕ ႏွိုင္းယွဥ္ခဲ့တယ္။ ဒါကလည္း လူ႕သဘာဝပဲေလ။ ကိုယ့္အစိုးရျဖစ္လာေတာ့မွ ေဈးေတြတက္လာတယ္။ ဒါကိုအားမလိုအားမရျဖစ္ၿပီး ေရးတယ္။

ျပည္သူတစ္ေယာက္ေနနဲ႕ ေအာ္တယ္။ ဒါဘာျဖစ္လည္း။ အဲဒီ့ကတည္းက က်ေနာ့္ကိုဝိုင္းဆဲၾကတယ္။ အဲဒီ့ကတည္းက ပို႔စ္ကိုဖ်က္ခဲ့လို႔ရတယ္။ က်ေနာ္မဖ်က္ခဲ့ဘူး။

ေနာက္တစ္ခုက YBS ေတြလုပ္ေတာ့ လူသြားပလက္ေဖာင္း ေတြေပၚမွာ bus လမ္းၫႊန္ေတြ လိုက္စိုက္တယ္။ စိုက္တာကလူသြားလမ္းမအလည္တဲ့တဲ့မွာ စိုက္ခ်င္သလိုစိုက္ခဲ့ၾကတယ္။ ေအာက္ေျခက ဝန္ထမ္း‌ေတြကေတာ့ ခိုင္းရင္လုပ္မွာပဲ။

ဒါကိုအေပၚကလူက စည္းစနစ္တက် ခိုင္းဖို႔လိုတယ္ ျမင္လို႔ ျပည္သူတစ္ေယာက္အေနနဲ႕ ေထာက္ျပခဲ့တယ္ဒါလည္းဝိုင္းဆဲၾကျပန္တာပဲ။

( ဆဲတဲ့လူတိုင္းကို ျပန္ဆဲရေအာင္ က်ေနာ့္မိဘကမဆုံးခဲ့တာမွ မဟုတ္တာေလ )။အဲဒီ့မွာ က်ေနာ္အသိတစ္ခုရခဲ့တယ္။ လူႀကီးေတြကိုယ္တိုင္က ကိုယ္တင္တဲ့ အစိုးရ၊ ကိုယ္ေ႐ြးခ်ယ္တဲ့ အစိုးရကိုယ္ေဝဖန္ပိုင္ခြင့္၊ အျပစ္တင္ခြင့္၊ ေတာင္းဆိုပိုင္ခြင့္ရွိတယ္လို႔‌ေျပာခဲ့ေပမယ့္ မေတာင္းဆိုရဲ မေဝဖန္ရဲတဲ့ နိုင္ငံမွာက်ေနာ္တို႔ေနေနရတယ္ဆိုတာပါပဲ။

ကမာၻကို မွီဖို႔မေျပာနဲ႕ မယွဥ္နဲ႕ ကိုယ့္နိုင္ငံတြင္းမွာ ရွိတဲ့ ရန္ကုန္နဲ႕ မႏၲေလးပဲ ယွဥ္ၾကည့္စမ္းပါ။ NLD အစိုးရလက္ထက္မွာ မႏၲေလးၿမိဳ႕ႀကီး ဘယ္ေလာက္တိုးတက္လာခဲ့လည္း။

ရွင္းရွင္းေလးပဲ။ျပည္သူေတြေျပာတဲ့ အသံကိုနား ေထာင္တယ္။ ေဝဖန္တာကိုလက္ခံတယ္။ မႏၲေလးက်ဳံးအျပင္ဘက္ စတီးအကာေတြကာတာကအစ ျပည္သူ႕ကိုခ်ၿပီး ျပည္သူ႕အႀကိဳက္ကို လိုက္ၿပီး အေကာင္းဆုံးျဖစ္ေအာင္ plan ခ်ၿပီး လုပ္ခဲ့တယ္။ ဒါကဥပမာပဲ။

ကိုယ္ေ႐ြးခ်ယ္ခဲ့တဲ့ အစိုးရ ဘာလုပ္လုပ္မွန္တယ္ ဆိုၿပီး ဇြတ္မွိတ္ေထာက္ခံေနသမွ် က်ေနာ္တို႔နိုင္ငံ ဘယ္ေတာ့မွ မတိုးတက္နိုင္ပါ။

အဲလိုဘာလုပ္လုပ္မွန္တယ္ဆိုၿပီးဇြတ္မွိတ္ေထာက္ခံေနတဲ့အထဲမွာ က်ေနာ္မပါခဲ့ဘူး။

ဒါေပမယ့္ အဲလို ေဝဖန္တာကို ဝိုင္းဆဲၾကလို႔ ခံခဲ့ရၿပီးေနာက္ပိုင္း ဘယ္ေတာ့မွ နိုင္ငံေရးအေၾကာင္း မေျပာေတာ့ဘူးလို႔ ဆုံးျဖတ္ခဲ့တယ္။

ခုေျပာေနတာေတြက ၂၀၁၆ ကကိစၥနဲ႕ ပက္သတ္ခဲ့တဲ့အေၾကာင္းေတြပဲ။ ကိုယ္ေရးခဲ့တဲ့ ပိုစ့္နဲ႕ ပက္သတ္ၿပီး ဖ်က္ဖို႔ ဝိုင္းေျပာၾကတယ္။

ကိုယ္မွန္တာ ေရးခဲ့အတြက္ ဖ်က္ဖို႔စိတ္ကူးမရွိပါဘူး။ေနာက္တစ္ခုရွိပါေသးတယ္ NLD ပါတီကို မေထာက္ခံတဲ့ သူေတြရွိတယ္။

ေထာက္ခံတဲ့သူေတြ ဒုနဲ႕‌ေဒးရွိတယ္။ဘာပါတီမွ မေထာက္ခံတဲ့ သူေတြရွိတယ္။ ဒါကို NLD ပါတီကိုမေထာက္ခံတဲ့ သူကို ရန္သူလိုသေဘာထားတဲ့ လူတစ္စုရွိတယ္။

ဘယ္ပါတီမွ မေထာက္ခံေတာ့လည္း ၾကားေနလို႔ ေျပာၾကျပန္တယ္။ ခုလည္း က်ေနာ့္ကို ၂၀၁၆ ကပို႔စ္နဲ႕ပက္သတ္ၿပီး အဘေဘာမ တို႔ဘာတို႔ေျပာၾကပါတယ္။ ေျပာခ်င္တာေျပာ က်ေနာ္ ဂ႐ုမစိုက္ပါဘူး။

ကိုယ္မဟုတ္တာ ကိုယ္သိေနတဲ့အတြက္ မခံစားဘူး။ ‌ေခတ္အဆက္ဆက္ အစိုးရအဆက္ဆက္ ဖုန္းတစ္လုံး ေျမတစ္ကြက္ မေတာင္းဖူးဘူးဆိုတာလည္း ေျပာထားဘူးတယ္။

ခုခ်ိန္ထိ ဖိုးေသာၾကာမွာ ကိုယ္ပိုင္အိမ္မရွိဘူး။ အဘေဘာသာမခဲ့ၿပီး တက္လာသမွ် အစိုးရကို ကပ္ခဲ့ရင္ေတာ့ ဖိုးေသာၾကာ ခ်မ္းသာတာၾကာလွေပါ့။