ဝဋ်လည်နေတာလေးကြည့်ကောင်းလို့ ဆိုကာ နေဒွေးရဲ့ ပို့စ်အောက်မှာ ခံစားချက်တချို့ကို ထိထိမိမိ ဝင်မန့်လိုက်တဲ့ ဆောင်းယွန်းစံ

Unicode

ဝဋ်လည်နေတာလေးကြည့်ကောင်းလို့ ဆိုကာ နေဒွေးရဲ့ ပို့စ်အောက်မှာ ခံစားချက်တချို့ကို ထိထိမိမိ ဝင်မန့်လိုက်တဲ့ ဆောင်းယွန်းစံ…

ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ အနုပညာလောကမှာ မော်ဒယ်လ်မင်းသမီးအနေနဲ့ အချိန်အတော်ကြာအောင် လျှောက်လှမ်းခဲ့ပြီးနောက် ( ၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေရင်ထဲကို ပိုမိုရောက်ရှိစေခဲ့တဲ့သူပါ။ ဒါ့အပြင် အမြဲအလှူရေစက်လက်နဲ့မကွာအောင် ရရင်ရသလို လှူဒါန်းလေ့ရှိတဲ့ မင်းသမီးလေးလည်း ဖြစ်ပါတယ်။

လတ်တလောမှာလည်း ဂယက်ထခဲ့တဲ့ မင်းသမီးနှစ်လက်ဖြစ်တဲ့ မေပန်းချီနဲ့ ဘေဘီမောင်တို့ နှစ်ယောက်ရဲ့ ပြဿနာအပေါ် သူမနဲ့ပြဿနာထြစ်ဖူးခဲ့တဲ့ဘေဘီမောင်နဲ့ပတ်သက်ပြီး သူမရဲ့ရင်တွင်းခံစားချက်ကို သူငယ်ချင်းဖြစ်သူနေဒွေးရဲ့ပိုစ့်မှာ မှတ်ချက်ဝင်ပေးကာ ဖော်ပြခဲ့တာပါ။

ဘေဘီမောင်ရဲ့ ညီမဖြစ်သူ သံစဉ်မောင်နဲ့ပြဿနာအကြီးအကျယ်တက်ခဲ့ဖူးတဲ့ နေဒွေးကတော့ ဝဋ်ဆိုတာ ကောင်းကောင်းကြီးလည်တတ်တာပဲဆိုတဲ့ စကားလေးနဲ့ ပိုစ့်တင်လာတဲ့အပေါ်မှာ ပြဿနာထဲပါဝင်ခဲ့ရတဲ့ဆောင်းယွန်းစံကလည်း ” ဝဋ်လည်နေတာလေးကြည့်ကောင်းလို့”ဆိုတဲ့စကားနဲ့ မှတ်ချက်ပေးခဲ့တာပါ။

လက်ရှိမှာတော့မင်းသမီးနှစ်ယောက်ရဲ့ ပြဿနာအပေါ် ပရိသတ်တချို့ကလည်း မေပန်းချီဘက်ကပါဝင်ခဲ့ကြသလို ဘေဘီမောင်တို့ညီအစ်မနှစ်ယောက်နဲ့ ပြဿနာတက်ခဲ့ဖူးတဲ့အနုပညာရှင်များဟာလည်း သူတို့ရဲ့ခံစားချင်တွေကို ဖွင့်ဟလာကြတဲ့သူတွေအထဲမှာ

ဆောင်းယွန်းစံလည်း ပါဝင်ခဲ့တာပါပဲနော်။ ပရိသတ်ကြီးလည်း ဆောင်းယွန်းစံရဲ့မှတ်ချက်အပေါ်အမြင်လေးကို ဝေမျှခဲ့ပါဦးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးအားလုံး ကျန်းမာပျော်ရွှင်ကြပါစေနော်။
Source : Saung Yoon San Crd CeleKhitThit

Zawgyi





