ဗိုက်ခွဲထားတဲ့ ကြားက ယိုင်တိုင်တိုင်နဲ့ လမ်းမမှာ ရုန်းကန် ရှာဖွေလုပ်စားနေရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အဖြစ်ကို ပြောပြရင်း ကူညီမှုတွေ လုပ်ပေးခဲ့တဲ့ မိုးစက်

Unicode

မိုးစက်က လတ်တလောမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေ သူတစ်ယောက်ပါ ။

မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ် ။

အခုလည်း ဗိုက်ခွဲထားတဲ့ ကြားက ယိုင်တိုင်တိုင်နဲ့ လမ်းမမှာ ရုန်းကန် ရှာဖွေလုပ်စားနေရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အဖြစ်ကို တွေ့ပြီး လူသားချင်း စာနာစိတ်နဲ့ ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်

သူရဲ့အိမ်ရှေ့မှာ စပါးတွဲ ရောင်းတာ အော်သံကြားလို့လှမ်းကြည့်ရင်း ဒယိမ်းဒယိုင်နဲ့ စပါးတွဲတွေ ထမ်းပြီး ရောင်းနေတဲ့ သားအမိနှစ်ယောက်ကို တွေ့လိုက်ရတယ်လို့ဆိုပါတယ် ။ 

ဒီသားအမိကို မြင်ပြီး မကြည့်ရက်တာကြောင့် အကြောင်းစုံကို ခေါ်ယူမေးမြန်းရာ ” ” ဆေးဖိုးနဲ့ သားလေးအတွက် စားဖို့ရှာနေရတာလေ သားရယ် အလုပ်လုပ်မှ ပိုက်ဆံရမှာတဲ့ ဘယ်ကလာတာလဲ မေးလိုက်တော့ လှိုင်သာယာ သမာကုန်း ကျွန်းကြီးရွာကတဲ့ တောင်ဒဂုံ အထိ လိုင်းကားစီးပြီး  လာရောင်းတာတဲ့ဗျာ…။

ပြောပြစရာစကားလုံးတွေ မရှိတော့ပါဘူး။ အဒေါ်ကြီး စပါးတွဲတွေ ဆက်ထမ်းနေရမှာစိုးလို့ စပါးတွဲ အကုန်လုံးကို ၇သောင်း ကျပ် ပေးပြီး ဝယ်လိုက်ပါတယ်။ သူတို့သားအမိဒီနေ့ အိမ်ကိုစောစောပြန်လို့ရပြီပေါ့။ လူတိုင်းလူတိုင်း အိမ်အပြန်လမ်းတွေ သာယာလှပကျပါစေဗျာ…” ရေးသားဖော်ပြထားရာ မိုးစက်ရဲ့ စိတ်လေးကို လေးစားမိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Photo – Moe Sat 

Zawgyi

မိုးစက္က လတ္တေလာမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ အႏုပညာသမားေတြကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ေပးေန သူတစ္ေယာက္ပါ ။

မိုးစက္က ကိုယ္တိုင္လည္း ရရွိတဲ့ အႏုပညာေၾကးေလးေတြစုေပါင္းၿပီး လႉဒါန္းသလို အမ်ားစုေပါင္းအလႉေတြမွာလည္း လုပ္အားဒါနေတြကူညီေလ့ရွိပါတယ္ ။

အခုလည္း ဗိုက္ခြဲထားတဲ့ ၾကားက ယိုင္တိုင္တိုင္နဲ႕ လမ္းမမွာ ႐ုန္းကန္ ရွာေဖြလုပ္စားေနရတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ အျဖစ္ကို ေတြ႕ၿပီး လူသားခ်င္း စာနာစိတ္နဲ႕ ကူညီမႈေတြ ျပဳလုပ္ခဲ့ပါတယ္

သူရဲ႕အိမ္ေရွ႕မွာ စပါးတြဲ ေရာင္းတာ ေအာ္သံၾကားလို႔လွမ္းၾကည့္ရင္း ဒယိမ္းဒယိုင္နဲ႕ စပါးတြဲေတြ ထမ္းၿပီး ေရာင္းေနတဲ့ သားအမိႏွစ္ေယာက္ကို ေတြ႕လိုက္ရတယ္လို႔ဆိုပါတယ္ ။ 

ဒီသားအမိကို ျမင္ၿပီး မၾကည့္ရက္တာေၾကာင့္ အေၾကာင္းစုံကို ေခၚယူေမးျမန္းရာ ” ” ေဆးဖိုးနဲ႕ သားေလးအတြက္ စားဖို႔ရွာေနရတာေလ သားရယ္ အလုပ္လုပ္မွ ပိုက္ဆံရမွာတဲ့ ဘယ္ကလာတာလဲ ေမးလိုက္ေတာ့ လွိုင္သာယာ သမာကုန္း ကြၽန္းႀကီး႐ြာကတဲ့ ေတာင္ဒဂုံ အထိ လိုင္းကားစီးၿပီး  လာေရာင္းတာတဲ့ဗ်ာ…။

ေျပာျပစရာစကားလုံးေတြ မရွိေတာ့ပါဘူး။ အေဒၚႀကီး စပါးတြဲေတြ ဆက္ထမ္းေနရမွာစိုးလို႔ စပါးတြဲ အကုန္လုံးကို ၇ေသာင္း က်ပ္ ေပးၿပီး ဝယ္လိုက္ပါတယ္။ သူတို႔သားအမိဒီေန႕ အိမ္ကိုေစာေစာျပန္လို႔ရၿပီေပါ့။ လူတိုင္းလူတိုင္း အိမ္အျပန္လမ္းေတြ သာယာလွပက်ပါေစဗ်ာ…” ေရးသားေဖာ္ျပထားရာ မိုးစက္ရဲ႕ စိတ္ေလးကို ေလးစားမိတာေၾကာင့္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။
Photo – Moe Sat