ခံဝန်မထိုးပဲထောင်ထဲမှာပဲနေမယ်ဆိုတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့သတင်းမှားတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလာတဲ့ မေတိုးခိုင်

Unicode

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သရုပ်ဆောင်ပြေတီဦးနဲ့အူဝဲကတော့ ပြည်သူနဲ့အတူအမှန်တရားဘက်ကရဲရဲဝင့်ဝင့်ရပ်တည်ပေးခဲ့လို့မတရားဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာပြေတီဦးနဲ့အူဝဲက ပြန်လွတ်အောင်ခံဝန်ကတိထိုးတာကိုငြင်းဆန်ခဲ့တဲ့လို့သတင်းတွေပြန့်နေပြီးမေတိုးခိုင်ကလည်း သတင်းမှားသာဖြစ်ကြောင်းနဲ့အူဝဲရဲ့အစ်မဖြစ်သူကလည်းအခုလိုရှင်းပြလာပါတယ်။

မောင်လေး ပြေတီဦးနဲ့ ညီမအိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေ အမြဲတက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့အနုပညာကို တန်ဖိုးထားပြီးချစ်ပေးတဲ့ ပရိတ်သတ်တွေအနေနဲ့ မိသားစုကတင်တဲ့သတင်းကလွဲလို့ ဘယ်သတင်းမှမယုံကြဖို့

Followers များတဲ့ account တွေအနေနဲ့လည်း မိသားစုကအတည်မပြုပဲသတင်းများမတင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

အကြောင်းအရာ အမှားတွေဟာ ကာယကံရှင် မိသားစုကိုထိခိုက်နစ်နာစေလို့ပါ။ အိမ်မှာကျန်ခဲ့တဲ့ ကလေးလေးတွေကိုလည်း ငဲ့ညှာသောအားဖြင့် ကူညီပေးကြပါ။
Credit

Zawgyi





Credit